Unicode2011ခုနှစ် ။ (ချန်ယောလ် 12 နှစ်ပြည့်ခါနီး)
ချန်ယောလ်မွေးနေ့မရောက်ခင် နှစ်လအလို။
ပြင်သစ်မှာလုပ်တဲ့စာပေဟောပြောပွဲတက်ပြီးကတည်းကဂျွန်မြောင်အတော်အလုပ်များနေခဲ့ရတာ ။ ကုမ္ပဏီ ကိစ္စတွေအပြင် ဂိုဏ်းကအရှုပ်တွေကိုပါကူရှင်းပေးနေရတာမို့ သူ့အတွက် အားလပ်ချိန်ရယ်လို့မရှိ။
ညဘက်တွေအထိ သူ့မယ်အလုပ်စားပွဲပေါ်ထိုင်နေရတုံးပဲ။
"ဖေဖေ"
Pajamaလေးနဲ့အနားရောက်လာတဲ့ ချန်ယောလ်လီက သူ့စာအုပ်နဲ့ခဲတံလေးကိုပါ လက်ကကိုင်ဆွဲလာသည်။
"မအိပ်သေးဘူးလား"
"အင်း ဖေဖေအလုပ်များနေလို့ ချန်အိပ်နှင့်လိုက်နော်"မျက်မှန်ကိုလက်တစ်ဖက်ကချွတ်ရင်း ကျန်လက်တစ်ဖက်က ချန်ယောလ်ခေါင်းလုံးလေးကို ပွတ်ပေးမိတော့ ကလေးလေးက မျက်လုံးတွေမှိတ်ကျမတတ် ။ အိပ်ချင်နေတာကို ဇွတ်တင်းပြီးသူ့အနားရောက်လာပုံပဲ။
စာအုပ်ကလေးကို သူ့စားပွဲတစ်ဖက်ပေါ်သွားတင်ကာ သူ့အရပ်နီးနီးရှိတဲ့ခုံတစ်ခုံကို ဆွဲယူလာကာ ထိုင်ရဲ့။
"အိပ်နှင့်လေချန်"
"ချန် ရတယ်"
"မရနဲ့ အိပ်တော့. . .ဖေ့အလုပ်တွေကအများကြီးကျန်နေသေးတာမို့ ဒီနေ့တော့တူတူအိပ်ပေးနိုင်မှာမဟုတ်ဘူးသားငယ်"
"ချန် ချန် အိမ်စာကျန်နေသေးတယ်ထင်တယ် စာလုပ်ရမှာ"တစ်ယောက်ထဲပြော တစ်ယောက်ထဲဖြေကာဆိုတဲ့ ချန်ယောလ်ပုံစံက တကယ်ကို ချစ်မွှေးလေး ။ ငယ်ရွယ်ပြီး ဖြူစင်တဲ့အရွယ်က အရမ်းကိုပဲ ချစ်ဖို့ကောင်းလွန်းတယ် ။
"နောက်နေ့မှလုပ်ပါကွာ အရမ်းနောက်ကြနေပြီ ဖေ့အလုပ်ကလဲမိုးလင်းချင်လင်းသွားမှာ သားမထိုင်နိုင်ဘူး. . .ဦးဂျုံဒဲဆီသွားပါလား သူ မအိပ်သေးလောက်ဘူး"
"ဟင့်အင်း သွားရဲဘူး"
"ကဲပါ ဖေဖေပို့ပေးမယ် နော်"
"ဟင့်အင်းဟင့်အင်း ဦးဂျုံဒဲကိုကြောက်လို့"
"ဟောဗျာ ဘာဖြစ်လို့လဲချန်ရဲ့"
"သူ့ဦးထုပ်ထဲမှာ ငှက်အသေတွေအများကြီးပဲ "ငိုမဲ့မဲ့မျက်နှာလေးနဲ့ပြောလာတဲ့စကားက ရီရမလိုလို ငိုရမလိုလို ။ ဂျုံဒဲရဲ့ မျက်လှည့်ပြကွက်တစ်ချို့ကို ချန်ယောလ်က ကြောက်နေပုံပဲ ။

YOU ARE READING
ATTAINMENT [Ongoing]
Fanfictionအောင်မြင်စွာရယူခြင်း (အောင်မြင်စွာရယူခြင်း) #80%Romance