𝖤𝗑𝗉𝗂𝗋𝖾𝖽 𝖫𝗈𝗏𝖾 || 𝗏𝗆𝗂𝗇

435 56 26
                                    

(unicode)

ဂျိန်း!!

တိုက်ခန်းအဝင်နားရောက်မှ ကျယ်လောင်စွာမြည်ဟီးလာသော မိုးချိန်းသံနှင့်အတူ မိုးစက်မိုးပေါက်တို့သည့် အပြေးအလွှားခုန်ဆင်းလာကြသည်။ ထီးလည်းမပါသည်မို့ လွယ်လာသည့်အိတ်ကိုသာ ခေါင်းပေါ်တင်လျက် ဂျီမင် အသားကုန်ပြေးရတော့သည်။ တံဆပ်မြိတ်ရောက်မှ ခေါင်းပေါ်မှအိတ်ကို ရေခါရသည်။ အိတ်ကိုခပ်ဆတ်ဆတ်လေးခါချလိုက်ရင်း ဂျီမင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ မည်းမှောင်နေသာတိမ်တိုက်များကြောင့် ညနေခြောက်နာရီကျော်သာရှိနေသော်လည်း ပတ်ဝန်းကျင်သည် ပုံမှန်ထက်မှောင်ကျနေသည်။ တဖြည်းဖြည်းသည်းလာသောမိုးကိုကြည့်ကာ ဂျီမင် သက်ပြင်းရှည်ကြီးကို လေးလံစွာချလိုက်သည်။

"တော်သေးတာပေါ့၊ အလုပ်ဆင်းမှရွာလို့"

မိုးစက်မိုးပေါက်တို့ဖြင့် မှောင်မိုက်နေသောပတ်ဝန်းကျင်ကိုချန်ထားရစ်ကာ ဂျီမင် လှေကားပေါ်သို့ပြေးတက်သွားသည်။ အလယ်လတ်တန်းစားသူ့အတွက် အဘက်ဘက်မှအခက်အခဲများစွာကြောင့် ဒီလိုတိုက်ခန်းလေးကိုသာ ငှားနိုင်သည်။ ဓာတ်လှေကားမရှိသည့်အတွက် လေးထပ်ရှိသူ့တိုက်ခန်းသို့ အလုပ်သွားအလုပ်ပြန် လှေကားဖြင့်သာ အတက်အဆင်းလုပ်ရသည်။ အလုပ်သွားချိန်အဆင်ပြေသော်လည်း အလုပ်မှပြန်လာချိန်တွင်တော့ တစ်နေကုန်ပင်ပန်းထားသည်ကြောင့် မဖြစ်နိုင်မှန်းသိသည့် ဓာတ်လှေကားကိုတောင့်တမိသေးသည်။

အဖြူရောင်lineများအနည်းငယ်ပါသည့်မီးခိုး‌ရောင်shoeလေးသည် ရေစိုသွားကာ ပျော့အိနေသည်။ တိုက်ခန်းတံခါးရှေ့တွင်ရပ်လိုက်ပြီး shoeကိုငုံ့ကြည့်လိုက်ရင်း ဂျီမင် စိတ်မကောင်းဖြစ်သွားသည်။ မှတ်မှတ်ရရ သူ့ရဲ့မွေးနေ့တွင် ထယ်ယောင်းထံမှရသော ပထမဆုံးလက်ဆောင်လေးမို့ ဟောင်းသွားသည်တိုင်အောင် သူလွှင့်မပစ်ရက်ပဲ ပေကပ်ကာစီးဖြစ်နေခြင်း။ ဒီမိုးအနေအထားဖြင့်ဆို မနက်ဖြန်တော့ ဒီshoeကိုစီးလို့ရမည်မဟုတ်တော့။

စုံတွဲချင်း ဖိနပ်လက်ဆောင်ပေးလျှင် ကိုယ့်ဆီမှထွက်ပြေးသွားတတ်သည်ဟု ဂျီမင်ကြားဖူးသည်။ သူတို့နှစ်ယောက်သည် စုံတွဲဟုအမည်တပ်နိုင်ရန် မသေချာသော်လည်း သူ ထယ်ယောင်းထံမှ မည်သို့သော အကြောင်းပြချက်မျိုးနဲ့မှ ထွက်ပြေးနိုင်မည်မဟုတ်ကြောင်းကို ဂျီမင် ကိုယ့်ကိုယ်ကိုအသိဆုံးဖြစ်သည်။

𝖯𝗂𝖾𝖼𝖾𝗌 𝗈𝖿 𝖢𝗅𝗈𝗎𝖽 [ 𝗈𝗇𝖾 𝗌𝗁𝗈𝗍 𝖼𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇 ]Where stories live. Discover now