Episode: 1 (Unicode Version)
မြန်မာနိုင်ငံမှာ ခရိုနီတွေ အများကြီးရှိတာ သိကြတယ်မလား။အစိုးရပိုင်းနဲ့ပူးပေါင်းပြီး ချမ်းသာ တာထက် ပိုပြီးချမ်းသာလာတဲ့လူတွေပေါ့....အခု Sky High Group ကလည်း အဲ့လူတွေလိုပဲ....ဒါပေမဲ့ ပိုပြီး ထူးခြားတာက အဲ့ဒီ့လူတွေထက် ပိုပြီးအဆပေါင်းများစွာ ချမ်းသာတဲ့သူတွေပေါ့...Worldwide မှာ No.15 ဆိုတာ ယုံပါသလား(Just Finction)
ဟုတ်ပါတယ်...Sky High Group က မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးသူတွေ ဖြစ်ပြီးတော့ အညှီအဟောက်တွေ ဆိုတာကိုတော့ သင်မေ့ထားလို့ မရပါဘူး....ဒါပေမဲ့လည်း အဲ့အညီအဟောက်ဆိုတာကလည်း ၁မိနစ်
တောင်မကြာလိုက်ပါဘူး ပျောက်ကွယ်သွားတာချည်းပဲ....သူတို့ကို သွားထိတဲ့သူမှန်သမျှ ပျောက်ဆုံးသွားကြတာကိုကော သင်ယုံမလား..... ယုံလိုက်ပါ အစရှာမရအောင် ပျောက်သွားမှာ အဲ့လိုလုပ်နိုင်တာ ကျွန်မရဲ့ မိသားစု Sky High Group ပဲလေအိုကေ ကျွန်မက ဘာလို့ ကိုယ့်မိသားစုအကြောင်း ဖောက်သည် ချရလဲဆိုတော့ ကျွန်မဘဝကို မုန်းလို့ပဲ ဒီမိသားစုကနေ အရှင်ထွက်လို့ရမှာမဟုတ်ဘဲ အသေထွက်ပဲရမှာမို့လို့ပဲ......
ကျွန်မမိသားစုနဲ့ မိတ်ဆက်ပေးမယ်.....Sky High Group ရဲ့ ဥက္ကဌ ကျွန်မရဲ့အဖေ ဦးလွင်မောင်ဦး အသက်အရွယ်အားဖြင့် ၆၅နှစ်ရှိပြီးတော့ မိသားစုထက် သူ့ကိုယ်သူသာ အရေးကြီးဆုံးလို့ သတ်မှတ်ထားသူ ပြီးတော့ ကျွန်မရဲ့ ဘယ်နှယောက်မြောက်မှန်းမသိတဲ့ မေမေလေး ဒေါ်ယုယုလွင် အသက်ကတော့ ကျွန်မ ထက် ၆နှစ်ပဲကြီးတဲ့ အဖေ့ရဲ့မိန်းမ...
ပြီးတော့ အဖေ့ရဲ့သားအကြီးဆုံး ကျွန်မနဲ့ အဖေတူအမေကွဲအကို ဦးနေဦးမောင်နဲ့သူ့ရဲ့ဇနီး ဒေါ်စိမ်းမြတ်သူ ပြည်နယ်ဝန်ကြီးရဲ့သမီးအလတ်
ပြီးတော့ သားအလတ် ဦးလဦးမောင် သူကတော့ အိမ်ထောင်မကျသေးဘူး ဒါပေမဲ့လည်း သိပ်မကြာခင် တိုင်းရဲမှူးရဲ့ သမီးအကြီးဆုံးနဲ့ ယူတော့မယ်ကြားတာပဲ
YOU ARE READING
The Confusion
RomanceSky high Group မြန်မာနိုင်ငံရဲ့အကြီးဆုံးလုပ်ငန်းစုဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလည်းဖြစ်တယ် ဒါ့အပြင် ဝန်ထမ်းပေါင်းများစွာကို တာဝန်ယူပေးထားတဲ့ကုမ္ပဏီတခု သို့ပေမဲ့ အငြှီအဟောက်များတဲ့ မိသားစုဖြစ်ပီးတော့ မထင်ရင်မထင်သလို လုပ်နိုင်စွမ်းအာ...