Part 2

21 2 0
                                    

Unicode....

ကြယ်...မနေ့ညကခေါင်းလျှော်ပြီး သေချာမသုတ်မိပဲအိပ်တော့..ဒီမနက်ကျတော့ လူကဖျားချင်သလိုလိုဖြစ်နေသည်...
ဒါမဲံလည်းအိမ်မှာမနေချင်တာနဲ့ ကျောင်းကိုထွက်လာခဲ့သည်.......

ကျောင်းထဲရောက်တော့......ကြိုရောက်နေသော ဟိန်းထက်က သူဆီကိုလျှောက်လာသည်....

"ကြယ်....နေမကောင်းဘူးလား.လူကဖျော့တော့တော့နဲံ..."

"ဟမ်.မဟုတ်ပါဘူး.ပုံမှန်ပဲ.ဒီတိုင်းနည်းနည်းခေါင်းကိုက်နေတာပဲ........"

"ဆေးရော့.သောက်ခဲံလား.ဘာစားပိပိလဲ.."

"အေးပါဟယ်.....နင်ကလည်းငါ့အဖေကျနေတာပဲ.ငါကလေးမဟုတ်တော့ပါဘူးဟ...."

ကြယ်ရဲ့ အပြောကို ဟိန်းထက်အောင့်သက်သက်နဲ့ရယ်မိသည်..ကြယ်ရယ်ငါဒီလောက်ဂရုစိုက်နေတာတွေကိုမြင်ပြီး နင်တစ်ခုခုမရိမ်မိဘူးလားဟာ...
သူ့ခံစားချက်တွေကိုနည်းနည်းလေးမှတောင်မရိမ်မိသော သူငယ်ချင်းမလေးကို သူစိတ်တိုမိသည်....ဒါပေမဲံလည်းကြယ်အပေါ်ကိုအရာရာ အလျှော့ပေးချင်သောသူစိတ်က အနိုင်ယူနေပြန်သည်...........

" အမယ်.နှစ်ယောက်သားကြည်နူးနေပါလား.."
ဘယ်ကမှန်းမသိရောက်လာသော ငြိမ်းကဝင်ပြောသည်........

"ငြိမ်းစုတ်မ ပေါက်ကရပြောပြန်ပိ....ဒီနေ့နောက်ကျနေပါလား..ဘာလုပ်နေတာလဲ.."
"အေး.ဟုတ်တယ်ဟ....ငါညက assignment တွေရေးနေတာ ဆရာမစစ်မယ်လို့ပြောထားတယ်လေ.အဲ့တာထိုင်ရေးနေတာနဲ့ညဉ့်နက်သွားတာ."

ငြိမ်းပြောတာကို ..ဟိန်းထက်ကဝင်ပြောသည်.....

"ငြိမ်း.နင်ကရေးထားတယ်ပေါ့.ဒီနေ့ကစပြီးဆရာမက ခွင့်လေဟာ.ကလေးမီးဖွားမလို့လေ.ဆရာမနေရာမှာ နောက်တစ်ယောက်အစားဝင်မှာလေဟာ..ငါတောင်မရေးထားဘူး........." 
"ဟယ်.ဟုတ်လား..ဒီလိုမှန်းသိရင်မရေးပါဘူးဟာ..ခုတော့အိပ်ရေးပျက်ခံပြီးရေးထားတာကို.ကြယ်စင်မ ..နင်ကောရေးပြီးပြီးလား........"    
"အင်း.ရေးပြီးသွားပြီး......"  "နင်ပဲကောင်းတယ်.ဘာလုပ်လုပ် အမြဲအဆင့်သင့်လုပ်ထားတယ်..ဆရာမရီးလေးစားပါတယ်နော်.........."

" ငါ့ကြယ်က နဂိုတည်းကတော်တယ်လေ.နင်လို့မဟုတ်ဘူး ငပျင်းမရဲ့...."

Love and PrideWhere stories live. Discover now