part (13)

4.8K 507 62
                                    

Unicode

"ချစ်တယ် ကျွန်တော်hyungကိုချစ်တယ်"

Jungkookကချစ်တယ်တဲ့လား...
အခုဖြစ်နေတာတွေက တစ်ကယ်လား...ဒါမှမဟုတ်အိမ်မက်များလား...
ငါရူးတော့မယ် jungkook...
မင်းအရမ်းညို့ယူပြုစားလွန်းတယ်။

"hyung~"

တော်ပါတော့...အဲဒီခေါ်သံကြောင့်ပဲ ငါမူးမေ့ချင်နေတာမင်းသိရဲ့လား....
မင်းအပေါ်အရင်တည်းက ယိမ်းယိုင်နေတဲ့ငါ့နှလုံးသားကအခုတော့ထိန်းမရအောင်ခုန်ပေါက်နေခဲ့ပြီ။ မင်းရဲ့အသံ...နောက်ပြီးငါသဘောကျရတဲ့မင်းရဲ့ကိုယ်သင်းနံတွေရောကအခုချိန်ငါ့ကို ပြုစားနေတဲ့မှော်အစွမ်းတွေလိုပဲ။

"မျက်လုံးဖွင့်ကြည့်လေ"

"ဟင့်အင်း..."

Jungkookကမျက်လုံးဖွင့်ဖို့ပြောတော့ taehyungမှာတိုးလျှသောအသံလေးဖြင့် ခေါင်းခါငြင်း၏။ ဝင်းအိနေတဲ့ပါးပြင်ပေါ်မှာအနီရောင်သွေးကြောမျှင်သေးသေးလေးတို့ကထင်းနေအောင်ပေါ်ထွက်လာကြသည်။
ထိုသွေးကြောမျှင်လေးတို့ကို ရှက်သွေးကြော အဖြစ်သတ်မှတ်ရလျှင် ပါးပြင်တစ်ခုလုံးနီရဲနေတဲ့ taehyungကအရမ်းရှက်နေခဲ့ပြီမှန်းသိရသည်။အရှက်သည်းနေသောtaehyugကိုကြည့်ပြီးjungkookမှာသဘောကျစွာပြုံးလိုက်မိသည်။

မျက်လုံးတွေမှိတ်ထားပြီး အောက်နူတ်ခမ်းကိုဖိကိုက်ထားတဲ့hyungဟာသိပ်ကိုလှပလွန်းတယ်... သိပ်ကိုလှလွန်းတဲ့hyungက ကျွန်တော့်ရဲ့အနွေးဓာတ်ရောင်ခြယ်လေး...
ဘယ်လိုတွေတောင်ရှက်နေလိုက်တာလဲhyungရယ်...

"ဘာလို့လဲhyung ရှက်နေတာလား"

"ဟင့်အင်း..."

taehyungမှာဘာပြောပြောခေါင်းလေးကိုသာခါယိမ်းနေပြပြီး "ဟင့်အင်း"ဟုသာငြင်းနေကာမျက်လုံးလေးတွေက ပွင့်လာခြင်းမရှိ။ ။jungkookမှာထိုပုံစံလေးကိုပဲ သဘောကျလို့မဆုံးဖြစ်ရကာ အူးယားနေမိသည်။ ထို့နောက်မှာအူးယားစရာကောင်းလွန်းနေသောtaehyungရဲ့ခါးသိမ်သိမ်လေးကိုလှမ်းကိုင်ပြီးသူရဲ့အနီးဆုံးကိုဆွဲယူဖက်လိုက်သောjungkook။
လန့်ဖြတ်ကာမော့ကြည့်လာသောtaehyung မျက်ဝန်းလှလှလေးတွေကိုစိုက်ကြည့်ရင်း ခပ်တိုးတိုးလေးပင်ပြောလိုက်သည်။

ONE & ONLY  [Complete ]Where stories live. Discover now