Unicode
အပိုင်း(၁၆) : အန်းအကြီးအကဲ
ဒုတိယဇာတ်လိုက်လေးဟာ သူမရဲ့ဒဏ်ရာဟာ သူ့အပြစ်မကင်းဟု ခံယူထားသည်မို့ မနက်တိုင်း စတော်ဘယ်ရီကိတ်မုန့်ဆိုင်လေးမှာ သူမကို စောင့်နေခဲ့တယ်။ သူမဟာအမြဲ စတော်ဘယ်ရီကိတ်ဆိုင်လေးနားရောက်လျှင် ကားပေါ်ကဆင်းပြီး စတော်ဘယ်ရီကိတ်လေးအမြဲစားလေ့ရှိတယ်ဆိုတာ သူသိခဲ့တယ်။ ဒါကြောင့် ထိုဆိုင်လေးမှာသူမကို စောင့်နေမယ်လို့ပြောခဲ့ပြီး သူမကို သူ့ရဲ့စက်ဘီးနဲ့ကျောင်းဝန်းထိ တင်ခေါ်သွားမယ်လို့ပြောခဲ့တယ်။
ဒါ့အပြင် သူမကိုတစ်ပတ်တိတိ စတော်ဘယ်ရီကိတ် ဝယ်ကျွေးမယ်လဲပြောခဲ့တယ်။ ရှီအာဟာ စတော်ဘယ်ရီကိတ်ဝယ်ကျွေးမယ့်အချက်ကို ငြင်းခဲ့တယ်။
ဒုတိယဇာတ်လိုက်လေးဟာ လောလောဆယ် အချိန်ပိုင်းအလုပ်တွေနဲ့လုံးပန်းနေရတာ ဘဝအတွက်ရုန်းကန်နေရတဲ့အပြင် ယဲ့အဖွားရဲ့ ဆေးဖိုးကိုပါရှာနေသူမို့ သူမဟာ ထိုကောင်လေးရဲ့ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံလေးနဲ့ဝယ်ကျွေးတဲ့ စတော်ဘယ်ရီကိတ်ကို စားဝင်မှာမဟုတ်ဘူး။
ဒါကြောင့်သူမဟာ အပြင်းအထန်ငြင်းဆိုခဲ့ပြီး သူမကို စာသင်ခန်းထိလမ်းလျှောက်သွားဖို့ ကူညီရန် အကူအညီတောင်းခဲ့ပြီး ကန်တင်းသွားရင်လဲ ကန်တင်းထိသွားဖို့ကူညီရန်သာ အကူအညီတောင်းခဲ့တယ်။ ဒါတောင် ထိုကောင်ငယ်လေးဟာ သန့်စင်ခန်းရှေ့ထိလိုက်ပို့ပေးမယ်ဟု အတင်းတောင်းဆိုသည်။ ထိုကောင်လေးရဲ့ စိတ်တွင်းမှာ သူမကို ကူညီချင်နေသည်သာ ဖြစ်သည်။
ဒါဟာသူမကိုအခက်တွေ့ရုံတင်မက ကျောင်းသူများဟာ ကောင်လေးကို နှာဗူးကောင်ဟု ဘွဲ့တပ်သွားမည်လေ။ ထိုအရာတွေကို သူစဉ်းစားမိပုံမပေါ်။ သူမဟာထိုအချက်ကို အသည်းအသန် ကန့်ကွက်ခဲ့သည်။
တစ်ပတ်အတောအတွင်း သူမရဲ့ ခြေထောက်ဟာလဲ အလျင်အမြန်သက်သာလာခဲ့သည်။ ထူးဆန်းသည်မှာ ဇာတ်လိုက်မဟာ ဒီအတောအတွင်း အရမ်းငြိမ်နေခဲ့တယ်။ ဘာတွေကြံစည်နေလဲ သူမမသိပေ။ သို့ပေမယ့်သူမဟာ သတိကြီးကြီးထားဖို့လိုအပ်တယ်။
DU LIEST GERADE
ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection Mission
FanfictionAuthor - Joyareans🐰🥕 English name -The resurrection mission(system 1061)👾 Cover photo crd Own creation 📝 အချစ်ဟာ လူတိုင်းကို ခံစားချက်မျိုးစုံပေးစွမ်းနိုင်တယ်။ ဒါပေမယ့်မင်းက အချစ်ရဲ့ လွှမ်းမိုးမှုအောက် ရောက်မသွားဖို့တော့လိုတယ်။ အချစ်ဆိုတဲ့စိတ္တဇ...