unicode #
"အိမ်ရှေ့စံမင်းသား နဲ့ အိမ်ရှေ့စံကြင်ယာတော် ကြွချီလာပါပြီ "
မင်းသား၄ရဲ့ အိပ်ဆောင်အတွင်း ကျန့်ကျန့်လက် ကို ဆွဲပြီး ဝင်လိုက်တာ နဲ့ ထုံသင်းနေတဲ့အမွေးနံ့သာနဲ့အတူ စိမ်းရွှင်ရွှင် ဆေးရွက်နံ့တွေက မွှန်ထူလို့ အခန်းဟာလည်း တိတ်ဆိတ်မှောင်မဲ ပြီးကြောက်စရာအတိ
"အဟွတ် အဟွတ် "
"ကျန့်ကျန့် အဆင်ပြေလား "
"ရ အဟွတ် အဟွတ် တယ် အဟွတ် အဟွတ် "
အဟွတ်ဟွတ် ချောင်းဆိုးနေတဲ့ ကျန့်ကျန့်ကို ရင်ခွင်ထဲ ထည့်ကာ ကျောကုန်းတွေကို ဖွဖွ ထု ပေးလိုက်ပြီး အခိုးအငွေ့ကြားထဲက အကိုတော်၄ကို ရှာလိုက်သည်
"အကိုတော် ၄ "
"အကိုတော် ၄"
အခိုးအငွေ့တွေကြားထဲ ကနေ အရှေ့ကို ဆက်ပြီး သွားလိုက်ကာ အော်ခေါ်လိုက်တော့ ရင်ခွင်ထဲက ကျန့်ကျန့်က ဝတ်စုံစကို တင်းတင်းဆုပ်ပြီး
"အဟွတ် အဟွတ် "
"အကိုတော် ၄ ရှိလား အကိုတော် ၄"
"ရောက်လာပြီလား ညီတော်အိမ်ရှေ့စံ "
ရေချိုးဆောင်ဘက်ကနေ အသံ ကြားရတာမို့ ရေချိုးဆောင်ဘက်ကို ခပ်မြန်မြန် လှည့်လိုက်ကာ အပြင်ဘက်က ရံရွေတော်တွေကို လှမ်းအော်လိုက်သည် (ဒီလိုလုပ်ရတာက ပိုင်ရှင်မရှိဘဲနဲ့ ပိုင်စိုးပိုင်နင်းမလုပ်ချင်လို့ပါ ပိုင်ရှင်ရှိမှန်းသိတော့ အိမ်ရှေ့စံရာထူးနဲ့ အမိန့်ပေးတာပါ)
"မြန်မြန်လာပြီး တံခါးတွေ ဖွင့်ကြစမ်း "
စူးစူးရဲရဲ အော်သံပြုပြီးသည်နှင့်အပြင်ဘက်က ရံရွေတော်တွေက ခပ်မြန်မြန် ဝင် လာပြီး အခန်းထဲက တံခါးမှန်သမျှကို ဖွင့်လိုက်တော့သည်
"ညီတော်အိမ်ရှေ့စံ က ကိုယ့်အိပ်ဆောင်လို့ ပြုမူနေတာဘဲ "
ရေချိူးဆောင်ထဲ က အကိုတော်လေး က ရေချိုးဝတ်စုံအစိမ်းနုရောင် အပါးကိုဝတ်ထားလျက် ရေစိုနေတဲ့ အနက်ရောင် ဆံသား တို့ကို ဖြန့်ချကာ ရေစက်တို့တွဲခိုလျက်ရှိတဲ့ ရင်ဘတ်ပိုင်းကို ဟလျက်သားနဲ့ အိမ်ရှေ့စံနဲ့ ကြင်ယာတော် ရှိရာ ဆီကို တလှမ်းချင်းလျောက်လာတော့သည် (🤤 👈လက်ရှိmode)
ကျန့်ကျန့်ရဲ့ မျက်လုံးများဟာလည်း ထို ဟလျက် ထားသည့် နေရာ ဆီသို့ အကြည့်တွေဟာ မခွာနိုင် ရုတ်တရက် ဆိုသလို မြင်ကွင်းရှေ့သို့ အမှောင်အတိ ဖြစ်သွားပြီး ခန္ဓာကိုယ် ဟာလည်း တပတ် လည် သွား သည် တခဏချင်း မြင်ရတဲ့ မြင်ကွင်း ဟာလည်း ပြောင်းသွားသလို မျက်လုံးရှေ့ နက်ပြာရောင် အဝတ်စကြီးက နေရာ ယူလာတော့ သည် ပြောင်းလဲသွားတဲ့ အခြေနေကို မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကို မော့ လိုက်စဥ် မျက်ခုံးများ တခုခု နဲ့ ထိလုနီးနီးကြုတ်ထားတဲ့ အိမ်ရှေ့စံရဲ့ မျက်နှာကို မြင်လိုက်ရသည်
![](https://img.wattpad.com/cover/283894189-288-k651653.jpg)
YOU ARE READING