#Unicode
ညနေခင်း နေဝင်ချိန်တစ်ခုတွင် A မြို့တော်၏ ကောင်းကင်ယံသည် ပုစွန်ဆီရောင်သန်းကာ တိမ်တိုက်အနားသတ်လေးများက ရွှေရောင်တောက်ပလျှက်ရှိသည်။ တုနှိုင်းမမှီတဲ့ သဘာဝရဲ့ ပန်းချီကားတစ်ချပ်ပင်။ နေဝင်လာသည်နှင့်အမျှ သဘာဝအလင်းရောင်ကလည်း အားလျော့လာခဲ့ချေပြီ။ ဖွံ့ဖြိုးတိုးတက်တဲ့ မြို့ပြတစ်ခုရဲ့ အင်္ဂါရပ်နဲ့အညီ လျှပ်စစ်မီးရောင်စုံများက တစ်မြို့လုံး ထိန်ထိန်ညီးလို့လင်းလက်လာသည်။ လုပ်ငန်းခွင်မှ ပြန်လာသူများ၊ မုန့်ထွက်စားကြသူများ၊ အပန်းဖြေသူများ၊ ညဆိုင်းလုပ်ငန်းခွင်သို့ဝင်ရန်သွားနေကြသူများစသည်ဖြင့် Aမြို့လေးဟာ စည်ကားသိုက်မြိုက်လို့နေပေသည်။ နေ့နှင့်ညသည် Aမြို့လေးအတွက်တော့ ခြားနားမှုမရှိသည့်အလားပင် … ကားကြီး၊ ကားငယ်များ၊ လျှပ်စစ်ရထားများကလည်း ဥဓဟိုသွားလာလျှက်ရှိပေသည်။
ထိုအချိန်တွင် ရုတ်တရက် မှိုင်းညို့မှောင်လာလေသည့် ကောင်းကင်ပြင်က မကြာခင်လေပြင်းတိုက်လာတော့မည့် ရှေ့ပြေးလက္ခဏာတစ်ခုလိုပင်။ မကြာခင်ပင် ကောင်းကင်အနှံ့ မိုးခြိမ်းသံများနှင့် မိုးလေပြေးလာသံများကို တဝေါဝေါ ကြားရကာ မိုးစက်မိုးမှုန်လေးများက ထက်ကောင်းကင်ယံကကြွေကျလာပြီး A မြို့လေးပေါ်သို့ အရှိန်အဟုန်ဖြင့် သက်ဆင်းလာခဲ့သည်။ A မြို့၏ အထင်ကရ ကြိုးတံတားကြီးကတော့ လေပြင်းနှင့် မိုးစက်များကြားတွင် ခန့်ခန့်ညားညား ထီးထီးကြီး ရပ်တည်လျှက်ရှိသည်။ တံတားဘေးပတ်ပတ်လည် ထွန်းညှိထားသော မီးရောင်စုံများက တံတားကြီးကို ပိုထည်ဝါအောင် အားဖြည့်ပံ့ပိုးပေးလျှက်ရှိသည်။
တံတားအနီးရှိ မိုးမြင့်တိုက်ကြီးရဲ့ ခေါင်မိုးထက်တွင်မူ လူတစ်ယောက်ရပ်လို့နေလေသည်။ ခေါင်းစွပ်ပါသည့် အနက်ရောင် long coat တစ်ထည်ကို ဝတ်ဆင်ထားပြီး သည်းထန်စွာရွာသွန်းနေသည့် မိုးစက်မှုန်များက ထိုသူ့ကို ထိခိုက်မှု မရှိစေသည့်အလား သူ့အကြည့်များကို တံတားကြီးထက်သို့သာ ပို့လွှတ်ထားခဲ့သည်။ နက်စွေးနေသည့် long coat လက်ရှည်ဖျားမှ ထွက်ပေါ်နေသည့် ထိုသူ့လက်များက သွေးဆုတ်ကာ ဖြူရော်လျှက်ရှိသည်။ လွန်းအိမ်ပုံသဏ္ဍာန်မျက်ဝန်းရှည်များက လှပလွန်းသော်လည်း ထိုမျက်ဝန်းတို့က ကာရံထားသည့် မျက်ဆံနက်များကတော့ ရေသေအိုင်အလား တည်ငြိမ်ကာ အေးစက်နေသည်။ ဖြောင့်စင်းခိုင်မာနေသည့် နှာတံအောက်ရှိ နှုတ်ခမ်းများက သွေးဆုတ်ဖြူရော်နေပေသည်။ နဖူးပေါ်မှာ ခပ်ဝဲဝဲကျနေတဲ့ ဆံနွယ်လေးတစ်ချို့က ထိုသူ့ကို ဆွဲဆောင်မှုပိုစေသည်။ အေးစက်စက် အငွေ့အသက်များကို ထုတ်လွှတ်နေတဲ့ ထိုလူက နတ်ရှုံးအောင် လှပလွန်းသည်ကိုတော့ ဝန်ခံရပေမည်။ နူးညံ့သိမ်မွေ့မှုနဲ့ ခက်ထန်ကြမ်းတမ်းမှု အစွန်းနှစ်ဖက်ကို ပေါင်းစည်းထားသည့်အလှတရာမျိုးပင်။ ထိုသူက တံတားထက်ကို လှမ်းကြည့်နေရင်းမှ သူ့နှုတ်ဖျားကနေ တိုးဖျဖျ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။
YOU ARE READING
The Angel of Death 💀
FantasyA love story between human and grim reaper. 💙 Book 2 of Avery's Feiyunxi Universe 💙