သာယာသော နံနက်ခင်းတစ်ခု။
ကျေးငှက်များ၏ တကျိကျိအော်မြည်သံများဖြင့် ဂျယ်ဂျူ မြို့၏
နံနက်ခင်းကိုအလှဆင်ထားသည်။ညကရွာထားသော မိုးကြောင့် ထင်သည်...
ထယ်ဟျောန်း၏ အိပ်ယာဘေး ပြတင်းပေါက်
အပြင်ဘက်တွင် စိုက်ထားသော
သစ်ခွပန်းပင်လေးမှာ ပို၍
လန်းနေပုံ ပေါ်သည်။ပြတင်းပေါက်ဖွင့်ဖွင့်ချင်း မြင်လိုက်ရသောပတ်ဝန်းကျင်မှာ
ပုံမှန်ထက်ပင်သာယာနေသောကြောင့်
သူ၏ စိတ်အစဉ်မှာလည်းကြည်လင်သွားရ၏။ခြံအပြင်ဘက်မှ ပုံရိပ်တစ်ခုအား မမြင်ခင်အထိပေါ့။
ထယ်ဟျောန်းတို့၏အိမ် ခြံစည်းရိုးမှာ
ပုံမှန်လူတစ်ယောက်၏ ခါးအမြင့်သာသာပဲ
ရှိတာမို့ ခြံအတွင်းဘက်ကို
ရှင်းရှင်းလင်းလင်းပင်မြင်နေရသည်။ခြံအပြင်မှ အိမ်ထဲသို့ လှမ်း၍ တစ်စုံတစ်ယောက်အား
ရှာနေပုံပေါက်သော ထိုသူမမြင်ခင်
ထယ်ဟျောန်းအခန်းထဲသို့ မြန်မြန်ဝင်ရမည်။သူသိသည်လေ... ထိုသူရှာနေတဲ့
တစ်စုံတစ်ယောက်က ထယ်ဟျောန်းဆိုတာ။ခြံအပြင်ဘက်မှ ချွဲဘောမ်ဂယူ ဟူသော သူမှာ
လွန်ခဲ့သော တစ်ပတ်လောက်မှ စ၍
ထယ်ဟျောန်းအား သဘောကျသည် ဟုဆိုကာ
သူ့အနောက်မှ တကောက်ကောက်လိုက်နေခဲ့သည်။ထို့ကြောင့် ထယ်ဟျောန်းမှာ ထိုသူအား
တွေ့တိုင်း ပတ်ပြေးနေရသည်။
သို့တိုင် ထိုသူမှာ သူ့အိမ်ကိုတော့ မသိသောကြောင့်
အိမ်ထိတော့ မလိုက်လာနိုင်၍
ထယ်ဟျောန်း စိတ်ချမ်းသာနေခဲ့သည်။သို့သော် ယခုအခြေအနေကို ကြည့်ခြင်းဖြင့်
ထိုစိတ်ချမ်းသာမှုမှာ မနေ့ကအထိသာ
ဖြစ်ဟန်တူသည်။ထယ်ဟျောန်းက ထိုသူ့အားအနားကပ်မခံသောကြောင့်
ထယ်ဟျောန်း၏သူငယ်ချင်းဖြစ်သူ ဟျူးခါး အားကပ်ပေါင်းခဲ့သောထိုသူသည်
ဟျူးခါးထံမှ သူ၏
အိမ်လိပ်စာကို သိခဲ့ ပုံပေါ်သည်။အချိန်မှီ အခန်းထဲ သို့ ပြေးဝင်ခဲ့သော်လည်း
ခြံအပြင်မှခေါ်သံအား ကြားလိုက်ရသောကြောင့်
ထယ်ဟျောန်းအား မြင်သွားပြီဖြစ်ကြောင်း
သိလိုက်သည်။
![](https://img.wattpad.com/cover/284022637-288-k935797.jpg)