Ep 1❤️(Zawgyi)

357 9 0
                                    

                     

              သားမသွားဘူး...ဒေါ်လေး ။သား ဒေါ်လေးနဲ့ဘဲ နေမှာ။သားသွားမှာမဟုတ်လို့
ဒေါ်လေး မဖျောင်းဖျပါနဲ့။

"နန်းချိုင်"သား...မသွားလို့မရဘူး။သားဖေဖေက
ခေါ်နေတာလေ။သွားကို သွားရမယ်....။

"ရှောင်ကျန့်" ဖေဖေ....ဟုတ်လား။မေမေဆုံးသွား‌တာ တောင်လာမကြည့်တဲ့ လူကို ဖေဖေလို့
ခေါ်ဖို့ တန်ရဲ့လား။သား ဘဝမှာ ဖေဖေ ဆိုတာ
သေသွားတာ ကြာပြီ။‌နောက်ဆို  သူ့အကြောင်းကို  သားရှေ့မှာ  ဘယ်တော့မလာမပြောပါနဲ့။သားမကြားချင်ဘူး။

"နန်းချိုင်" သား မသွားချင်လည်း သွားရမယ်။

"ရှောင်ကျန့်"ဒေါ်လေး...။သားမသွားဘူး....။သားမြန်မာပြည်ကနေ ဘယ်မမသွားဘူး။

"နန်းချိုင်"စိုင်းဝေယံ.....မင်းမသွားရင် ငါ့ကို ဒေါ်လေးလို့ ခေါ်စရာမလိုတော့ဘူး။မင်းလည်းသွားချင်ရာသွား....။

"ရှောင်ကျန့်"ဒေါ်လေး အဲ့လိုမလုပ်ပါနဲ့။သားသွားဆိုသွားပါ့မယ်။ဒါပေမဲ့ သားကို တစ်ပတ်လောက်
ဒေါ်လေးနဲ့ နေချင်သေးတယ်။တစ်ပတ်ပြည့်ရင်
သား တရုတ်ပြည်ကို သွားပါ့မယ်နော် ဒေါ်လေး။

‌"နန်းချိုင်" အင်းပါ....(ဒေါ်လေး သားကို မချစ်လို့
မဟုတ်ပါဘူး။သားကို ဆင်းဆင်းရဲရဲနဲ့ မနေစေချင်လို့ပါ။ဟိုမှာ သားဖေဖေနဲ့ နေရင် သားကောင်းကောင်းနေရမှာပါ။)သွား နားတော့လေ။

"ရှောင်ကျန့်"ဟုတ်ကဲ့....ဒေါ်လေး။

        (ကျွန်တော်က  စိုင်းဝေယံ ပါ။မေမေ ရှမ်းလူမျိုး တစ်ယောက်ပါ။မေမေနဲ့နေရတဲ့ အချိန်တွေက အရမ်းပျော်ရွှင်ဖို့ကောင်းတယ်။မေမေ
ကပြောဖူးတယ် ....ကျွန်တော့် ဖေဖေက တရုတ်လူမျိုးတစ်ယောက်တဲ့။

          ကျွန်တော်ပျော်ခဲ့တယ်။ငါ့မယ်လည်း သူများတွေလို ဖေဖေ ရှိတယ်ပေါ့။ပြီးတော့ ဖေဖေ မျိုးရိုးပါတဲ့ တရုတ်နာမ်မည် လှလှလေးလည်း ဖေဖေက မှည့်ပေးထားတယ်။ဖေဖေ မှည့်ပေးထားတဲ့ ကျွန်တော့် နာမ်မည်က ရှောင်းရှောင်ကျန့် တဲ့။

             ကျွန်တော် ဖေဖေ့ကို ချစ်တယ်။ဖေဖေ ကျွန်တော်တို့ သားမိကို လာခေါ်‌မယ့်နေ့ကို စောင့်နေမိတယ်။အချိန်တွေသာ ကြာသွားခဲ့တယ် ဖေဖေက  ပေါ်မလာခဲ့ဘူး။မေမေလည်း ဖေဖေ့
စိတ်နဲ့ အိပ်ယာထဲ ခဲ့တယ်။

အချစ်နတ်ဆိုး⛔Where stories live. Discover now