"ဘယ်သူလဲ"
"သခင်လေးပါ ဆရာ"
"အော်" ဆိုပြီးပြုံးလိုက်သည်။လူးဝစ်တစ်ယောက်ပြုံးမိသည်။ နောက်ဆုံးတော့ သူ့မြေးက သူ့ကို ဆက်သွယ်ပြီးပေါ့။ မိဘတွေဆုံးကထဲ က သူနဲ့အတူလာနေခိုင်းပေမဲ့ ဘာမဟုတ်တဲ့ကောင်လေးကြောင့် မြန်မာပြည်မှာပဲနေမယ်လို့သူ့ကို အော်ပြောခဲ့သည်။ ဒီက အဘိုးကြီးကပဲ နားလည်စွာခွင့်လွှတ်ပေးခဲ့သည်။ အခုတော့သူ့ရဲ့အချိန်တွေစတေးရကျိုးတန်ခဲ့ပြီ ဆိုပြီးလူးဝစ်ပြုံးမိသည်။
. . . . . . . . . .
TheEnd
ဆိုတဲ့စာတန်းလေးအဆုံး အိပ်နေတဲ့ ကလေးငယ်ကို အဲရစ်နှိုးလိုက်လေသည်။
"ကလေး"
"ဟင်းး ပြီးပြီလား"
"ကိုကို ဟိုင်ကီရော "
"သူလား အိမ်ပြန်သွားပြီ"ဟုအဲရစ်ကပြောလိုက်တော့ ဝမ်းနည်းသွားတဲ့ဝိုင်ကီလေးကိုကြည့်ပြီး သူစိတ်ထဲမကောင်းဖြစ်မိသည်။ဒါပေမဲ့ သူငယ်ချင်းနဲ့ ချစ်သူဆိုရင် အဲရစ်က ချစ်သူကို ရွေးမိမှာအသေအချာပင်မို့ ကလေးငယ် သူ့ကိုစိတ်မပျက်အောင်သူသေချာချစ်ပေးတော့မည်။
ထို့နောက် အဲရစ်နဲ့ ဝိုင်ကီလည်း ရုပ်ရှင်ရုံထဲကနေ ပြန်ထွက်လာကြပြီး ကားပါကင်မှာထိုးထားတဲ့ သူတို့ရဲ့ကားကိုစက်နှိုးပြီး စံအိမ်ကိုမောင်း သွားခဲ့သည်။ စံအိမ်ကို ရောက်တော့ ဝိုင်ကီလေး ဟိုင်ကီ့ကိုအသံအကျယ်ကြီးဖြင့်လှမ်းခေါ်နေသည်။ ဒါပေမဲ့ ထူးမယ့်သူမရှိချေ။
"ကိုကိုရေ ကိုကိုရေ ငယ်တို့ပြန်လာပြီ"
ဝိုင်ကီကတော့ စံအိမ်ထဲမှာအသံကျယ်ကြီးအော်နေပေမဲ့ အဲရစ်ကတော့ စိတ်ထဲ တစ်မျိုးမျိုးမို့ ကားဂိုဒေါင်ကိုသွားကြည့်တော့ ကားမရှိတော့တာသိသွားပြီမို့ ဟိုင်ကီ ထွက်သွားပြီဆိုတာသိလိုက်ရသည်။ ထို့နောက် အဲရစ်လည်းဝိုင်ကီ့ကိုပြောပြဖို့ စံအိမ်ထဲကိုဝင်လာခဲ့သည်။ ဝိုင်ကီကတေ့ကြမ်းပြင်မှာ ထိုင်လျက်နဲ့ ဝမ်းနည်းစွာငိုနေသည်ကို အဲရစ်ကတွေ့သွားသည်။
"ကလေး ကလေး ဘာမှစိတ်မပူနဲ့နော် ကိုယ် လိုက်ရှာပေးမယ်"
ထို့နောက်ဝိုင်ကီ့ကို ရင်ခွင်ထဲထည့်ပြီးဖက်ထားမိသည်။ အဲရစ်က ဝိုင်ကီ့ကို လိုက်ရှာမယ်လို့ ကတိပေးပေမဲ့ ကလေးငယ်ကို သူပဲ ပိုင်ဆိုင်ချင်တာကြောင့် အဲ့ကတိက မုသားပါတဲ့ ကတိဖြစ်သွားခဲ့သည်။
...