Part 1

99 2 0
                                    

"ချစ်တယ် မင်းကိုစတွေ့တဲ့မိတဲ့အချိန်ကတည်းကချစ်မိတာပါ ကိုယ်ဘဝမှာမြင်မြင်ချင်းချစ်မိတာဆိုလို မင်းပဲရှိဖူးတယ် "

"အဟက် ...ဟုတ်လား အင်းချစ်လေ ချစ်ပေါ့."

ကြယ်စင် ..သူရဲ့ရှေ့မှာပိတ်ပြီးရည်းစားစကားလာပြောနေတဲ့သူကိုအဲ့လိုပဲပြောပြီးလှည့်ထွက်ခဲ့တယ်....
နှုတ်ခမ်းထက်ကတော့ မဲ့ပြုံးလေးတစ်ခုကိုဆင်ယင်ရင်ပေါ့....

ကြယ်စင်က ငယ်ငယ်တည်းက ရည်းစားစကားခနခနပြောခံရဖူးပြီး ချစ်ခွင့်ပန်နည်းပုံစံအမျိုးမျိုးနဲံလည်းကြုံနေရသောသူဖြစ်တယ်.....
ယောက်ကျားတွေဆီကချစ်တယ် ဆိုတဲ့စကားကိုလည်းကြားရပေါင်းများနေပိ...
စစလိုက်ချင်းမှာ ပလီပလာ မရရင်သေပါတော့မယ် ဘာညာနဲ့ပြီးတော့လည်းတကယ်သေတာမှာမဟုတ်တာ စောက်ပိုစကားတွေပဲပြောနေတာတွေကို နားရည်ဝနေပြီး.....
ဒါကြောင့် ယောက်ကျားတွေရဲ့ ချစ်တယ်ဆိုတဲ့စကားကို ယုံလည်းမယုံသလို ရင်လည်းမခုန်တော့ပါ.........
........................................................................

" ဟဲ့ ကြယ်စင် ..ဘယ်တွေဝင်နေတာလဲ အကြာရီးပဲစောင့်နေရတာ.."
ကျောင်းကန်တင်းမှာစောင့်နေသော သူရဲ့သူငယ်ချင်း ငြိမ်း နဲ့ ဟိန်းထက်ကသူလာတာနဲ့ဆီးကြိုပြီး ဆူပါပိ....

"အေးဟယ် လာပါပိဟ လမ်းမှာ အနှောင့်အယှက်တစ်ခုနဲ့တိုးလို့ဟ.."
" ဘာလဲ ..ကြယ် ..ရည်းစားစကားထပ်ပြောခံရတာလား ."
ဘေးမှာငြိမ်ငြိမ်လေးထိုင်နေသော ဟိန်းထက်က ဝင်ပြောသည် ....

"အေးပေါ့ .ကြယ်စင်မကဒါကလွဲပြီး ဘာရှိမှာလဲ ..."
ဟိန်းထက်အမေးကို သူမဖြေရပဲ ငြိမ်းက ဖြေပေးလိုက်သည်....

" ထားပါ ဒါတွေမပြောချင်ဘူး ......ထမင်းပေါင်းတစ်ပွဲ ပြီးတော့ COLA တစ်ခွက် ..."
ကြယ်စင်ကအချစ်ရေးတွေဘာတွေစိတ်မဝင်စား ..သူ့စိတ်ထဲမှာရှိတာဆိုလို ..
အစားအသောက်နဲ့ သူ့သူငယ်ချင်းတွေရယ် ..သူ့ဝါသနာပါတာဘာညာပဲရှိတယ်....

" အမယ်လေး အစားပုတ်မ...အားနေမြိုနေတာပဲ ..အဲ့မှာမကြာခင်ဝက်မဖြစ်တော့မယ်."

"အဟက်...ကြယ်က ဘုရားပေးတဲ့ဆုရထားတာလေ ဘယ်လောက်စားစားမဝတဲ့ BODY ရှိတယ် ကွ ဟားဟားဟား ..."

Love and PrideWhere stories live. Discover now