Prat-3

1.1K 125 14
                                    


"ဟန်နီ....သမီး ထပါဦး"

"မေမေရယ် အစောကြီးရှိသေးတာကို"

အိပ်ချင်မူးတူးပြန်ပြောလိုက်သောစကားကြောင့်
မေမေ မျက်မှောင်ကြုံ့ကာ

"မစောတော့ဘူး.....အိမ်အောက်လေးဘာလေးလည်းဆင်းကြည့်ဦး
မမှီသာလေး အဆောင်သွားပြီး ပစ္စည်းတွေယူလာပြီးလို့ အိမ်အောက်က သူနေရမယ့်အခန်းမှာလည်းနေရာချပြီးပြီ
sunday မလို့ ဟန်နီ့ဖေနဲ့အတူတူတောင် လုပ်အားပေးဆေးပေးခန်း သွားကြတော့မယ်
အခုထပြီး မနက်စာလေး ဘာလေးလာစား
မနက်ဖြန်ကျောင်းပြန်ဖွင့်ပြီ မေ့မနေနဲ့ဦး"

"မေမေ ခဏစောင့်"

အိပ်ရာထဲက အမြန်ပြေးထွက်ရင်း ရေချိုးခန်းထဲပြေးဝင်သွားသူက ဘယ်တုန်းကမှ အသာတကြည်နှိုးယူလို့မရခဲ့တဲ့ ဟန်နီနွေဦး မဟုတ်သလို......

ဘယ်လောက်မှတောင်မကြာလိုက်
ပြန်ထွက်လာကာ

"မေမေ သွားမယ်"

"အထူးအဆန်းပါလား ဘာတွေအဲ့လောက်တက်ကြွနေတာလဲ"

"ဟို....မနက်ဖြန်ကျောင်းဖွင့်မယ်လို့ မေမေပြောလိုက်လို့ပါ ဖြူစင်နဲ့တွေ့ရတော့မယ်မလား
သူကခုတစ်လောအိမ်မှမလာတာ "

"သူလည်းစာလုပ်နေလို့နေမှာပေါ့ "

လှေကားတစ်လျှောက်လုံး ပွစိ ပွစိပြောရင်းဆင်းလာပြီးကာမှ
ထမင်းစားခန်းထဲခြေချတာနဲ့ အယောင်ယောင်အမှားမှားဖြစ်နေတဲ့ ဟန်နီ

အမနဲ့ မနက်စာအတူစားချင်စိတ်နဲ့
အိပ်ရာထဲတောင်လူးလှိမ့်ပြီး ပေခံမနေခဲ့

မြန်မြန်သွက်သွက်မှမလုပ်ရင်လည်း အမမျက်နှာ မမြင်လိုက်ရပဲနေမယ် မဟုတ်လား

"မေမေ့......ထမင်းကြော်ကြီးလား
အဲ့ ပဲပြုတ်ကြီးလာပြန်ပြီ နေးမကြိုက်ပါဘူးဆို"

မေမေက ဘာမှမပြော
ဖေဖေကသာ ဟန်နီ့ကို ရီရီမောမောနှင့်ကြည့်ရင်း

"ငါ့သမီး ကြိုက်တာ ဘာများရှိသေးတုန်း
ဟိုဟာမကြိုက် ဒီဟာမကြိုက်လုပ်နေလို့ အာဟာရစုံစုံလင်လင်မရတာ အဲ့တာကြောင့် အခုလိုခန္ဓာကိုယ်လေးသေးကွေးနေတာကွ"

အဓိပ္ပါယ်မဲ့ နှောင်ကြိုးWhere stories live. Discover now