|| Zawgyi ||
" မင်းအခုဘယ်မှာလဲ ငါတို့တွေ့ဖို့လိုတယ် "
ရှောင်းကျန့်စာပို့လိုက်ပြီးတာနဲ့ နဂိုထပ်ဆယ်ဆလောက်ဒေါသထွက်သွားရသည်။ ဒီဗီဒီရိုသာ ပြန့်သွားမယ်ဆိုရင် သူနှစ်ပေါင်းများစွာထိန်းသိမ်းထားတဲ့ ပတ်ဝန်းကျင်အမြင်တွေနဲ့ သူ့သိက္ခာတွေမြောင်းထဲရောက်သွားမှာ
တောက်....သူ့ (ရိပေါ်)ပုံကတော့ ရည်ရွယ်ချက်ရှိရှိ ဝါးထားတာ။ ခွေးကောင်လေး...
ဖုန်းထဲစာပြန်ဝင်လာပြီး တစ်ဖက်ကတွေ့မဲ့နေရာကို ပို့ပေးလိုက်သည်။ နေ့လည်စာစားချိန်နီးနေပြီမို့ စားသောက်ဆိုင်လိပ်စာဖြစ်တယ်။
ရှောင်းကျန့်ထိုနေရာကိုရောက်တာနဲ့ အေးစက်စက်လေထုကလွမ်းခြုံသွားရသည်။ သူထိုကောင်လေးကိုသိပေမဲ့ မျက်နှာပုံကိုသိပ်မမှတ်မိဘူး။ ညကလည်းစိတ်လွတ်နေပြီး မျက်လုံးတောင်မဖွင့်နိုင်တာ။
ဟိုဟိုဒီဒီလှည့်ရင်း သူ့ဘက်ကိုလက်ပြလိုက်တဲ့ ကောင်လေးတစ်ယောက်ကိုတွေ့သွားသည်။ သူကဝတ်စုံအပြည့်ဝတ်ထားပြီး အရမ်းချောမောတဲ့စတိုင်နဲ့ ရုပ်ရှင်မင်းသားတွေရှုံးလောက်တဲ့ ရုပ်ရည်မျိုးနဲ့ကောင်လေးတစ်ယောက်ပဲ။ ရှောင်းကျန့်စိတ်ထဲ ထိုကောင်လေးကရုပ်ရည်အရမ်းပြည့်စုံပေမဲ့ စိတ်ကတော့ရွံအိုင်ထဲကရေလို မဲနက်နေတယ်လို့ တွေးပြီးထိုနေရာကိုသွားလိုက်သည်။
" နေရထိုင်ရအဆင်ပြေရဲ့လား ကျန့်ကော "
ရိပေါ်ရဲ့အကြည့်တွေက သူ့ရဲ့အောက်ပိုင်းကိုရောက်နေတာမို့ စားပွဲပေါ်ကရေခွက်နဲ့ လှမ်းပြစ်ပေါက်ချင်စိတ်ကတစ်ဖွားဖွား ဖြစ်လို့နေတယ်။
" ဗီဒီရို ဖျက်ပေးမင်းတောင်းဆိုတာ မှန်သမျှရစေရမယ် "
ရိပေါ်ရဲ့အပြုံးတွေက ပိုပီပြင်လာပြီးနောက်
" ကျွန်တော် မိန်းမလုပ်ပေးလေ"
" ချီးပဲ့....ဟေ့ကောင်မင်း...."
ရှောင်းကျန့်စကားဆက်မလို့လုပ်တုန်း ရိပေါ်ကမျက်နှာချင်းဆိုင်ခုံကနေထပြီး သူ့နဘေးကိုလာထိုင်တယ်။ ထို့နောက်သူ့ရဲ့နားတွေအနား ကပ်လာပြီးခုဏကပြုံးရယ်နေတဲ့ အမူအရာတွေလည်းမရှိတော့ပဲ
YOU ARE READING
အဆုံးသတ်...မဟုတ်သော(အဆုံးသတ်...မဟုတ်သော)
Fanfiction|| Zaw & Uni || ကိုကို့တစ်ဘဝလုံး ကျွန်တော့်အပိုင်ပဲ့... မင်းငါ့ကိုအတင်းအကျပ် ချုပ်ကိုင်လို့မရဘူး... #YiZhan #Writer- Aeri_Saung(D.W) 🌶🌶🌶🌶🌶🌶🌶🌶 || Zaw & Uni || ကိုကို့တစ်ဘဝလုံး ကျွန်တော့်အပိုင်ပဲ့... မင်းငါ့ကိုအတင်းအကျပ် ချုပ်ကိုင်လို့မရဘူး...