ဒီနေရာကို ဘာလို့ရောက်လာတာလဲ။
စန်း KH Groupရဲ့ ကုမ္ဗဏီရှေ့မှာ ငူငူကြီးရပ်နေမိသည်။ကုန်တိုက်မှာ မေမေ့အတွက် အင်္ကျီဝယ်ပေးရင်း မေမေတို့အိမ်ကို ဝင်ကာ ထမင်းလက်ဆုံစားခဲ့သည်။ထမင်းစားပြီးတာနဲ့ ရုံရုံလေးကို ခဏကြည့်ပေးထားပါဆိုပြီး မေမေ့ဆီမှာ အပ်ကာ ဒီနေရာကို ထွက်လာခဲ့သည်။
ဆေးရုံကို သွားထားပြီးတဲ့နောက်ပိုင်း ခက်ထန်နှင့် မတွေ့ဖြစ်ခဲ့ပေ။သူ့ ခေါင်းထဲမှာ အတွေးပေါင်းစုံနှင့် ရှုပ်နေတာကြောင့်လည်း ပါမည်။ဟိုတနေ့က ခက်ထန်အမေ ဒေါ်ယဉ်မာနှင့် တွေ့ပြီးနောက်ပိုင်း ပိုဆိုးလာသည်။သူ ငြင်းလိုက်တာနဲ့ အယ်လ်ဖာဖြစ်တည်မှုကို လက်လွှတ်လိုက်ရမယ့် ခက်ထန်ကြောင့် ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့။
ခက်ထန်ရဲ့ ဘာဖြစ်ဖြစ် အဆင်ပြေတယ်ဆိုပြီး ခံယူထားတဲ့ စိတ်ကိုလည်း သူ သေချာသိသည်။ဒါပေမယ့်လည်း ခက်ထန်အတွက် ရေလိုပေါနေတဲ့ အိုမယ်ဂါတွေထဲ တစ်ယောက်အဖြစ်နဲ့တော့ သူ မဖြစ်ချင်ခဲ့တာတော့ အမှန်ပါ။
"ချစ်တယ်"
စမတ်လည်းမကျ၊ရိုမန်တစ်လည်း မဖြစ်တဲ့ ဒီဘာမဟုတ်တဲ့ စကားလေး နှစ်လုံးကြောင့် သူ့စိတ်တွေ ယိုင်သွားခဲ့ရတယ်လို့။အခုချိန်ထိ မြင်တွေ့ခဲ့ရတဲ့ ခက်ထန်ရဲ့ပုံစံတွေထဲမှာ မရှိခဲ့တဲ့ ပုံစံတစ်ခုကို သူမြင်လိုက်ရလို့ စိတ်ယိုင်သွားတာများလား။ရယ်စရာတော့ကောင်းသား။
ရိုးရှင်းစွာနဲ့ ဖွင့်ပြောလိုက်တဲ့စကားလေးတစ်ခွန်းမှာ ခက်ထန်ရဲ့အချစ်တွေ၊မေတ္တာတွေ အပြည့်အဝပါဝင်နေခဲ့သည်။ထိုပြည့်လျှံနေတဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာက သူ့ရင်ထဲထိပါ ဝင်ရောက်လာတာတော့ တကယ်ထူးဆန်းနေခဲ့သည်။ဒါက သူများတွေ ပြောပြောနေတဲ့အချစ်ဆိုတာများလား။သူ သေချာတော့မသိပါ။
သူငယ်ချင်းမဟုတ်ဘဲ ချစ်သူတစ်ယောက်အဖြစ်နဲ့.....ခက်ထန်။
ဖြစ်နိုင်ပါ့မလား။ဒီကောင်နဲ့ တစ်ခြားသူတွေလို ရိုးရိုးရှင်းရှင်းလေး တွဲလို့ရော ဖြစ်ပါ့မလား။Lobbyမှာ ရပ်ပြီး အတွေးနယ်ချဲ့နေတုန်း ဓာတ်လှေကားထဲက ခက်ထန် ထွက်လာသည်ကို မြင်လိုက်ရသည်။ရုံးဆင်းချိန်မို့လို့ ကုမ္ဗဏီမှာမရှိရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူနေမိတာ အခုထိ ရုံးမဆင်းရသေးတဲ့ပုံပင်။တော်ပါသေးရဲ့....။
YOU ARE READING
You're My One & Only (ABO OC) Complete
Romance"မွေးတဲ့ရနံ့လေးရနေတယ်" "ထွက်သွားတော့ .....အခု" မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုကြောင့်တစ်ညတာကို အတူတူဖြတ်သန်းမိသွားတဲ့ သူတို့နှစ်ယောက်။ငယ်သူငယ်ချင်းသံဃောဇဉ်ကနေ အချစ်အဖြစ် ဘယ်လိုပြောင်းလဲသွားမလဲ။ဒီမမျှော်လင့်ထားတဲ့အခြေအနေကြောင့် စန်းရဲ့ဘဝလေးကရော ဘယ်လိုပ...