BH : 3

618 72 4
                                    

"အမည် Jung Mi Seok
အသက် 76နှစ်
သေဆုံးချိန် မနက်5နာရီ"

အလောင်းကို ပိတ်စဖြူအုပ်ကာ သေစာရင်းရေးနေသော ဆရာဝန်နှစ်ဦး။

ကျနော့်အဘွားရဲ့ သတင်းကြားကြားချင်း ကျနော် ဂွမ်ဂျူကို အမြန်ဆင်းလာပေမဲ့
အသက်မရှိတော့တဲ့ အဘွားရဲ့ခန္ဓာကသာ ကျနော့်ကို စောင့်ကြိုနေခဲ့တယ်။

ဆယ်နှစ်သားအရွယ်ထဲက မိဘတွေဆုံးရှုံးသွားခဲ့တဲ့ ကျနော်ဟာ အဘွားရဲ့သွန်သင်စောင့်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့ရတာ။

အဘွားက ကျနော့်အတွက်တော့နှစ်ယောက်မရှိတဲ့ ဆွေမျိူးသားရင်း။ ကျနော့်ရဲ့ အရာရာကိုနားလည်ပေးတယ်။

အဘွားရဲ့လုပ်ငန်းကို မဆက်ခံပဲ ဆ်ိုးလ်တက်ပြီး အကသင်မယ်ဆိုတုန်းကလဲ 'မြေးသဘောအတိုင်းလုပ်' ဆိုပြီးခွင့်ပြုပေးခဲ့တယ်။

ယွန်းဂီ Hyungနဲ့ ယောကျာ်းချင်းချစ်ကြိုက်တာက်ို ဖုန်းနဲ့ဖွင့်ဟဝန်ခံတုန်းက 'မြေးစိတ်ချမ်းသာရင်ပြီးရော' ဆိုပြီး အပြစ်မတင်ခဲ့ဘူး

အဘွားမှာဘာဆန္ဒရှိလဲလို့မေးတိုင်း 'မြေးလေးဆန္ဒက အဘွားရဲ့ဆန္ဒပဲ' တဲ့

'ငါ့မြေးသာပျော်ရွှင်နေရင် အဘွားကျေနပ်တယ်။ မင်းအဖေတုန်းက အဘွားလိုက်ပိတ်ပင်ခဲ့မိလို့ သူ့ဘဝကိုပျော်ပျော်ရွှင်ရွှင်မဖြတ်သန်းသွားခဲ့ရဘူး။ ငါ့မြေးကိုတော့ လုပ်ချင်တာလုပ်ပြီးပျော်ရွှင်နေစေချင်တယ်။ ငါ့မြေးသိပ်ကြိုက်တဲ့အက ကိုကပြီး TVမှာပါလာမဲ့ ငါ့မြေးကိုကြည့်ဖို့က အဘွားရဲ့ဆန္ဒပဲ'     တဲ့ဗျာ

ကျနော့်အပေါ်သိပ်ချစ် ၊ အဖေလိုအမေလိုဂရုစိုက် ၊ ကျနော့်အတွက်အဖိုးမဖြတ်နိုင်တဲ့ လူသားဖြစ်တဲ့ အဘွားရဲ့ နောက်ဆုံးအချ်ိန်ကို ကျနော်မမှီခဲ့ဘူးတဲ့ဗျာ ...။

တွေးရင်းတွေးရင်း ဖြေသိမ့်မရဖြစ်လာတဲ့ ကျနော် ... ငိုကြွေးမိပါတော့သည် ။

တသွင်သွင်စီးကျနေတဲ့ မျက်ရည်တွေကို သုတ်ဖယ်ရှားခြင်းမပြုဘဲ ငြိမ်းချမ်းစွာအိပ်စက်နေပုံပေါ်တဲ့ အဘွားရဲ့အသက်မဲ့ခန္ဓာကိုသာ ပွေ့ပိုက်ရင်း ငိုကြွေးနေမိသည်။

Be Happy (Completed)Where stories live. Discover now