#4 Adult

461 67 48
                                    

Unicode

ဒီရက်ပိုင်းတွေမှာ ဘာကြောင့်မှန်းမသိ Hoseok ကိုမျက်နှာချင်းမဆိုင်ချင်သေးတာကြောင့် အချိန်တော်တော်များများဟာ သူ Jimin အိမ်မှာသာသောင်တင်နေဖြစ်သည် ။
နားလည်ရခက်တာက Hoseok ကိုမြင်လိုက်တိုင်း ပြီးခဲ့တဲ့ညကဖက်အိပ်ပေးခဲ့တာကိုသာပြန်မြင်ယောင်လာတတ်ပြီး ဦးလို့ခေါ်ဖို့ဘာလို့ပြောခဲ့မိတာလဲဆိုတာစဉ်းစားမရတော့ပေ
သေချာတာတစ်ခုက Kusakabe Taehyung တစ်ခုခုဖောက်ပြန်နေပြီ

"မင်းကိုယ်မင်းဘယ်လိုလုပ်ပြီးယောက်ျားလေးချင်းစိတ်ဝင်စားတယ်ဆိုတာသိခဲ့တာလဲ Jimin "

တွေး‌ဆဆလုပ်ကာမေးတော့ Jimin တစ်ယောက်ဂိမ်းဆော့နေရာကနေသူ့ကိုဖျက်ခနဲလှည့်ကြည့်သည် ။
တစ်ခုခုဆိုမေးဖို့သူငယ်ချင်းဆိုလို့ နီးနီးနားနား Jimin တစ်ယောက်ပဲရှိတာ
ပြီးတော့ Jimin က openly gay ဖြစ်တာကြောင့် သူ့ကိုတစ်ခုခုပြော‌ပြပေးနိုင်မယ်လို့ထင်တာကြောင့်မေးလိုက်မိခြင်းဖြစ်သည် ။
ယောက်ျားလေးနှစ်ယောက်ကြားမှာ ရှက်ကို့ရှက်ကန်းဖြစ်နေတာကအနည်းငယ်တော့ထူးဆန်းတယ်မဟုတ်လား

"ဘာလဲ မင်းရောစိတ်ဝင်စား‌နေပြီလား "

ပြန်မေးလာတဲ့ Jimin အသံကခပ်ရွှင်ရွှင် ...

"ယောက်ျားလေးချင်းကိုကွာ ရှက်ကို့ရှက်ကန်းဖြစ်နေမိတာ
ငါ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်ဖူးတာပဲ ဒါပေမယ့်ဘာလို့လဲမသေချာဘူး "

Taehyung စကားအဆုံး Jimin တစ်ယောက်လက်ထဲကဂိမ်းစက်ကိုပစ်ချပြီး ပြူးပြူးပြာပြာဖြစ်သွား၏

"ဘယ်သူလဲ အဲ့ဒါဘယ်သူလဲ "

"မသေချာပါဘူးကွာ အဲ့ဒါထက်ကိုယ့်ဟာကိုယ် ဟုတ်လားမဟုတ်လားဘယ်လိုသိနိုင်တာလဲ "

"အဲ့ဒါကတော့ငါလည်းဘယ်ပြောတတ်မလဲ
မင်းကယောက်ျားလေးတွေကိုပဲရင်ခုန်ရင်အဲ့လိုပေါ့ မဟုတ်ရင်လည်းနှစ်မျိုးလုံးစိတ်ဝင်စားနိုင်တာပဲလေ အဲ့ဒါကအရေးကြီးလို့လား
အဲ့ဒီလူကိုသဘောကျနေရင်ပြီးတာပဲကို ယောက်ျား မိန်းမကအရေးပါလို့လား "

သူ့သူငယ်ချင်းက လေးလေးနက်နက်ပြောတယ်ဆိုတာအတော်လေးရှားတာမို့ Taehyung အတော်လေးခေါင်းခြောက်သွားရသည် ။

You've reached the end of published parts.

⏰ Last updated: Nov 18, 2022 ⏰

Add this story to your Library to get notified about new parts!

HOMEWhere stories live. Discover now