ခွဲခွာရမယ့် ရက်များဆီ😪

10 1 0
                                    

သွန်းနဲ့ကျွန်တော် နှစ်လလောက်ပဲခင်မင်ခဲ့ရပါသော်လည်း ကျွန်တော်သွန်းကိုညီမလေးတစ်ယောက်လို ခင်မင်တွယ်တာခဲ့သည်။ သွန်းကလဲကျွန်တော့ကို အားကိုယုံကြည်ပါသည်။ အရင်လို ကျောင်းကားပေါ် တစ်ယောက်ထဲမတက်တော့ဘဲ ကျွန်တော့်ကိုစောင့်လေ့ရှိသည်။ သွန်းက ကျွန်တော့်ကို ကိုကိုလို့ပဲခေါ်တော့သည်။ ကျွန်တော်လဲသဘောကျပါသည်။ အချိန်တွေကုန်ဆုံးလာလိုက်တာ နောက်နှစ်ရက်နေရင် ဖေဖေရန်ကုန်ပြန်ရောက်မယ်တဲ့ ကျွန်တော်သွန်းနဲ့ခွဲရတော့မည်။ ကလေးဆိုပေမယ့် ကြင်နာတတ်လွန်းသူလေးနဲ့ ကျွန်တော် အတူနေရမယ့်အချိန်တွေ ကုန်ဆုံးတော့မည်။ ကျောင်းမှာတော့သွန်းနဲ့တွေ့ခွင့်ရဦးမှာပါလေ။
ဒေါ်မြမေ: သမီးရေ မြန်မြန်ဆင်းခဲ့လေ ဒီမှာသမီးကိုကြီးစောင့်နေတယ်။
သွန်း : ကိုကိုပါ မေမေရဲ့
ဒေါ်မြမေ: အေးပါအေ ကိုကို ကိုကို လာတော့။
သွန်း : လာပါပြီ။
အက္ခရာ : လာညီမလေး ကျောင်းကားရောက်တာကြာနေပြီ။
သွန်း : ဟုတ်ကဲ့ ကိုကို
သွန်းကိုကို့နောက်ကနေသွက်သွက်လေးလိုက်ခဲ့သည်။ သွန်း ကိုကို့ကို ခင်လာပါပြီ။ အမြင်လဲမကပ်တော့ဘူး။
သွန်းတို့ အတူသွား အတူစားနေခဲ့ရင်းနဲ့ သံယောဇဉ်လဲတွယ်လာခဲ့ပြီ။
ဒေါ်မြမေ: သွန်း သမီးလေး ဘာလုပ်နေတာလဲ
သွန်း: မေမေပဲအိမ်စာရေးခိုင်းပြီးတော့
ဒေါ်မြမေ:သမီးကိုကိုက မနက်ဖြန်ဆို သူ့ဖေဖေကလာခေါ်တော့မှာသမီးရဲ့။
သွန်းစိတ်ညစ်သွားသည်။
သွန်း : ကိုကိုကသမီးတို့နဲ့မနေတော့ဘူးလား မေမေ။ ကိုကို့ကိုမေမေပဲ မွေးစားလိုက်လို့မရဘူးလားဟင်။
ဒေါ်မြမေ သမီးလေးကိုသနားမိသည်။ တစ်ဦးတည်းသောကလေးမို့ အက္ခရာလေးကို အကိုလိုသတ်မှတ်ပြီး ဆိုးနွဲ့ဂျီကျရင်း သမီးလေးပျော်နေခဲ့တာမဟုတ်လား။ အက္ခရာကို အပြီးခေါ်ထားဖို့ကလဲ မဖြစ်နိုင်တဲ့ကိစ္စမို့ခက်သည်။
သွန်း : မေမေခေါ်ထားပါ ကိုကို့ကိုမပြန်ခိုင်းပါနဲ့နော်။
သွန်းငိုပြောသော်လည်း မေမေကမရဘူးသမီးလေး ရယ်လို့သာပြောပြီးထွက်သွားသည်။
သွန်းမှာအပူကပ်စရာ ဖေဖေရှိသေးသည်။ ဖေဖေကသွန်းလိုချင်တာ လုပ်ချင်တာမှန်သမျှရော လိုချင်တာမှန်သမျှရော အမြဲဖြည့်ဆည်းပေးတတ်သူမဟူတ်လား။
သွန်း : ဖေဖေ ကိုကို့ကိုခေါ်ထားလို့မရဘူးလားဟင် ကိုကိုပြန်သွားရင် သွန်းတစ်ယောက်ထဲအထီးကျန်နေခဲ့မှာ။ သွန်းမျက်ရည်လေး လည်ရွဲနဲ့ပြောလိုက်တော့ ဖေဖေ သွန်းကိုသေချာကြည့်ပြီး
ဦးမင်းသစ်: သမီးရယ် သမီးကိုကိုမှာအိမ်ရော မိသားသုရောရှိတယ်လေ။ သူတစ်နေ့တော့ပြန်ကိုပြန်ရမှာပေါ့ သမီးရဲ့။ သူပြန်မလာရင် သူ့ဖေဖေကလဲသမီးလိုပဲ ငိုနေရှာမှာပေါ့သမီးရယ်။ သမီးနားလည်တယ်မဟုတ်လား။ ကိုကိုနဲ့ကျောင်းမှာတွေ့ရမှာပေါ့သမီးရယ် နော် ။
သွန်း စိတ်ပျက်အားလျော့မိသည်။ ဖေဖေရော မေမေရော သွန်းစကားကိုနားမထောင်ကြလို့ဖြစ်သည်။
မနက်ဖြန် ကျောင်းပိတ်ရက်ဖြစ်သည်။ ကိုကိုကသွန်းကိုထားခဲ့တော့မည့် ရက်လဲဖြစ်သည်။ မိုးလင်းလင်းချင်း သွန်းကိုကို့အခန်းကိုပြေးသွားလိုက်တယ်။ ကိုကိုရှိပါ့ရှိပါတော့မလား စိတ်တွေလဲပူနေခဲ့တယ်။ သွန်းတံခါးကိုတွန်းဖွင့်လိုက်တော့ ကိုကိုကစာအုပ်တွေကိုကျောပိုးအိတ်ထဲထည့်နေခဲ့တယ်။
သွန်း :ကိုကို သွန်းဆီကို မကြာမကြာလာလည်နော်။
အက္ခရာ: ကိုကိုလာခဲ့မှာပေါ့ညီမလေးရဲ့။
ထိုနေ့က အက္ခရာအိမ်ပြန်မဖြောင့်ခဲ့ပါ သွန်းကမျက်ရည်လေးတရွဲရွဲနဲ့ကျန်နေခဲ့တယ်မဟုတ်လား။ အက္ခရာလဲမပြန်ချင်ပါ။ ညီမလေးလိုချစ်ခဲ့ရတဲ့ သွန်းနဲ့ခွဲခွာရတာမို့အက္ခရာစိတ်မကောင်းဖြစ်မိသည်။ အက္ခရာတို့အိမ်မှာဆို ဖေဖေရယ် ဒေါ်ကြီးဝင်းရယ်ဦးမျိုးရယ်ပဲရှိသည်။ ဖေဖေကမနက်တိုင်းအလုပ်စောစောသွားလေ့ရှိပြီး အိမ်ပြန်လဲမိုးချုပ်တတ်သည်။ အက္ခရာမေမေဆုံးတော့ ဒေါ်ကြီးဝင်းနဲ့သာနေရသည်။ ဒေါ်ကြီးဝင်းက အက္ခရာမမွေးခင်ကတည်းက ဒီအိမ်မှာနေခဲ့ခြင်းဖြစ်သည်။ ထမင်းဟင်းချက်လဲ ကောင်းပြီး အိမ်မှုကိစ္စလဲထိန်းသိမ်းနိုင်၍ ဖေဖေတို့ကသဘောကျသည်။ ဦးမျိုးကတော့ ဒေါ်ကြီးဝင်း အမျိုးသားဖြစ်သည်။ သူတို့နှစ်ယောက်မှာရင်သွေး မရှိကြပါ။ အက္ခရာကိုသူတို့သိပ်ချစ်ကြသည်။ အိမ်မှာနေရတာလဲပျော်ပေမယ့် အက္ခရာသွန်းကိုလွမ်းသည်။ ကျောင်းမှာတွေ့လို့ရပေမယ့် တစ်ခါတလေမှသွန်းအခန်းဘက်သွား လို့ရသည်။ ကျောင်းကဆရာမတွေက အဆောင်တွေဘက်လျှောက်သွားတာမကြိုက်ပါ။ အက္ခရာ ဒီနေ့အရမ်းပျော်ပါသည်။ ဖေဖေကသွန်းမွေးနေ့မို့ သွန်းတို့အိမ်ဘက်သွားရမည်ဟု မနက်ထဲကပြောထား၍ အက္ခရာ ကျောင်းမြန်မြန်ဆင်းချင်လှပါပြီ။ သွန်းကအရင်နှစ်တွေကလိုကလေးပိစိလေးမဟုတ်တော့ပေ။ ငါးတန်းကျောင်းသူလေးပင်ဖြစ်လို့နေပြီ။ ကျောင်းမှာ ရံဖန်ရံခါတွေ့ရရင်လဲ သွန်းကလူကြီးလေးလိုဖြစ်နေပြီ။ စကားပြောပုံကလဲ တည်ငြိမ်လွန်းသည်။ ကြင်နာတတ်တဲ့မျက်လုံးကလေးနဲ့ လူတိုင်းအပေါ်ပြုံး၍သာ ဆက်ဆံတတ်တဲ့ ကျွန်တော့် ညီမလေးက တစ်ကယ့် အဖြူရောင်နတ်သမီးလေးပင်။
----------------
သွန်းဒီနေ့ ၁၀နှစ်ပြည့်ပြီဖြစ်သည်။ သွန်းမွေးနေ့အတွက်မေမေတို့မနက်ကတည်းကပြင်ဆင်ငနေကြပြီ။ သွန်းကတော့ ဧည့်သည်တွေလာရင်ဧည့်ခံဖို့ လက်ဖက်သုပ်နေတဲ့ မမဝေအနားကပ်ပြီး မမဝေကို မေးခွန်းများစွာမေးပြီးနေမိသည်။ မမဝေကိုသွန်းခင်သည်။ မေမေ့အလုပ်သမားတွေအားလုံးက အသက်ကြီးကြီးတွေဖြစ်သော် လည်း မမဝေကတော့ သွန်းထက်၇နှစ်သာကြီးသည်။ မမဝေကလဲသွန်းကို ချစ်သည်။ သွန်းမေးသမျှ စိတ်ရှည်ရှည်နဲ့ဖြေတတ်သည်။
သွန်း : မမဝေ လက်ဖက်သုတ်ရင်ဘာလို့ ဆီတွေအများကြီးထည့်တာလဲဟင်။
မမဝေ: ဪ ညီမလေးရယ် လက်ဖက်ဆိုတာဆီရွှဲရွှဲလေး နဲ့မှကောင်းတာမလို့ပေါ့။ ခြောက်ကပ်ကပ်ကြီး ဆိုရင်စားလို့ဘယ်ကောင်းမလဲ။
သွန်း : မမဝေသိလား ဒီနေ့သွန်းကိုကိုလာမှာလေ။စ
မမဝေ: အက္ခရာလား။
သွန်း : ဟုတ်တယ်လေ။ ကိုကိုနဲ့တွေ့ရတော့မှာ သွန်းကကိုကို့ကိုလွမ်းနေတာ။
သွန်းဒီနေ့အတွက် စိတ်ကူးပြီးပျော်နေခဲ့ရတာကြာပြီဖြစ်သည်။ ကိုကို့ကိုကျောင်းမှာတွေ့ရလဲခဏပဲဖြစ်သည်။ ကိုကိုက အထက်တန်းကျောင်းသားဆိုတော့ စာတွေအများကြီးလုပ်ရလို့ မအားဘဲသွန်းအိမ်ကိုလဲလာမလည် ဖြစ်တော့ပါ။ ဒီလိုတွေ့ရမှာဖြစ်လို့သွန်းပျော်သည်။
------
​ဒေါ်မြမေ: သွန်းရေသမီး ဒီမှာသမီးကိုကိုတို့လာပြီ။
သွန်း အညိုရောင်မျက်လုံးလေးတွေ လက်ခနဲလင်း သွားသည်။ မီးဖိုချောင်ကနေသွန်း အပြေးတပိုင်းနဲ့လျှောက်လာခဲ့တော့ ကိုကို့ကိုတွေ့သည်။ ကိုကိုက အရပ်ပြီး
ရှည်လာလိုက်တာ အရင်ကထပ်လဲအများကြီးပိုချောလာသည်ဟု သွန်းထင်သည်။
အက္ခရာ: ဟာ ညီမလေးတောင် လူကြီးပေါက်စလေးဖြစ်လာပါရောလား။
သွန်း : သွန်းကလူကြီးပေါက်စဆို ကိုကိုကတကယ့်လူကြီးလား။
အက္ခရာ မျက်လုံးလေးတွေမှိတ်သွားတဲ့အထိရယ်မိ သည်။ သွန်းကအရင်လိုပဲ ချစ်စရာကောင်းအောင်စကားပြောတတ်တုံးပင်။ သွန်းကနုနယ်လွန်းတယ် ဂါဝန်ကားကားလေးနဲ့ ဆံပင်နီဖျော့ဖျော့လေးကလဲ ခါးလယ်လယ် လောက်နားမှာဝဲလို့ ပါးလေးတွေက အရင်ကလိုမဖောင်းတော့ပေမယ့် မို့မို့ကလေးဖြစ်နေပြီး ပန်းရောင်လေးသန်းနေသည်။ အကြင်နာအကြည့်နဲ့ အပြုံးချိုချိုလေးကတော့ သွန်းမျက်နှာမှာ အထင်ပေါ်ဆုံးပင်။ အက္ခရာတို့ထိုညကအရမ်းပျော်ခဲ့သည်။ သွန်းကကျောင်းမှာ ဖြစ်ပျက်သမျှတွေပြောပြရင်း ရယ်ကြမောကြနဲ့ အပျော်ကြီးပျော်ဖြစ်ကြသည်။
--------------
​၂နှစ်ခန့်ကြာသော်
သွန်း : မေမေရေ.................
ဒေါ်မြမေ: အမလေး ဘာဖြစ်တာတုံး လာပြီလာပြီ။ ဟဲ့ထလေ ကျောင်းနောက်ကျတော့မယ်။
​သွန်း : မေမေသွန်း ကိုလာကြည့်ပါဦး။ သွေးတွေထွက်နေလို့။
ဒေါ်မြမေ: ဟေ ဘာဖြစ်တာလဲ ဘာနဲ့ထိခိုက်မိပြန်တာတုံး ပြစမ်း။ ဪ သမီးရယ် ဘာမှမဖြစ်ပါဘူး အဲ့ဒါဓမ္မတာပဲ။ ထထ မေမေပြောပြမယ်။ အဲ့ဒါမေမေတို့ မိန်းမတွေအားလုံးကြုံရမယ့်ကိစ္စပဲသမီးရဲ့။ အခုဆို မေမေ့သမီးက အပျိုလေးဖြစ်ပြီဆိုတဲ့သဘောပဲ။ အပျိုပေါက်လေးပေါ့။ လာမေမေနဲ့လိုက်ခဲ့။
သွန်းကျောင်းသာ လာရတာတမျိုးကြီး ဖြစ်နေသည်။ မေမေပြောတဲ့အပျိုပေါက်လေး ဆိုတဲ့စကားကြားတော့ သွန်းရှက်လဲရှက်မိသည်။ အပျိုလေးလို့လဲ ကို့ကိုယ်ကို မထင်မှတ်ချင်သေးပါ။ သွန်းကလေးလိုပဲ နေချင်သေးတာ။ ကျောင်းလာရတာမပျော်တော့ပါ။ ကိုကိုလဲမရှိတော့ဘူးမဟုတ်လား ကိုကိုကအထက်တန်းအဆင့်ဖြေပြီးလို့ အိမ်မှာနားနေခဲ့တာ ကြာပြီ။
---------
အက္ခရာ ရင်ထဲနေလို့တော်တော်မကောင်းပါ။ ဖြစ်ချင်တာကို အကောင်းဆုံးလုပ်ချင်စိတ်ရော ညီမလေးနဲ့မခွဲချင်တဲ့စိတ်ရော ရောထွေးနေခဲ့သည်။
--အက္ခရာနောက်ထပ်ရက်အနည်းငယ် ကြာလျှင် စင်္ကာပူမှာ ကျောင်းသွား တက်ရတော့မည်။ သူဖြစ်ချင်တဲ့ အင်ဂျင်နီယာဖြစ်ဖို့ ဖေဖေကအကောင်းဆုံးထောက်ပံ့ ပေးနေတော့ အက္ခရာငြင်းလဲမငြင်းရက်။
------
​သွန်းကျောင်းကပြန်လာတော့ လူကနုံးချိချိနဲ့ အိပ်ယာထဲသာလှဲနေချင်သည်။
ဒေါ်မြမေ:သွန်း
မေမေလှမ်းခေါ်လိုက်တော့ သွန်းဧည့်ခန်းဖက်ကို ကြည့်မိသည်။ ကိုကိုရောက်နေတာပါလား သွန်းပျော်သွားသည်။
သွန်း : ကိုကိုခဏလေး သွန်းအဝတ်အစားလဲပြီးပြန်ထွက်ခဲ့မယ်နော်။
အက္ခရာ: ကိုခြံထဲကစောင့်နေမယ်။
သွန်းခေါင်းညိမ့်လိုက်ပြီး အပေါ်ကိုသုတ်ခနဲ ပြေးတက်သွားသည်။
ကိုကိုက ခြံထောင့်မှာရှိတဲ့ ခုံတန်းလေးပေါ်မှာထိုင်နေသည်။ ကိုကို့မျက်နှာမကောင်းတာ သွန်းသတိထားမိသည်။
သွန်း : ကိုကို ဘာပြောမလို့လဲ ။
အက္ခရာ: သွန်း ကိုကိုစင်္ကာပူ သွားရမယ်။
သွန်း : ဟုတ်လား။
အက္ခရာ: ၄နှစ်တောင် သွားရမှာ
သွန်းတိတ်ဆိတ်သွားသည်။ အက္ခရာလဲဘာမှဆက်မပြောတော့ပဲ သွန်းကိုသာကြည့်နေလိုက်သည်။ သွန်းက အပျိုပေါက်လေးပင် ဖြစ်လို့နေပြီ။ အရင်လိုပါးဖောင်းဖောင်းလေးတွေမရှိတော့ပေမယ့် ချစ်ဖို့ကောင်းနေဆဲ ဖြစ်သည်။ မျက်ဝန်းညိုလေးမှာ မျက်ရည်လေးတွေ ဝဲနေတာလား အရည်တလက်လက်နဲ့ပဲတောက်ပနေတာလား အက္ခရာမခွဲတတ်ပါ။ ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းတွေဆီ အကြည့်ရောက်သွားတော့ အက္ခရာ ရင်ခုန်သံတွေကတစ်မျိုးပြောင်းသွားသည်။ ချက်ချင်းအကြည့်လွှဲလိုက်ပြီး အပြစ်ရှိတဲ့လူလို ခံစားလိုက်ရသည်။ ညီမလေးအပေါ်မှာ မရိုးမသား စိတ်တွေဝင်နေပြီလား။ ကို့ကိုယ်ကိုတောင် သတိမထားမိလိုက်ပဲ အက္ခရာ သွန်းကိုချစ်နေမိပြီလား။
သွန်း : ကိုကိုမသွားလို့မရဘူးလား။
အက္ခရာ: ကိုကိုကကျောင်းသွားတက်မှာလေ ညီမလေးရဲ့။ ကျောင်းနားရက်တွေမှာလဲ သွန်းဆီကိုလာလည်မှာပေါ့။
သွန်းပြန်တိတ်ဆိတ်သွားပြန်သည်။
အက္ခရာ: သွန်း ကိုကိုသွန်းကိုချစ်တယ်။
သွန်း : သွန်းလဲချစ်တာပေါ့ သွန်းမှာတွယ်တာစရာကိုကိုပဲရှိတာကို
အက္ခရာ: ကိုကိုကလက်ထပ်ချင်တဲ့အထိ ချစ်တာ။
သွန်းမျက်နှာ သိသိသာသာပျက်သွားသည်ကို အက္ခရာ သတိထားမိသည်။ အက္ခရာ ဘာမှဆက်မတွေးတော့ပဲ သွန်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သွန်းရုန်းလာသည်ကို သိသော်လည်း မလွှတ်ဘဲ တင်းတင်းကြပ်ကြပ် ဖက်ထားပြီးမှ သွန်းပါးနှစ်ဖက်ကို ကိုင်ပြီး ပန်းရောင်သွေးတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ သွန်း အက္ခရာကိုဆောင့်တွန်း လိုက်သည်။ မျက်လုံးမှာလဲ မျက်ရည်တွေအပြည့်နဲ့ သွန်းဘာမှမပြောပဲ ထထွက်သွားသည်။ အက္ခရာ လိုက်မသွားတော့ပါ။ သွန်းသူ့ကိုမုန်းသွားလေမလား အကိုတစ်ယောက်လို ခင်တွယ်ခဲ့သူဆီမှသစ္စာဖောက်ခံလိုက်ရသလို ခံစားသွားရလေမလား။ အက္ခရာနောင်တတွေနဲ့ နောက်ရက်အနည်းငယ်မှာ မြန်မာပြည်ကနေထွက်သွားခဲ့တယ်။ လိုက်ပို့ကြတဲ့ သူတွေထဲမှာတော့ သွန်းမပါခဲ့ပါဘူး။

You've reached the end of published parts.

⏰ Last updated: Oct 09, 2021 ⏰

Add this story to your Library to get notified about new parts!

AddictedWhere stories live. Discover now