ကျောင်းပွဲတော်နေ့မှာဖြစ်သည်။
ယခင်နှစ်များမှာ သူဒီလိုနေ့မျိုးဆို ကျောင်းကိုမလာတတ်ပေ။
အခုတော့ ဟျူးနင်းခါအီကောင်းမှုကြောင့်
ရှုပ်ယှက်ခတ်နေသော အတန်းထဲမှာ
သူထိုင်နေရသည်။
လူမှုဆက်ဆံရေးကောင်းလွန်းသော
ဟျူးခါတစ်ယောက်မှာ အတန်းထဲကလူများကို ကူညီရင်းအဖွဲ့ကျနေသည်။
သူကတော့ တစ်ယောက်ထဲသာ ထိုင်နေရင်း
ထိုအုပ်စုကို ကြည့်နေရသည်။
ဒါ မတရားဘူးလို့လည်း ခံစားလာရသည်။
ဟျူးနင်းခါအီတို့ရှိရာကို ကြည့်နေသည့်
သူ့အကြည့်များက တဖြည်းဖြည်း
မျက်မေှာင်ကြုတ်လာသည်။
သူ့ကို လှည့်ကြည့်လာသည့် ခါအီရဲ့အကြည့်များနှင့်ဆုံသောအခါ သူ
မျက်နှာလွဲလိုက်သည်။
သူ့ဆီသို့ လျှောက်လာသည့် ခါအီ့ေြခသံ
တွေကိုလည်း သူကြားနေရသည်။"ငါတို့ တခြားနေရာသွားကြမလား?"
"မသွားခင်ဘူး ငါ ပြန်တော့မှာ"
"ဒီတောင်ရောက်နေပြီပဲ ဘာလုပ်ဖို့ပြန်မှာလဲ? ကျောင်းကိုခနလောက်ပတ်ရအောင်လေ"
မလိုက်ဘူးလို့ သူအတန်တန်ငြင်းသော်လည်း ဘယ်တုန်းက ခေါင်းမာသွားမှန်းမသိသော ခါအီက သူနဲ့အတူ
လျှောက်သွားရန် အတင်းကိုတိုက်တွန်းတော့သည်။
TaeHyun သူနဲ့ ဆက်မငြင်းနိုင်တော့။
ထိုကောင်လေးခေါ်ရာနောက်သာ လိုက်ခဲ့ရတော့သည်။
ကျောင်းရဲ့လူဆိုးလေးမှာ maskကိုတပ်
ဟူဒီခေါင်းစွပ်ကြီးစွပ်ပြီး ခါအီ့ဘေးမှာ
ကပ်လျှောက်လာသည်။
သူသာ ကျောင်းထဲမှာ ဒီလိုလမ်းသလားနေတာကို လူတွေသိသွားရင် သူတကယ်ကြီးကို သိက္ခာတွေကျကုန်မှာ။"TaeHyun ဘာတွေလုပ်နေတာလဲ?"
"မင်းသွားစရာရှိတာသာ သွားစမ်းပါ"
လမ်းခနထပ်လျှောက်ပြီး ခနအကြာမှာ...
"ငါတို့ ဒီထဲ၀င်ကြည့်ရအောင်"
TaeHyunကြည့်လိုက်တော့ ဘယ်အတန်းက
လုပ်ထားသည်မှန်းမသိသော ပေါတောတော
သရဲအိမ်။
ဘေးက ရူးကြောင်ကြောင်လူကလည်း
ဒါကြီးကို လုံး၀စိတ်၀င်စားဟန် ရူးသွပ်လို့နေသည်။
'TaeHyun ရေ ၀င်ကြည့်ရအောင်' ဆိုပြီးလည်း တဖွဖွ ရေရွတ်နေသည်။