13

363 67 1
                                    

Unicode

ခပ်နွေးနွေးအသိတို့က တစ်ကိုယ်လုံး၏အသိသတိများထံမှ လာနေသည်။ အမြဲတစေ အိပ်စက်လိုက်တိုင်း အေးစက်နေတတ်သည့်ခြေလက်တို့ကလည်း နွေးထွေးကာလေးလံနေ၏။

ကြားနေကျ ငှက်ကလေးများ၏ ကျီကျီကျာကျာအသံများကိုမကြားရတော့၍ မိုးမလင်းလောက်သေးဟုတွေးရသော်ငြား ပူပြင်းလာသည့် ကျောပြင်မှအသိကြောင့် သူအထင်မှားနေပြီမှန်းရိပ်မိလိုက်ရသည်။

လေးလံနေသော မျက်ခွံကိုဖွင့်ကြည့်တော့ အိပ်မောကျနေသည့်မျက်နှာတစ်ခု။ ပါးသိုင်းမွှေးခပ်ရေးရေးက နီရဲရဲပါးပြင်၏ အစပ်နားတွင်သေသပ်စွာ အနားသတ်ထားပုံပင်။ အသားဖြူသည်ထက်ပိုကာ နီမြန်းသည့်ဘက်သမ်းသော အသားအရေက ချောမောသည့်အသွင်ထက် ခန့်ညားသောအသွင်သို့ကူးပြောင်းနေ၏။

မနေ့ညက တစ်ညလုံးသူလစ်ဟ​ဖွင့်ချသမျှကို သူ့ကိုရင်ခွင်ထဲထည့်ကာ နားထောင်ပေးခဲ့သူ။

ကိုဇေး။ ဇာဏ်ထိုက်ဇေး ဆိုသော အမျိုးသား။ မိဘမဲ့၊ တစ်ကောင်ကြွက်။ အဖိုးဖြစ်သူတုန်နေအောင်ချစ်ရှာသော တစ်ဦးတည်းသောမြေးလေး။

လှုပ်ခတ်လာသော မျက်ခွံများကို သူဆက်၍စိုက်ကြည့်နေပါက ရိုင်းရာကျမည်ဆိုသော်ငြား သူမျက်နှာမလွှဲဖြစ်။ အနှီအမျိုးသားကို သူတကယ်ကျေးဇူးတင်မိသည်။ သူ့ကိုကူညီစောင်မပေးခဲ့တာက ဘယ်လိုပေးဆပ်လို့ ပြန်လည်ဖြည့်တင်းနိုင်မည်မှန်း သူတကယ်မသိ။

သွေးမတော်သားမစပ်၊ လမ်းဘေးတွင် အေးခဲနေသော လူငယ်လေး၊ ပစ်ထားလိုက်ရင် သေသွားနိုင်သည့်လူငယ်လေးကို ဆေးကုပေးကာ အသက်ကယ်ပေးခဲ့သူ။

သူတကယ်ကျေးဇူးတင်လိုက်တာလေ။

" နိုးပြီလား ရွှေအလေး "

အလုံးစုံပွင့်ဟသွားသည့်မျက်ဝန်းတို့ထဲတွင် အကြင်နာအငွေ့အသက်များလား။ ထိုမျက်ဝန်းများကိုမြင်တောလ ထိုထိုသော အငွေ့အသက်များပေးတတ်သူကို သတိရသွားမိပြန်၏။

တမင်တကာ မေ့လျော့မနေသော အတွေးယာဥ်ထဲမှာ ဖိသိပ်ထားသည့်မှတ်ဉာဏ်အပိုင်းအစတို့က မဆီမဆိုင် ရင်ဘတ်ကို လာလာဆောင့်သည်။

မေတ္တာကိုသာယူပါလေWhere stories live. Discover now