တစ်ရွေ့ရွေ့ကုန်လာတဲ့အချိန်တွေနဲ့အတူ'မ'အနားမှာအလုပ်လုပ်ရတာ ခွန်းအတွက်တော့ဆုလာဒ်တစ်ခုလိုပဲ အမြဲတမ်းလိုလိုငေးကြည့်ခွင့်ရသည်...
ခွန်း နားလည်လာခဲ့ပါပြီ
***ဘဝဆိုတာ နေတတ်ရင် ကျေနပ်စရာကောင်းသလို ၊ အချစ်ဆိုတာလည်း ချစ်တတ်ရင် ပူလောင်မှုကင်းပြီးပကတိအေးမြလှပါသည်***အချစ်ဆိုတဲ့ အဖြူထည်လေးကို လူတွေရဲ့အတ္တတွေ ၊မာနတွေ၊အမုန်းတရားတွေ၊လိုချင်တပ်မက်မှုတွေ အရောင်ခြယ်လိုက်တော့ မီးတောက်လေးသဖွယ် တစ်မြေ့မြေ့နဲ့ပူလောင်လှပါသည်....
'မ'ကိုငေးပြီး အတွေးနယ်ချဲ့နေတာ 'မ'ခေါ်မှပဲ အသိပြန်ဝင်လာသည်...
"ခွန်း...""ရှင့်မမ..."
"နေ့လည်စာသွားစားရအောင်..."
"လိုသေးတယ်လေမမရဲ့ အချိန်က ..."
"လာပါလိုသေးလည်း သွားရအောင်..."
"ဟုတ်ကဲ့.. "
"ဒေါက်ဒေါက်...ညီမလေး.."
"ဟာ...ကိုကို..ဘယ်ကလှည့်လာတာလည်း..."
'မ'ကိုကိုခေါ်လိုက်တဲ့သူဟာ 'မ'ရဲ့ချစ်လှစွာသော အစ်ကိုရောင်နီဦးဖြစ်လိမ့်မည်.."ညီမလေးဆီလာတာ.. အစ်ကိုနဲ့နေ့လည်စာသွားစားရအောင်...ပြီးတော့ပြောစရာလေးလည်းရှိလို့.."
"အတော်ပဲ အခုပဲ ခွန်းနဲ့နေ့လည်စာသွားစားမလို့..."
"သူက "
"သူက ခွန်းချိုခတဲ့ ညီမလေးအတွင်းရေးမှူးလေ...အစ်ကို့ကိုတစ်ခါပြောပြဘူးတယ်လေ"
"အော် ...အွန်းပါ..သိပြီသိပြီ"ခွန်း တစ်ယောက်တော့ မောင်နှမနှစ်ယောက်ကြား မျက်နှာကြီးပူထူနေသည်...
'မ'ရဲ့အစ်ကိုက 'မ'လိုတော့အရပ်မပုပါ အဝတ်အစားကိုသေသပ်လှပါစွာဝတ်ထားပြီး ခပ်မိုက်မိုက်ပုံစံလေးသာဖြစ်သည်...ဘေးတစ်ဇောင်းလေးကြည့်ရင် 'မ'နဲ့တောင်ရုပ်ချင်းဆင်သေးသည်.."ဟီး ကိုယ့်အစ်ကိုဖြစ်လာမဲ့သူပဲ...""သွားရအောင်..."
"ဟုတ် လာလေခွန်း..."သံသာက ခွန်းလို့ခေါ်လိုက်ပေမဲ့ ရောင်နီ့မျက်နှာက အနည်းငယ်ပျက်သွားသည်... တစ်ခုခုကိုအလိုမကျတဲ့ပုံစံကို ခွန်း ရုတ်တရက်မြင်လိုက်ရသည်..အလိုက်သိတဲ့ခွန်းက
YOU ARE READING
ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }
Romance{ Unicode } normal အချစ်ဝထ္ထုလေးတွေရေးရင်း လူငယ်တွေကြားထဲနာမည်ကြီးနေတဲ့ စာရေးဆရာမလေးကို စာအုပ်တိုက်မှ LGBT(girl love fic) ရေးဖို့တောင်းဆိုလာရင်း LGBT တွေအကြောင်းကိုလိုက်စုံစမ်းရင်းနဲ့ သူကိုယ်တိုင် မိန်းကလေးတစ်ယောက်အား ချစ်မိသွားသောအခါ ။ { Zawgyi } ...