HAPPY BIRTHDAY JUNGKOOKIE

4.4K 608 87
                                    

"TaeHyung ~ မင်း Scheduleရှိသေးလား"

အကတိုက်ပီးမောလာတာမို့ ရေထိုင်‌သောက်နေတုန်း Namjoon Hyungကမေးလာတယ်။

"ဒီည၉ခွဲကနေ စပီး မနက်ဖန်ည ၉ခွဲအထိ ကျွန်တော့် မန်နေဂျာကို အားလုံးရှင်းခိုင်းထားတယ် Hyung ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး ~ဒီည Jungkook မွေးနေ့ ကို Surpriseလုပ်ပေးမလို့ မင်းကအဓိကလူမဟုတ်လား အဲတာကြောင့် အားမအားမေးကြည့်တာပါ"

"ကျွန်တော့်ကောင်လေးအတွက် တနေ့လုံး အချိန်အပြည့်အ‌ဝပေးဖို့ စဉ်းစားထားပီးသားပါ Hyung ရယ်"

"အေးပါကွာ~မေးမိတဲ့ ငါ့အမှား"

Namjoon Hyungက သဘောကျစွာရီမောနေတော့သည်။Jungkookက သူ့အတွက်အရာရာမို့ အချိန်အကုန်ပေးဖို့ စဉ်းစားထားပီးသား..

Jungkook ကို Hyung တွေက Birthday Surprise လုပ်နေကြတာကို သဘောကျမိတယ်။ကြည့်ပါဦး သူ့ကောင်လေးကို အကိုကြီးတွေက ဘယ်လောက်တောင်မှ ချစ်လိုက်ကြသလဲ။

အားလုံးပီးတော့ အကတိုက်သူကတိုက် အသံသွင်းသူကသွင်းနဲ့မို့ အလုပ်ရှုပ်ကုန်ကြသည်။

"TaeHyungshi ခနလာဦးတဲ့ မန်နေဂျာကခေါ်‌ခိုင်းလို့"

ဖုန်းလေးထုတ်၍ Weverseခနဝင်ကြည့်နေတုန်း Staff တစ်ယောက်က လာခေါ်တာမို့ မန်နေဂျာကြီးရဲ့ အခန်းကို ထွက်လာခဲ့တယ်။

"မန်နေဂျာကြီး ခေါ်တယ်ဆိုလို့"

"ဟုတ်တယ် TaeHyungရေ ထိုင်ပါဦး~အကိုပြောချင်တာရှိလို့"

"ဟုတ်!မန်နေဂျာကြီး ပြောပါ"

ကျွန်တော်လဲ မန်နေဂျာပြောလာမဲ့စကားကို စောင့်စားနေမိတာပေါ့။သေချာတာက Jungkookနဲ့ပတ်သက်နေရမည်။

"ဒီနေ့ Jungkookက Liveလွှင့်ဖို့ခွင့်တောင်းထားတယ်~အဲတာ TaeHyungက အရင်တခါကလို လုပ်လို့မဖြစ်ဘူးနော် အဲ့တုန်းက ဘယ်လောက် ဂယက်ထသွားလဲ သိတယ်ဟုတ် "

အရင်တခါ Jungkook live လွှင့်တာကို screenshotရိုက်ပီး တင်ခဲ့တာကို ပြောနေခြင်းပင်။အဲ့တုန်းက Taekook က Trendဝင်သွားခဲ့ပီး Mediaတွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုခံခဲ့ရသည်။

"ဟုတ် စိတ်ချပါ မန်နေဂျာကြီး နောက်မဖြစ်စေရပါဘူး"

Idolတွေရဲ့ Relationshipမှာ Hot ဖြစ်သွားလို့ ကောင်းတာ ဘာတစ်ခုမှမရှိတာ သိတာကြောင့် Jungkookရော သူရော သိုသိုသိပ်သိပ်နေခဲ့ကြရသည်။တခါတလေတော့လဲ Idolဆိုတဲ့ ဖြစ်တည်မှုကိုမေ့ထားပီး သာမန်လူလို သူ့ကောင်လေးကို ပေါ်ပေါ်ထင်ထင်ချစ်ပြချင်သည်။

You've reached the end of published parts.

⏰ Last updated: Apr 04 ⏰

Add this story to your Library to get notified about new parts!

HAPPY BIRTHDAY JUNGKOOKIE(One Short)Where stories live. Discover now