Chapter - 2

126 20 1
                                    

ချန်ကန်တိုက်ကြီးတွင် နယ်မြေများကို အောက်ပိုင်း ၊ အလယ်ပိုင်း ၊ အထက်ပိုင်း ဟူ၍ သုံးပိုင်းပိုင်းခြားထားလေသည် ။ အောက်ပိုင်းနယ်မြေတွင် ဝူမန်ဂိုဏ်း ၊ လန်ဟွားဂိုဏ်း ၊ ယင်ယန်ဂိုဏ်း ၊ ကောင်းကင်နှလုံးသားဂိုဏ်း တို့သည် ထိပ်သီးဂိုဏ်းကြီးများဖြစ်သည် ။

ပိုင်တောင်ထွဋ်သည် ဝူမန်ဂိုဏ်း၏ အုပ်ချုပ်မှုအတွင်း အပါအဝင်ဖြစ်သော်လည်း သူ့သီးသန့်ကို အားကြီးသော အင်အားတစ်ခုအဖြစ် မှတ်ယူနိုင်လေသည် ။ ပိုင်ရှန်းသခင် ပိုင်လော့ရင်း အောက်ပိုင်းခရိုင် တွင် ထိပ်သီးများအနက် ထိပ်သီးဟု ဆိုနိုင်သည် ။ ထိုကဲ့သို့ပင် သူ၏တပည့်ဖြစ်သူ လော့ပင်းရန်သည် အောက်ပိုင်းခရိုင်၏ ဒဏ္ဍာရီလာ ပါရမီရှင် ဖြစ်လေသည်။  သူမရဲ့ ပေါ်ထွက်လာမှုက ကွင်းပြင်တစ်ခုလုံးကို ဆူပွက် သွားစေခဲ့သည် ။

ဖုန့်ဟွားအာက လှဲကျနေရာမှ ထရပ်လိုက်သည် ။ တဖက်လူသည် သူမကို တိုက်ခိုက်ရာတွင် ညှာတာထားခြင်းမရှိပါက တိုက်ခိုက်မှု တစ်ခုကပင် သူမအသက်ကို နူတ်ယူသွားစေနိုင်လေသည် ။ သူမ လက်ကို ခပ်တင်းတင်းဆုပ်မိလိုက်ပြီး အကြည့်များသည် ပိုခိုင်မာလာသည် ။ ပိုင်လော့ရင်းရဲ့ တပည့်ဖြစ်ရန် သူမ ဆန္ဒရှိနေခဲ့သေးသည် ။ အရင်က လော့ပင်းရန် ဒီမိန်းမသည် ဘာမှမဟုတ်ဘဲ အဆင့်နိမ့်ဝိညာဉ်ရေးရာ စွမ်းအင်ရှိသည့် လမ်းဘေးက ကလေးတစ်ယောက်သာသာ ဆိုသည့်အကြောင်းသည် လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ ။ ထိုကဲ့သို့ အသုံးမကျသည့်လူကိုတောင် ဒီလိုပြောင်းလဲပေးနိုင်လျှင် သူမလို မွေးရာပါ ပါရမီရှင်က သူမထက် ပိုတိုးတက်နိုင်မည် မဟုတ်ပါလား ။

ထိုအတွေးပေါ်လာသည်နဲ့ သူမသည် ပိုလို့ စိတ်အားထက်သန်လာခဲ့သည်။  သူမက ဝတ်ရုံကို အသာပြင်ဆင်လိုက်ပြီး  ပါရမီရှင် အသွင်ကို ပြန်ယူလိုက်ကာ လက်နှစ်ဖက်ကို ယှက်လျက် လော့ပင်းရန်အား အရိုအသေပြုဟန် လုပ်လိုက်သည်။ " ဒီဂျုနီယာက အလောကြီးပြီး မဆိုသင့်တဲ့စကားကို ဆိုမိပါတယ်.. စီနီယာက ခွင့်လွှတ်ပေးပါ .. ဒါပေမဲ့ ဂျုနီယာက ဆရာသခင်ရဲ့ တပည့် တကယ်ဖြစ်ချင်တာပါ .."

ဖုန့်ဟွားအာရဲ့ လေသံအေးအေးက ကွင်းပြင်အတွင်းဖြတ်တိုက်လာခဲ့ကာ ဆူပူမှုကို အနည်းငယ်ငြိမ်ကျသွားစေခဲ့သည်။သူမရဲ့ ပုံရိပ်လေးသည် အဝေးကကြည့်လျှင်ပင် ခိုင်မာသည့် ဆုံးဖြတ်ချက်များနဲ့ မယိမ်းယိုင်သည့် စိတ်ထားကို ခံစားမိကြသည် ။ ဒီလို တည်ငြိမ်ပြီး မွေးရာပါ စွမ်းအားမြင့်သည့် တပည့်မျိုးကို လက်မခံသည့် လူသည် မျက်လုံးကန်းနေခြင်း သို့ ရူးနေခြင်းသာ ဖြစ်ရမည် ။

You've reached the end of published parts.

⏰ Last updated: Oct 09, 2021 ⏰

Add this story to your Library to get notified about new parts!

ထာဝရသို့ လျှောက်သောလမ်းWhere stories live. Discover now