အထက်တန်းပထမနှစ်ရဲ့ ပထမဆုံးကျောင်းတက်ရက်။
နွေဦးရာသီက တောက်ပခြင်းနဲ့အတူ နွေးထွေးမှုကို သယ်ဆောင်လာတယ်။
ကျောင်းရှေ့ဝင်ပေါက်နားမှာ ရှုပ်ယှက်ခတ်နေကြတဲ့ ကျောင်းသားတွေကြားထဲ သူတို့နှစ်ယောက်က မတော်တဆအကြည့်ချင်းဆုံသွားကြတယ်။
ဘတ်ခ်ဟျွန်းက ချန်ယောလ်ရဲ့မျက်လုံးဝိုင်းဝိုင်းတွေထဲ ပြုတ်ကျသွားတဲ့အချိန်...
ချန်ယောလ်က ဘတ်ခ်ဟျွန်းရဲ့မျက်ဝန်းကျဉ်းကျဉ်းတွေထဲ ခြေချော်သွားတဲ့အချိန်...စတွေ့ခဲ့တဲ့ အဲဒီအချိန်ကတည်းက စိတ်ထဲကနေ အလိုလိုသိခဲ့ကြတယ်။
သူတို့ဟာ လောကကြီးအလယ် ဟန်ဆောင်မျက်နှာဖုံးကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ အယောင်ဆောင်လူသားနှစ်ယောက်ဆိုတဲ့အကြောင်း။
~~~
"ကျောင်းပွဲတော်မှာ အခန်းတစ်ခန်းချင်းစီက ဘာလုပ်မယ်ဆိုတဲ့အကြောင်း သိရပြီလား"
"အာ..အဲ့ဒါတွေက ကျွန်တော့်ဆီ အကုန်လာပို့ထားပြီးသား..ဒီရက်ပိုင်း အလုပ်နည်းနည်းရှုပ်နေလို့ မေ့နေတာနဲ့..ဟီးဟီး"
ကျောင်းကောင်စီအတွင်းရေးမှူးဖြစ်တဲ့ ပထမနှစ်ကျောင်းသားလေးက အားနာနေဟန် သွားဖြီးပြီး ရယ်ပြတော့ ဘတ်ခ်ဟျွန်းက ဘယ်တော့မှစိတ်မဆိုးတတ်တဲ့မျက်နှာထားနဲ့ နူးနူးညံ့ညံ့လေး ပြုံးပြလိုက်တယ်။
"ရပါတယ်...အစ်ကိုပဲ လုပ်လိုက်တော့မယ်၊ အချိန်လည်း သိပ်မကျန်တော့ဘူးဆိုတော့"
"အားနာလိုက်တာ စီနီယာရယ်"
"နေပါစေ၊ စာမေးပွဲကိစ္စနဲ့ အလုပ်ရှုပ်နေတာမလား၊ မြန်မြန်အိမ်ပြန်ပြီး စာလုပ်တော့လေ"
"ဟုတ်..ကျေးဇူးတင်ပါတယ် စီနီယာ"
ပထမနှစ်ကကောင်လေးက ကျေးဇူးတင်စကားကို တတွင်တွင်ပြောပြီးထွက်သွားတဲ့အခါ ကျောင်းကောင်စီအခန်းထဲမှာ ဥက္ကှဌဖြစ်တဲ့ ဘတ်ခ်ဟျွန်းတစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တော့တယ်။
ခုနက မျက်လုံးလေးတွေပိတ်သွားတဲ့အထိ နူးညံ့ကြင်နာစွာ ပြုံးပြနေတဲ့ နှုတ်ခမ်းတွေက ချက်ချင်းပဲ မျဉ်းဖြောင့်တစ်ကြောင်းလို ဖြောင့်တန်းသွားပြီး စားပွဲပေါ်မှာ ကျန်ခဲ့တဲ့စာရွက်အထပ်လိုက်ကို စိတ်ပျက်စွာ လှမ်းကြည့်လိုက်တယ်။
YOU ARE READING
That Someone [One shot]
FanfictionFrom the moment I met you, I knew 'that someone' was you. ChanBaek [one shot]