1/1

422 16 8
                                    

Unicode Ver

အမှောင်ထုတို့ မလွမ်းခြုံခင် အချိန်က
ကားအက်စီးဒင့်ဖြစ့်ခဲပြီး
ကားမှန်မှ ကွဲထွက်လာသော အပိုင်းအစတစ်ချို့ကြောင့်
မျက်စိ ကွယ်ခဲ့ပြီး ​ခြေထောက်ပါ ကျိုးခဲ့ရသူ ကောင်ကလေး တစ်ယောက် ။
သက်တံ့ငယ်။

သူ၏ မျက်ဝန်းအိမ် လှလှလေးသည် ​ကမ္ဘာကြီး၏ အလှတရားတို့ကို တဖန်ပြန်လည် ရှုမြင်နိုင်ရန်
​အချိန်တို့ ရောက်ရှိ လာပေတော့မည်။

မကြာခင် အချိန်ရက်ပိုင်းတို့တွင် သူ မြင်တွေ့ခွင့်ရချင်သော လောကကြီးကို ပြန်လည် မြင်တွေ့ရတော့မည်ဖြစ်၍ အတိုင်းအဆမရှိ စိတ်ပျော်ရွှင်၍ နေလေသည်။

အထူးသဖြင့်

သူ ပထမဦးဆုံး မြင်တွေ့ချင်သော သူ့အပေါ် ကြင်နာမှုအပြည့်တို့နှင့် မြတ်နိုးချစ်ခင်ခဲ့သော  သူ၏ ချစ်သူ ။

ဘုန်းမြတ်။

သူ ဆေးရုံကုတင်ပေါ် တွင် ငြိမ်သက်စွာထိုင်နေရင်းမှ ဘေးနားတွင် သတင်းစာ ဖတ်နေသော
သူ့​မေမေကို လှမ်းမေးလိုက်သည်။

"မေမေ
ကိုကို မလာဘူးလားဟင်"

"လာမှာပေါ့ သားလေးရဲ့။
သား ကိုကိုက မအားသေးလို့ နေမှာပါ ။"

"ဟုတ်"

သူ စိတ်ရှည်ရှည်ဖြင့် သူ၏ကိုကို လာမည့်အချိန်ကို စောင့်နေမိသည်။

"ကိုကို လာပြီ"

သူ၏ ကိုကို အမြဲ သုံးနေကျ ဖြစ်သော ရေမွှေးနံ့တို့က သူ၏ အနီးတစ်ဝိုက်တွင် လွှင့်ပျံလာသဖြင့် ဘုန်းမြတ် သူ့အနားသိူ့ ရောက်လာမှန်း သက်တံ့ငယ် သိလိုက်ပါသည်။
သူ၏ မေမေကလည်း အခန်းထဲမှ အလိုက်တသိ ထွက်သွားပေးသည်။

"သဲငယ်  ကိုကို ရောက်ပြီ"

"ဟုတ်.... ကိုကို...."

သက်တံ့ငယ်အနားသို့ ထိုင်ချလိုက်ကာ သက်တံ့ငယ်ကို ခေတ္တမျှ ဖက်ထားလိုက်သည်။ သက်တံ့ငယ်ကလည်း ဘုန်းမြတ်ကို ကြင်နာယုယစွာ ပြန်လည် ပွေ့ဖက်လိုက်ပါသည်။

"ကိုကို့ ခန္ဓာကိုယ်က နွေးနေတာပဲဗျာ...ပြီးတော့ ရေမွှေးနံ့လေးက အရမ်းဆွဲဆောင်မှု ရှိတာပဲ...."

You've reached the end of published parts.

⏰ Last updated: Aug 28, 2021 ⏰

Add this story to your Library to get notified about new parts!

💘 ကိုကို့ရဲ့ သဲငယ် 💘Where stories live. Discover now