Zawgyi
" မင်းသမီးအေးချမ်းစွာအနားယူလို့ရပါတယ် မင်းသမီးကိုစောင့်ရှောက်ပေးဖို့ကျွန်မကိုအမိန့်ပေးထားပါတယ် _"
မိိမိတို့နှင့်ဝတ်စားပုံချင်းမတူပုံကလွဲရင်ထိုသူသည်၏ယဉ်ကျေးမှုသည်တော့မိမိတို့နှင့်တူပုံရသည်..ဒါနဲ့ မိမိပါသူတို့ဘုရင်ကိုလက်ထပ်လိုက်ရင် သူတို့လိုလိုက်ဝတ်ရမှာလို့ဟူ၍ တွေးမိသည့်အခါစိတ်ကတင်းကျပ်လာပြန်၏..
ဆံပင်တို့သည်တစ်ဝက်ကိုထုံးလျက် ကျန်တစ်ဝက်ကိုတော့ ချထားလေသည်...ထို့ပြင်အရှေ့တွင်ချထားသည့်ဆံမြိတ်တို့ကောက်နေပြန်သေးသည်..
'ဒါကတော့ အကုန်မနက်မှသိရမှာပဲလေ ငါကြိုတွေးပြီးခေါင်းကိုက်မခံတာပဲကောင်းမယ် _´
သူမသည်တော့ခေါင်းကိုအနည်းငယ်ခါလိုက်ပြီး အိပ်စက်ရန်ပြင်လိုက်၏..သို့သော်လည်း..
'ဂြီ~~~_´
ရုတ်တရက်ဗိုက်မှအချက်ပေးသံက မိမိညစာမစားရသေးကြောင်းဖော်ပြပေးနေလေသည်...
" မင်းသမီး..အထိန်းတော်ဟွမ်ပါ _"
သူမသည်တံခါးကိုခေါက်၍အသိပေးလိုက်ပြီး စားပွဲဝိုင်းတစ်ခုကိုကိုင်လျက်ဝင်လာ၏...
ထို့နောက်ထိုစားပွဲဝိုင်းလေသည်မိမိ၏ရှေ့တွင်နေရာယူလေတော့
သည်.." မင်းသမီးဗိုက်ဆာနေမယ်ထင်လို့ပါ ဒါကြောင့်ကျွန်မစားစရာပြင်လာပါတယ် _"
Hae Eunစားပွဲဝိုင်းတွင်ပြင်ဆင်ထားသည့်ဟင်းပွဲများကိုသာအာရုံရောက်နေသည်မို့ မိမိအားကြည့်နေသည့်အထိန်းတော်ဆိုသည့်သူမကိုပင်သတိမထားမိတော့ချေ...
" ဒါဆိုမင်းသမီးကိုမနှောက်ယှက်တော့ပါဘူး.._"
သူမသည်အရိုအသေပေးပြီးနောက်ထွက်သွားလေသည်..
'ဘာလို့ဟင်းတွေကငါ့အကြိက်ချည်းပဲလဲ_ ဒါမှမဟုတ် သူတို့စားတာကိုက ငါ့အကြိုက်ဖြစ်နေတာများလား??_ဘာပဲဖြစ်ဖြစ်ပါ..ငါတော့အကုန်စားမှာ _"

YOU ARE READING
영원히-Forever(Completed)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...