Prof " ပထမပွဲစဥ်ပြီးတဲ့နောက်မှာ ထုတ်ပယ်ခံရတဲ့ အဖွဲ့နှစ်ဖွဲ့ကိုဖော်ပြပါမယ် ...."
julia " မနေ့ကဘယ်ရောက်နေတာလဲ ကုသဆောင်မှာလည်းမရှိဘူး အဆောင်မှာလည်း မရှိဘူး "
kris " မနေ့က... တောထဲရောက်နေတာ "
" တောထဲဘာသွားလုပ်တာလဲ "
" ဒီတိုင်းပဲ ပင်ပန်းလို့တောထဲမှာ အနားသွားယူတာ "
" omm "
* ငါလိုချင်တာ နင့်လက်ထဲမှာ ရှိနေသ၍ နင့်ကို မျက်စိအောက်က အပျောက်ခံလို့မရဘူး တောထဲမှာ အနားသွားယူတာကတော့ မသက်ာစရာပဲ... ငါ့ပစ္စည်းကို အမြန်ယူရမယ် *
Prof " အနိုင်ရရှိတဲ့ အဖွဲ့ ၈ ဖွဲ့ ဆက်လက် ယှဥ်ပြိုင်ရမယ့် ပြိုင်ပွဲကတော့ " Crown in The Maze " ဖြစ်တယ် ဝက်ပါထဲမှာ သရဖူ ၆ ခုရှိတယ် အဲ့ဒီသရဖူ ၆ ခုကို ရှာတွေ့ပြီးတာနဲ့ ထွက်ပေါက်ရှာပြီး အမြန်ထွက်လာနိုင်တဲ့ အဖွဲ့က အနိုင်ရရှိမယ် ...တယောက်ဆီက တယောက်လည်း လုယူနိုင်တယ် ဝက်ပါထဲမှာ ဘာစည်းမျဥ်းမှမရှိဘူး မှော်နဲ့ ဖန်ဆင်းထားတဲ့ ဝက်ပါ ဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် အသက်အန္တရာယ်တော့ မရှိပါဘူး ...ဟုတ်ပြီ ဒါဆိုရင် ပြိုင်ပွဲအကြောင်း ရှင်းပြပြီးပြီမို့ ကျင်းပမယ့်နေရာကို ရွေးချယ်မယ် "
စာလိပ်လေး ကို နှိုက်လိုက်ပြီး လူအများရှေ့ဖွင့်ချလိုက်တော့ မြေပုံပေါ်ကနေ အပေါ်ကို ကြွတက်လာတဲ့ Crystal City ရဲ့ ပုံရိပ်
Prof " အခုတခေါက်ပြိုင်ပွဲကျင်းပမယ့်နေရာကတော့ လေမျိုးနွယ်စုကို ကိုယ်စားပြုတဲ့ Crystal City မှာပဲ ဖြစ်တယ် "
Julia " အဲ့ကို ရောက်ဖူးလား "
kris " မရောက်ဖူးဘူး နင် ရော "
Julia " ကြားတော့ကြားဖူးတယ် "
Prof " Crystal City က Ash တိုင်းပြည်ရဲ့ မြို့တော် ဖြစ်တယ် မနက်ဖြန် ကျရင် ခရီးထွက်မယ် ပြိုင်ပွဲ ကတော့ မြို့တော်ရောက်ပြီး ၁ရက်ကြာတာနဲ့ စမယ် အားလုံးကြိုးစားကြပါ ထုတ်ပယ်ခံရမယ့် အဖွဲ့နှစ်ဖွဲ့ က ကိုယ်လဲ ဖြစ်နိုင်တာပဲ ဆိုပြီး မင်းတို့ရဲ့ ဂုဏ်သိက္ခာအတွက် ရေကုန်ရေခမ်း ကြိုးစားပြီး ယှဥ်ပြိုင်ကြပါ "
YOU ARE READING
ᴛʜᴇ ʟᴇɢᴇɴᴅꜱ
Fantasyမီးနဲ့ရေ....ငါတို့က ဆန့်ကျင်ဘက်တွေပဲ.... ဒါပေမယ့် ဆန့်ကျင်ဘက်တွေကမှ ဆုံဆည်းဖို့ကံပါလာရင်ရော..... အဆုံးသတ်ကျရင် ပေါင်းဖက်ခွင့်ရမှာတဲ့လား.....✡✡