ဒီနေ့က Wang group ရဲ့ Ceo တစ်နည်းအားဖြင့် wang အိမ်တော်ရဲ့တစ်ဦးတည်းသောသား Wang yibo ရဲ့ လက်ထပ်ပွဲနေ့
ဒီလက်ထပ်ပွဲက စီးပွားရေးအရပင် သတို့သား နှင့် သတို့သမီးမှာ တစ်ဦးနှင့်တစ်ဦးချစ်ခင်စုံမက်ခြင်းမရှိကြ
wang yibo side
မာနကြီးပြီး အနိုင်လိုချင်စိတ်များတယ် အချစ်နဲ့ပတ်သတ်ရင်တောင်မှပေါ့Zhao lusi side
တကယ် လက်မထပ်ချင်ဘူး သူမမှာချစ်ရတဲ့သူရှိတယ် ဟုတ်တယ် သူက xiao zhan သူမတို့မိသားစုပိုင် company ဟာ အမျိုးမျိုးသောအကြောင့်တို့ကြောင့် ဒေဝါလီခံရတော့မယ် ဒါကြောင့်သူမချစ်ရတဲ့သူကိုစွန့်ပြစ်ပြီး ဒီလက်ထပ်ပွဲမှာ ရောက်နေရခြင်းပင်Xiao zhan side
ဒီနေ့သူချစ်ရတဲ့ မိန်းကလေး ရဲ့ လက်ထပ်ပွဲ သူ့မှာ ဂုဏ်ဒြပ်တွေမရှိဘူး သူမကိုပြည့်စုံအောင်ထားနိုင်တဲ့ အရည်အချင်းမရှိဘူး သူပြောနိုင်တာတစ်ခုကတော့ သူချစ်ရတဲ့ မိန်းကလေးက wang ceo နဲ့တကယ်လိုက်ဖက်ပါတယ်ခန်းမရဲ့ စင်ပေါ်မှာရပ်ရင်းသတို့သမီးကိုစောင့်ကြိုနေသူမျက်နှာမှာ အရယ်အပြုံးမရှိပေမယ့် အရှိန်အဝါတစ်မျိုးထွက်ပေါ်နေတယ်
ထိုစဉ် တံခါးပွင့်လာပြီး ခန်းမထဲကိုတစ်လှမ်းချင်း လျှောက်ကာဝင်လာသည့် အရိပ်ကလေး
သူအနားရောက်လာတော့ လက်ကမ်းပေးလိုက်ပြီး ဖာသာရှေ့မှာ အတူယှဉ်ရပ်လိုက်ကြသည်
ဖာသာ-"သတို့သား ၀မ်ရိပေါ် သတို့သမီး ဖြစ်သူ ကျောက်လုစီ အားသက်ဆုံးတိုင် ပေါင်းဖက်သွားပါမည်ဟု ကတိပေးနိုင်ပါသလား"
ရိပေါ်-"ပေးနိုင်ပါတယ်"
ဖာသာ-"သတို့သမီး ကျောက်လုစီ သတို့သားဖြစ်သူ ၀မ်ရိပေါ်အား သက်ဆုံးတိုင် ပေါင်းဖက်သွားပါမည်ဟု ကတိပေးနိုင်ပါသလား"
လုစီ-"ကျွန်မ....ကျွန်မ..."
ဖာသာ-"သတို့သမီးဖြစ်သူ ကတိပေးနိုင်ပါသလား"
လုစီ-"ကျွန်မ တောင်းပန်ပါတယ်ရိပေါ် ရှင်နဲ့ လက်မထပ်နိုင်ဘူး" ဟုပြောကာ ခန်းမထဲမှထွက်ပြေးသွားခဲ့သည်
ကျန်ခဲ့သည့်သူများမှာတော့ထွက်ပြေးသွားသည့်သူမအားကြည့်ရင်း အံ့သြလျက် ဘာလို့များ ၀မ်ရိပေါ်လို ပြီးပြည့်စုံသည့်သူကို လက်မထပ်နိုင်ပါလိမ့်
YOU ARE READING
Over the Rainbow
Fanfictionငါအရှက်ကွဲသလိုမင်းလဲပြန်ခံစားရမယ် #wang yibo ငါဆိုတာ အစကတည်းကရှုံးနေပြီးသား #xiao zhanငါအရှက်ကွဲသလိုမင်းလဲပြန်ခံစားရမယ် ...