Unicode

1.4K 82 25
                                    

၁၉၉၀ ဝန်းကျင် ပုဂံမြို့​ဟောင်းတစ်​နေရာ၌ညအခါ ဆီမီးထိန်ထိန်ညီးကာ ​တေးသံစုံထွက်​နေ​သော​မြေဝိုင်းအကကိုသက်ဝင်​ဖျော်​ဖြေ​နေသူတစ်ဦးအားလူအများရင်သပ်ရှု​မော​အောက်​မေ့​နေကြသည်။ ပုဝါစ​လေးကိုခါးမှာလျပ်ကာ အ​ကွေ့အ​ကောက် အ​ဖျောက်အ​တောက် ညီစွာ သီဆို​​ဖျော်​ဖြေ​နေတဲ့ ​ရွှေမင်းသမီး​လေးသည်မည်သူပါနည်း။

လူရွှင်​တော်ကြီး ​ကျောက်ဒိုး မင်းသမီးအားဟာသ​နှော၍မိတ်ဆက်​ပေးရန် အာဝဇ္ဇန်းရွှင်ရွှင်စလိုက်သည်။

"အမယ်မင်း​ပြောရဦးမယ်
အမယ်မင်း​ပြောရဦးမယ်
ချစ်သမီး​ချော ​​ရွှေ​ရောင်အဆင်း လမင်းပပ ​သော်တာဆုရွှန်း ချစ်ပရိသတ်​တွေအသည်းစွဲပါတဲ့..."

"အိုဘာတဲ့... ချစ်​လေး ချစ်​လေး..."

"​ဒေါန...​ဒေါန.."

"နှစ်မျိုး​ပေါင်း​တော့ ..."

"ချစ်​လေး​ဒေါန..."

လူရွှင်​တော်ကြီး​တွေ မိတ်ဆက်​ပေးသည်ထိ​စောင့်ပြီး ချစ်​လေး​ဒေါန ပရိသတ်ကြီးကိုလက်အုပ်ချီလိုက်သည်။

"အများတကာ ချစ်မြတ်နိုးရပါတဲ့ ချစ်သမီး ချစ်​လေး​ဒေါန ​ခုနစ်​ထွေအကနဲ့ဖျော်​ဖြေပါ့မယ်ရှင်.."

တလင်း​မြေဝိုင်းထဲမှာအလွတ်ကပြ​နေကြ​ပေမဲ့ အတီးအမှုတ်အသံပိုင်နိုင်ကာ ညက်​ညော​သောအက​ကြောင့်လူအများအား​ပေး​နေကြသည်မှာညံမစဲ.... တ​ဟေး​ဟေးဖြင့်..

ချစ်​လေး​ဒေါနကလည်း ခုနစ်​ထွေအက ခုနစ်မျိုးကိုပိုင်နိုင်စွာ ​ကပြ​ဖျော်​ဖြေသွားသည်မှာ အမှားမရှိ ပိရိစွာဖြင့် အလှပြသွားသည်။

မင်းသမီးမိတ်ဆက်​ဖျော်​ဖြေအပြီးမင်းသား​လေး​ရွှေပင်လယ် တလင်းထဲ​ရောက်လာကာ မင်းသမီး​လေးနှင့် နှစ်ပါးခွင်တွဲက​တော့သည်။

"ကျားလျှာ​တွေမယ့်ကိုစူး​တော့မယ်~~
ကျားလျှာ​တွေမယ့်ကိုစူး​တော့မယ်~~"

"နာပါတယ်​တော့ နာတယ်​တော့
အာ့လာ့လာ့
နာပါတယ်​တော့ နာတယ်​တော့.."

မင်းသားက စလိုက်၊ မင်းသမီးကဟန်အမူပိုပို သံရှည်စွဲ​ ဆိုလိုက်ဖြင့်ပရိသတ်အာရုံကိုအတွဲညီညီဖမ်းစား​နေကြသည်။

ပုဝါပါးနဲ့ကိုကြက်သား/ပုဝါပါးနဲ႕ကိုၾကက္သားWhere stories live. Discover now