ဗီလိန်မိထွေးရဲ့ ညီမ (U)

704 69 26
                                    


ဖုန့်ကျောင်း မျက်လုံးပြူးကာ သူရရှိထားသော Dataကို ကြည့်နေမိ၏။တကယ်ကို midnight clubက ချန့်ချန့်အား လုပ်ကြံရန် ကြံစည်နေခဲ့တာဖြစ်ပြီး ဒီအတွက် သံသယကင်းလွန်းတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမည်လား၊စိတ်မချလွန်းတဲ့ fangrilလေး ရွယ်ရွယ်ကိုပဲ ကျေးဇူးတင်ရမည်လား သူမသိတော့။

"အကိုကျောင်း သံသယဖြစ်စရာ ဘာတွေ့လဲဟင်"

သူဖုန်းခေါ်သည်နှင့် တစ်ဖက်မှ စိတ်ပူနေပုံရသော မေးသံကို တန်းကြားရတော့သည်။

"အကို့ကို သတိပေးတာ ကျေးဇူးတင်ပါတယ် ရွယ်ရွယ်ရေ တကယ်ကို လုပ်ကြံမှုတစ်ခု ကြိုတင်ပြင်ဆင်ထားကြတာပဲ"

အနုပညာလောကဆိုတာ အမြဲတမ်း ရှုပ်ထွေး
ပွေလီတာ ဖြစ်၏။သို့သော်ငြား ဒီလိုမျိုး ဖိတ်ခေါ်ပြီး အုပ်စုလိုက် လုပ်ကြံတာကတော့ အရမ်းမနာလိုစိတ်များတာတို့ မုန်းတီးလွန်းတာတို့
ကြောင့်ပဲဖြစ်နိုင်သည်။ဖုန့်ကျောင်းတစ်‌ယောက်
ဖုန့်ချန့်ရဲ့ အနုပညာလမ်းကြောင်း တစ်လျှောက်ကို ပြန်တွေးကြည့်လိုက်သည်။

ချန့်ချန့်ရဲ့ ပုံစံကိုက သူစိမ်းတွေနှင့်ဆို  ရုပ်တည်လွန်းပြီး အလွယ်တကူ ခင်မင်ရင်းနှီးတတ်သူ မဟုတ်ချေ။ဒါပေမယ့် ၄င်းက သူ့ပင်ကိုယ်သဘာဝသာဖြစ်သည်။ဒီလို လုပ်ကြံမှု ဖြစ်စေတဲ့အထိ ဆိုးရွားလို့လား??ဖုန့်ကျောင်းမသိသော်လည်း ဒါက ဇာတ်ကြောင်းအရ ဇာတ်လိုက်တွေရဲ့ သဘာဝလွန်ကဲသော ဖြစ်ရပ်စတင်ရန်သာ ဖြစ်၏။

"အကိုကျောင်း အကို ဖုန်းကိုင်ထားသေးရဲ့လား ဟဲလို"

ဖုန်းထဲက အသံကြောင့် ဖုန့်ကျောင်း ချောင်းတစ်ချက် ဟန့်လိုက်ကာ

"ဆောရီး မေ့မေ့(ညီမလေး) အကို စိတ်ခဏ လွတ်သွားတာ ညီမကို ကျေးဇူးတင်ပါတယ်
တစ်ရက်ရက် တွေ့ကြတာပေါ့"

"ခဏလေးအကိုကျောင်း.....ညီမမေးချင်တာ ရှိလို့ အဲmidnight clubက တကယ်ပဲ ဘာကြံစည်တာလဲဟင်"

ဇာတ်ကြောင်းအရ သူမသိပြီးပေမယ့် ဖုန့်‌
ကျောင်းဘာသိရလဲဆိုတာ သိချင်သေးသည်။
ဖုန့်ကျောင်းက ချက်ချင်းပြန်မဖြေတာမို့ သူမ သံသယလွန်ကဲနေကြောင်း ပြရန် ဆက်ပြောလိုက်သည်။

𝗥𝗮𝗻𝗱𝗼𝗺 𝗚𝗮𝗺𝗲(Ơwղ Ƈɾҽαƭισղ)Where stories live. Discover now