(Zawgyi)
Soo ကျောင်းသွားဖို့ ပြင်ဆင်ပြီး breakfast စားရန် အောက်ထပ်က ထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည်။ breakfast ဝိုင်းတွင် appa နဲ့ omma သာ ထိုင်နေပြီး ဟိုကောင်မလေးကို မတွေ့ရပေ။ soo လည်း coffee ကိုသာ အရသာခံကာ သောက်နေလိုက်သည်။
Breakfast စားပြီးသည့်တိုင် ကလေးမက ဆင်းမလာသေး။ ဒီကလေးမနဲ့တော့ခက်ပြီ။ စောင့်ရတာကို စိတ်မရှည်ပါဘူးဆိုကွာ။ soo အပေါ်တက်ကာ ကျောင်းစာအုပ်တွေကိုထည့်ပြီး နားကြပ်တပ်ကာ ကားထဲဝင်ထိုင်နေလိုက်သည်။
ဒါရိုက်ဘာ ဦးလေးကြီးက soo ကားထဲထိုင်လိုက်တာနဲ့ ကားစက်နိုးပြီး သွားရန်ပြင်လေသည်။
Soo: ဦးလေး Lee.....ဟိုကလေးမ မလာသေးဘူးနော်....
Driver Lee: မမလေးက နေမကောင်းလို့ ခွင့်တိုင်ခိုင်းထားပါတယ် သခင်မလေး....
ဒီကောင်မလေး ဟိုနေ့က နေပူကြီးထဲ ပန်းပင်တွေရေလောင်းလို့ အပူရှပ်ကြီး ဖျားပြီထင်တယ်။ အခုရော သက်သာရဲ့လားမသိ။ နေပါဦး....Kim jisoo နင်အခု သူ့ကိုစိတ်ပူနေတာလား။ အဟား....နင်ရူးသွားပြီပဲ။ အခြားသူကို စိတ်မပူတတ်တဲ့ငါက ဒီကလေးမကို စိတ်ပူနေတယ်တဲ့လား....နင်ရူးနေပြီ kim jisoo.....
@@@@@@@@@@@@
Soo ကားပေါ်ကဆင်းတာနဲ့ ကျောင်းပေါက်ဝမှာ စောင့်နေသော jen ကို တွေ့ရသည်။
Soo: ဒီနေ့စောလှချည်းလား mandu....
Jen: ဟုတ်တယ်....appa လိုက်ပို့တာ.....ညနေကျ ငါ့ကိုပြန်လိုက်ပို့နော် soo.....
Soo: အင်း....ရပါတယ်....
Jen နဲ့ soo စကားဟြေရင်း အခန်းဆီကို လျှောက်လာလိုက်သည်။ အခန်းထဲ ရောက်တော့ စိတ်ရှုပ်စရာ မြင်ကွင်းက ကြိုဆိုနေပြန်သည်။ သူမတို့နှစ်ယောက် ထိုင်ခုံရှေ့မှာ ဘယ်သူလာမှန်းမသိသော ပန်းစည်း နှစ်ခု။ soo က ပန်းစည်းကို မျက်မှောင်ကြုတ်ပြီး ကြည့်နေလေသည်။ jen လည်း ဒေါသထွက်ပြီး.....
Jen: ဒီပန်းစည်းနှစ်ခုက ဘယ်သူ့ဟာလဲ....
Jen ဟြေလိုက်ပေမယ့် အခန်းထဲက ကောင်တွေကတော့ အရေးမလုပ်သလို....
Jen: ဘာလဲ.....ထားတုန်းကထားပြီးတော့ အခုမှဘာကြောက်နေတာလဲ....
Mark: ဘာဖြစ်နေတာလဲ jen....