အချစ်ဘယ်ကစ

142 6 0
                                    


Unicode...

ကောင်းကင်ပြာကိုဘယ်သူများဆေးရောင်ခြယ်.......☁☁

ပန်းတွေကို ဘသူရနံ့လေး မွှေးစေတယ်🌸💦

ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ်.....🕊💭

တွေးမရဘူးကွယ်...တွေးမရဘူး...ရှင်ရယ်....

ခွန်းတယောက်မနက်ခင်းစောစော သီချင်းလေးငြီးပြီး အလုပ်လုပ်နေမိပါတယ်။
သူ့နာမည်ခွန်းသုတ...သူငယ်ချင်းတွေက
သူ့ကိုခွန်းတဲ့.....

ခွန်းက တက္ကသိုလ် first year ကျောင်းသားတယောက်....သူအချစ်ဆိုတာဘာမှန်းလဲ မသိဘူး သိလဲမသိချင်ဘူး.....

အချစ်ကိုမခံစားဘူးသေးတဲ့ခွန်းအတွက်....အချစ်ဆိုတာ တွေးရခက်လွန်းတယ်။

အို......သူတွေးနေတာနဲ့ကျောင်းနောက်ကျတော့မယ်။
ခွန်းလွယ်အိတ်ကောက်လွယ်ပြီ....
ကျောင်းကိုထွက်လာခဲ့တယ်.......

ဟော.....ကျောင်းပေါက်ဝမှာ စောင့်နေတဲ့ပိုင်မင်းခန့်...သူနဲ့က ငယ်ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့သူတွေ......
တယောက်အကြောင်းတယောက်သိ...

"ဟေ့ကောင်လာမြန်မြန်ကန်တင်းသွားမယ်ဗိုက်စာနေပြီ ဟ"

"ဟ..... မင်းကလဲကျောင်းရောက်ရင်ကန်တင်းသွားဖို့ပဲ ကျောင်းစာသင်လာတာလား မျိုဖို့လာတာလား မသဲကွဲဘူး"

"ဟဲသူငယ်ချင်းကလဲ မနက်စာမစားခဲ့ရလို့ပါ"

သူတို့ကန်တင်းကပြန်လာတာနဲ့အတန်းတက်ခဲ့တယ်......

တက္ကသိုလ်ကျောင်းသားဘဝကလဲမလွယ်လှပါဘူး......အို.....ဘာတဲ့ ဆယ်တန်းပြီး တက္ကသိုလ်ရောက် စာသိပ်မကျက်ရတော့ပါဘူးတဲ့ ဆရာမတွေကျွေးတဲ့ ဂျင်းစားလိုက်ရတာပဲ။

ဟော.....ကျောင်းဆင်းပြီး

"ငပိုင်ငါပြန်ပြီ bye bye"

"ခွန်းရလား အိမ်ပြန်ပို့ပေးမယ်လေ"

"ရတယ်ငါ busနဲ့ ပြန်မှာ "

"သေချာပြန် အိမ်ရောက်ရင် ငါ့ကိုဖုန်းဆက် ကြားလား "

နောက်က လှမ်းအော်နေသူကို ခွန်းကြားတယ်ဆိုတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။

𝐃𝐨 𝐘𝐨𝐮 𝐥𝐨𝐯𝐞 𝐦𝐞 ?❤︎Where stories live. Discover now