Chapter 2 ⛰️

92 20 4
                                    

#Unicode

Even if it was the wrong choice,
I will never regret it.

💙💙💙💙💙💙💙

လေပြေညှင်းသွဲ့တို့က တဖြူးဖြူးတိုက်ခတ်ကာ ရော်ရွက်ဝါတို့ကို သူနဲ့အတူသယ်ဆောင်ရင်း ကခုန် ပျော်မြူးလျက်ရှိသည်။ အဝေးမှ ပန်းရနံ့ သင်းဖြဖြကိုလည်း ဆောင်ယူလို့လာသည်။ ရာသီဥတုက မပူလွန်း မအေးလွန်း အင်မတန်ပင် သာသာယာယာရှိကာ ကျေးဌက်တို့ကလည်း သီဆိုမြူးတူးနေပေသည်။ သို့သော် ထိုသဘာဝ အလှတရားတို့ကို မခံစားနိုင်သော လူသားလေးနှစ်ယောက်က တောင်ထိပ်တစ်ခုပေါ်မှာ အတူယှဉ်ကာ ရပ်နေခဲ့သည်။

ထိုနှစ်ယောက်လုံးက အနက်ရောင်suit အပြည့်အစုံနဲ့ လက်အိတ်အဖြူတို့ကို ဝတ်ဆင်ထားပြီး မျက်ဝန်းတို့က ညိုးရော်ကာ အသက်မဲ့နေကြသလိုပင်။ ငိုကြွေးထားသည့်ဟန်ဖြင့် မျက်ခွံတို့ကမို့မောက်ဖောင်းကားနေလေ၏။

ထိုလူသားလေးနစ်ယောက်ကို မလှမ်းမကမ်းတစ်နေရာမှ ငေးမျှော်ကြည့်နေသော ဝိညာဉ်လေးတစ်ကောင်နဲ့အတူ ထိုဝိညာဉ်ကို ရိတ်သိမ်းရန် ရောက်ရှိနေသော သေမင်းတစ်ပါးလည်း ရှိနေခဲ့သည်။ သူတို့က လူသားနှစ်ယောက်ကို မြင်နိုင်စွမ်းရှိသော်လည်း လူသားတို့ကတော့ သူတို့ကို မြင်နိုင်ခြင်းငှာ မစွမ်းသာပေ။

ကြွေအိုးဖြူလေးကို ရင်ခွင်ပိုက်ထားသည့် လူသားကောင်လေးကို ငေးကြည့်နေသည် မိမိရိတ်သိမ်းရမည့် ဝိညာဉ်ကောင်လေးကို ကြည့်ကာ သေမင်းခမျာ စိတ်မရှည်ချင်တော့ပေ။

"ဝိညာဉ် လော်ယွင်ရှီး"

အသံပြုကာ ခေါ်လိုက်သော်လည်း ဝိဉာဉ်ကောင်ငယ်လေးရဲ့ အရေးလုပ်ခြင်းကို မခံရရှာပေ။ အကြည့်တို့က လူသားငယ်ဆီမှာပင် မြဲမြံနေပြီး ယိမ်းယိုင်သွားခြင်းမရှိ‌ပေ။ သေမင်းလည်း ပြောစရာရှိတာ ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။

"အဟမ်း... ငါက မင်းရဲ့ သေမင်းပဲ"

"အဲဒီ့တော့... "

အချေခံနေရတာမို့ သေမင်းမှာ ဆက်ပြောရမယ့်စကားတွေပင် နင်ချင်ချင်ဖြစ်သွားရသည်။

"ငါက မင်းဝိညာဉ်ကို ရိတ်သိမ်းပြီး afterlife ကို လမ်းပြ ပို့ဆောင်ပေးရမယ့်သူ"

The Angel of Death 💀Where stories live. Discover now