(Unicode)
(A/N နှစ်ပိုင်း up ထားတာနော် အရှေ့ကအပိုင်း မဖတ်ရသေးရင် အရင်သွားဖတ်ပါအုံး နှစ်ပိုင်းသုံးပိုင်း up ရင် ကြားထဲက အပိုင်းတွေက view နည်းသွားတယ် ။ ကျော်ဖတ်တော့ ဘယ်လိုလုပ် ကောင်းမှာလဲလို့...🤧)
Han Seo-ah က မင်္ဂလာပွဲမှာ တစ်ချိန်လုံး Jungkook ကို လိုက်ကပ်ပြီး အီစီကလီ လုပ်နေတယ် ။ Jungkook အခုချိန်
Taehyung နဲ့ တွဲမနေဘူးဆိုရင်တောင် ရည်းစားဟောင်းရဲ့ အချစ်ဆုံး သူငယ်ချင်းကို အီစီကလီလုပ်နိုင်တဲ့ Han Seo-ah ကို ရွံမုန်းမိမှာဖြစ်သည် ။Jungkook မြန်မြန်ပြန်နိုင်ရန် အကြောင်းရှာ လိုက်သော်လည်း အဲ့လိုလုပ်တာက ပိုတောင်ဆိုး သွားသေးသည် ။ Han Seo-ah က လမ်းကြုံ သူ့အိမ်လိုက်ပို့ပေးဖို့ တောင်းဆိုလာသည် ။ Jungkook လဲ မငြင်းနိုင်တဲ့အဆုံး လိုက်ပို့ပေး ရတော့သည် ။
Han Seo-ah ရဲ့ စကားတွေက အတိုင်းထက် လွန်လာပြီး Jungkook ရဲ့ ခန္ဓာကိုယ်ကိုပါ ထိတွေ့လာသည် ။ Jungkook ကို သူနဲ့ တွဲဖို့ အတင်းအကြပ် တိုက်တွန်းတော့သည် ။ Jungkook သည်းမခံနိုင်တော့ဘဲ ကားကို လမ်းဘေး
ထိုးရပ်လိုက်သည် ။"ဆင်းတော့ ငါမင်းကို လိုက်မပို့နိုင်တော့ဘူး"
"ဘာလို့ ငါ့ကို အတင်းငြင်းဆန်နေတာလဲ Taehyung ကြောင့်လား...သူနဲ့ ငါနဲ့က ပြီးခဲ့တာ ကြာပြီလေ"
"သူ့နာမည်ကို ဆွဲထည့်စရာ ဘာအကြောင်းမှ မရှိဘူး..ငါက ဒီအတိုင်း မင်းကို မကြိုက်..."
Jungkook ပြောလို့မဆုံးခင်မှာပဲ Han Seo-ah က သူ့မရဲ့ နှုတ်ခမ်းပါးကို Jungkook ရဲ့ပါးပြင်ပေါ် ဖိကပ်လိုက်လေသည် ။
ဖြစ်ချင်တော့ သူကားရပ်လိုက်တဲ့နေရာက စားသောက်ဆိုင် တစ်ခုရဲ့ ဘေးဖြစ်ပြီး အဲ့ဒီ စားသောက်ဆိုင်ထဲမှာ Taehyung တို့ မိသားစု ညစာစားနေကြသည် ။ Taehyung အပြင်ဘက်ကို ငေးကြည့်လိုက်တဲ့ အချိန် Jungkook ရဲ့ကားကို တွေ့လိုက်ရပြီး အဲ့ကားထဲက မိန်းကလေးက Jungkook ရဲ့ ပါးပြင်ပေါ်ကို အနမ်းချွေနေ သည်လေ ။
Taehyung ရုတ်တရက် စားလက်စ ဇွန်းခက်ရင်း တွေကို လွှတ်ချလိုက်မိသည် ။ ထိုမြင်ကွင်းကို ဆက်ကြည့်နိုင်စွမ်းမရှိတော့တဲ့အတွက် ထိုနေရာကနေ ပြေးထွက်သွားတော့သည် ။ Taehyung ရဲ့ မိဘတွေကတော့ ဘာဖြစ်မှန်းမသိဘဲ ကြောင်အမ်းအမ်း နဲ့သာ ကျန်ခဲ့လေသည် ။ ထိုနောက်က အဖြစ်အပျက် တွေကိုတော့ Taehyung မမြင်နိုင်ခဲ့ပါ ။
YOU ARE READING
SUGAR BABY <Complete>
Fanfiction(Uni+Zawgyi) ဒီ fic လေးကတော့ ပန်းချီဆရာ ငမွဲလေးနဲ့ သူ့ရဲ့ sugar baby လေး အကြောင်းပါ 😝 စကားအသုံးအနှုန်းတွေ ရိုင်းနိုင်ပြီး ကြမ်းလဲ ကြမ်းမှာပါ ဒါကြောင့် မဖတ်နိုင်ရင် ကျော်သွားစေချင်ပါတယ် ဖတ်ပြီးရင်တော့ အပြစ်မတင်ပါနဲ့လို့ ကြိုတောင်းပန်ပါရစေ ။ Main cou...