Unicode
Tachi - TulipKhoon
Neko - အိမ့်မွန်းစံလက်တစ်ဖက်က ချည်မျှင်စလေးတွေကို သွယ်လျတဲ့လက်ချောင်းလေးမှာရစ်ပတ်ရင်း ထိန်းကာ နောက်တစ်ဘက်ကအပ်လေးကိုကိုင်ရင်း ချည်မျှင်လေးတွေကိုလိမ်ယှက်ကာဆွဲယူပြီး တဖြည်းဖြည်းပုံပေါ်ကာရရှိလာတဲ့ မာဖလာစလေးက လှပစွာ။
ရာသီဥတုကမိုးအကုန်ဆောင်းအကူးမို့ ချမ်းမနေသော်လည်းဆောင်းလေလေးက ခပ်စိမ့်စိမ့်လေးတိုက်လျှက်ရှိသည်။
မွန်းတို့ အဆောင်ကကျောင်းသားတွေကပိတ်ရက်ဆိုအိမ်ပြန်တက်ကြသည်မို့ ယခုလို ကျောင်းပိတ်ရက်ဆို နယ်ေ၀းမှကျောင်းသားများကလွဲပြီး အဆောင်တွင် လူများများစားစားရှိမနေပါ။
မွန်းရဲ့အခန်းဖော် ၂ ယောက်ကတော့မနက်ထဲကအိမ်ပြန်ကြတာဖြစ်ပေမယ့် နောက်တစ်ယောက်ကတော့ ပြန်လာမှာလားဆိုတာ သိပ်မသေချာ။ သူမအိမ်က ကျောင်းနှင့်မေ၀းသော်လည်း အဆောင်နေကာကျောင်းတက်ခြင်းဖြစ်သည်။
သူ့ရဲ့မိသားစုအကြောင်းမပြောပြပေမယ့် အတူတူနေခဲ့တဲ့လပိုင်းလောက်မှာသိရတာကတော့ သူ့မိဘတွေနဲ့အဆင်မပြေတာပင်ဖြစ်လိမ့်မည်။ ပြည့်စုံတဲ့မိသားစုပင်ဖြစ်ပါစေ စိတ်မချမ်းသာရမှုတစ်ခုကတော့ရှိမြဲမလို့ သူလဲအဲ့လိုပဲထင်ပါသည်။အခန်းထဲမှာ ၄ ယောက်နေရပြီး အားလုံးက နွေးနွေးထွေးထွေးဖြင့်အကူညီရပေမယ့် မိသားစုအကြောင်းတွေ မပြောချင်တဲ့ကိစ္စတွေဆို အတင်းမမေးတက်ကြတာမို့ သိပ်မသိတာမဆန်းပါ။
"ကျွီ~~~"
မွန်း ချည်ထိုးနေရင်းကနေ တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ ခွန်းဖြစ်နေသည်။ ဒါဆိုသူအိမ်မပြန်ဘူးပေါ့။
"ခွန်း နေ့လည်စာ စားပြီးပြီလား"
"အင်း"
အဖြေကို တိုတိုတုတ်တုတ်ဖြေတက်တာကလဲ ခွန်းရဲ့အကျင့်ပဲဖြစ်သည်။ ခွန်းရဲ့နာမည်အပြည့်စုံက ကျူးလစ်ခွန်း။ ဒီနာမည်လေးကို မွန်းစသိတုန်းကအတော်သဘောကျခဲ့တာဖြစ်သည်။ မွန်းကကျူးလစ်ပန်းလေးတွေကိုသဘောကျသည်။
နူးညံ့မနေဘဲ ဘယ်လိုအတွန့်အလိမ်မှမပါပဲ ပြေပြေလေးဖြင့် ငုံငုံလေးရှိနေတက်သည့် ကျူးလစ်ပန်းလေးက စိတ်ကိုရှင်းလင်းသွားတယ်လို့ထင်မိသည်။
YOU ARE READING
ချည်မျှင်လေးနဲ့ချစ်ခြင်း🔞
RomanceGL plus oneshot ( ချစ်ခြင်းမေတ္တာကိုသန့်သန့်လေး ဖတ်ရှုချင်သူများ ဖတ်ရှုရန်မသင့်! )