1

2.5K 172 33
                                    

|Unicode|

လက်ထဲက​ တော့ပုကီပန်းကန်ကိုကြည့်ရင်း ဆောနူသက်ပြင်းချလိုက်မိတယ်။ အလုပ်ရှိလို့ ဒီညအိမ်ပြန်​လာဖြစ်မှာမဟုတ်ဘူးဆိုတဲ့မေမေက သူ့ကိုစိတ်မချဘူးဆိုတဲ့အ​ကြောင်းပြချက်နဲ့ ပတ်​ဆောင်းဟွန်းအိမ်ကို တော့ပုကီတစ်ပန်းကန်လုပ်​ပေးပြီး  လွှတ်လိုက်တာပဲ။ ပန်းကန်ထဲမှာမို့​မောက်​နေတဲ့ တော့ပုကီ​တွေက နှစ်​ယောက်စာ စားလို့ရတာထက်​တောင် များဦးမယ်။ မေ​မေက​တော့ သူတို့နှစ်​ယောက်ကို အရင်ကလိုမှတ်ပြီး စေတနာ​တွေပိုနေ​တော့တာ...။

Pw သိ​နေပြီးသား အိမ်တံခါးကိုဖွင့်ပြီး သူဝင်လာလိုက်တယ်။ ဒီအိမ်တံခါးဝမှာ အမြဲချထားတတ်တဲ့ သူ့ခြေ​ထောက်ဆိုဒ်နဲ့ကွက်တိ ခြေညှပ်ဖိနပ်​လေးနားမှာ ဒေါက်ဖိနပ်လှလှ​လေးတစ်ရံ။ ဒါ့အပြင် ဧည့်ခန်းစီက​နေ ပျံ့လွင့်လာတဲ့ ရယ်သံချွဲချွဲ​လေး။

ဒီလိုဖြစ်မယ်မှန်းသိရင် မေ​မေ့ကို မင့်ချိုကို​တော့ပုကီပဲ လုပ်ခိုင်းလိုက်ပါတယ်။

"အိမ်ထဲတံခါးဖျက်ပြီးဝင်လာရင်​တောင်
ကြားမဲ့ပုံမ​ပေါ်ဘူးထင်တယ်​နော်"

ပိုင်စိုးပိုင်နင်းပဲ အိမ်ထဲဝင်လိုက်ပြီး ဧည့်ခန်းထဲမှာ စာတူတူထိုင်လုပ်​နေပုံ​ပေါ်တဲ့နှစ်​ယောက်ကို  မမြင်ချင်​ယောင်​ဆောင်ရင်း မီးဖိုခန်းဆီ တန်းသွားလိုက်တယ်။ ရေခဲ​သေတ္တာထဲက​ ရေတစ်ဘူးဆွဲယူကာ ရေတစ်ဝက်​ကျော်​လောက်ကုန်တဲ့ထိ သူ​မော့​​သောက်လိုက်မိရဲ့။

"​တော့ပုကီ​တွေမ​အေးကုန်ခင်လာစား ပတ်​ဆောင်းဟွန်း"

ပတ်​ဆောင်းဟွန်း။
ဆယ်နှစ်​နီးပါး သူနဲ့အတူကြီးပြင်းလာတဲ့
ငယ်သူငယ်ချင်း။ ဒါမှမဟုတ် ဟျောင်းလို့​ပြောရမလား။
တစ်နှစ်​ကွက်တိ​စော​မွေးလာတာမဟုတ်လို့ သူက​တော့ ပတ်ဆောင်းဟွန်းကို ဟျောင်းလို့​ခေါ်ရတာမကြိုက်ဘူး။
ခေါ်ဖြစ်တဲ့အချိန်လည်းနည်းတယ်။ ထားပါ...ဒါ​တွေ။

သူတို့နှစ်​ယောက်အ​ကြောင်း ပို​သေချာအောင်​ပြောရရင်​တော့ သူတို့က သူငယ်ချင်းမကျ ရည်းစားမကျ အ​ခြေအ​နေမှာရှိ​နေတဲ့သူ​တွေပေါ့။ friends to lovers ဖြစ်သွားနိုင်​လောက်တဲ့ ရင်ခုန်စရာစတိတ်​ပေါ်မှာရှိ​နေကြတဲ့သူ​တွေမဟုတ်ဘဲ ဘယ်သူက ဒဏ်ရာအမာရွတ်​တွေ​ကိုများ ပို​ပေးနိုင်မလဲဆိုတဲ့ဂိမ်းတစ်ခုကို ကစား​နေကြတဲ့သူ​တွေ။ တစ်​ခါတ​လေ လူကွယ်ရာမှာ အနမ်း​တွေ​နဲ့ ရင်ခုန်ရင်းရစ်မူးနေတတ်သလို တစ်ခါတရံကျ အဲ့နှုတ်ခမ်း​တွေကထွက်လာတဲ့စကား​တွေနဲ့ပဲ တစ်​ယောက်အ​ပေါ်တစ်​ယောက် နာကျင်​စေကြပြန်​​ရော။

Does she know, HYUNG?Where stories live. Discover now