5

422 59 2
                                    

"ရိပိုင်"

ရိပေါ်ဟာကောင်လေးတစ်ယောက်နဲ့ စကားပြောနေတဲ့ သူ့ညီမကိုလှမ်းခေါ်လိုက်သည်။ ရိပိုင်ဟာသူ့ကိုတွေ့တော့ မျက်လုံးတွေအရောင်တောက်သွားတာကြောင့် ရိပေါ်ဟာသူမတစ်ခုခုဖြစ်နေပြီဆိုတာကိုသိလိုက်တယ်။

သူဟာသူ့ဘေးနားကရှောင်ကျန့်ရဲ့လက်ကိုဆွဲပြီး ရိပိုင်နားကိုသွားတယ်။ ရှောင်ကျန့်ကတော့ အူကြောင်ကြောင်နဲ့ပါလာတာပေါ့။

"ဘာဖြစ်​နေတာလဲ"

ရိပေါ်သူ့ရှေ့ကကောင်လေးကို သေချာစိုက်ကြည့်လိုက်တယ်။ သူမှတ်မိပြီ! ဒီတစ်ယောက်က သူရဲ့ညီမအထက်တန်းနှစ်တုန်းက ကြိုက်ခဲ့တဲ့ကောင်လေးပဲ။ ရန်အိမ်တော်ကတစ်ဦးတည်းသောသား...ရန်ချင်းယွမ်ပဲ။

"သူကပိုင်ပိုင့်ကို လိုက်နှောင့်ယှက်နေလို့"

"နှောင့်ယှက်တာမဟုတ်ပါဘူး ငါကရိပိုင်ကိုစကားပြောချင်လို့ပါ"

"သူကမှမင်းနဲ့စကားမပြောချင်တာ လစ်လိုက်တော့လေ"

"ငါတောင်းပန်ပါတယ်။ ငါသူ့ကိုတစ်ကယ်ချစ်တာပါ"

"ခွေးစကားတွေ"

အထက်တန်းနှစ်က သူ့ညီမကသူမရဲ့မာနကို အနောက်ပို့ပြီး သူ့ကိုလိုက်ကြိုက်တာတောင်မှ သူ၏ညီမကိုမှိုချိုးမျှစ်ချိုးပြောပြီး အခုမှလာကြိုက်တယ်ပေါ့လေ။ ယီးပဲရမယ်ညီလေး။ ငါ့ရဲ့ညီမက မင်းထက်အဆပေါင်းများစွာ သာတဲ့သူနဲ့ပဲတန်တယ်။

"စီနီယာရန် စီနီယာဘာဖြစ်ချင်နေမှန်းတော့မသိပေမယ့် အခုချိန်မှာ ကျွန်မကစီနီယာ့ကိုစိတ်မဝင်စားတော့ပါဘူး။ စီနီယာကိုယ်တိုင် အထက်တန်းနှစ်တည်းက ကျွန်မကို အရှက်မရှိဘူးလို့ပြောခဲ့တာမဟုတ်လား။ ကျွန်မမှာအရှက်မရှိရင်တောင် အနည်းဆုံးတော့မာနရှိပါတယ်။"

"ရိပိုင် ကိုယ်အဲ့ဒီတည်းက.... မဟုတ်ဘူး..အထက်တန်းပြီးတည်းက မင်းကိုလွမ်းနေခဲ့တာ အဲ့တော့မှကိုယ်လည်း မင်းကိုချစ်မှန်းသိတာပါ အဲ့တုန်းက ကိုယ်ပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်"

"ဝမ်ရိပေါ် ငါသွားတော့မယ်လေ မင်းညီမရဲ့အချစ်ဇာတ်လမ်းကြီးက သောက်ရမ်းဒရာမာဆန်လွန်းတယ်ကွ ငါက ဒရာမာမကြိုက်ဘူးလေ ဒါကြောင့်သွားတော့မယ်"

Shadow //Completed//Where stories live. Discover now