လွန်ခဲ့သော နှစ် 2000 ခန့်
လွန်ခဲ့သောနှစ်ပေါင်း 2000 ခန့်အတွင်း ကျားလူမျိုးစုတို့၏ အန္တရာယ်က တစ်စတစ်စ ကြီးမားလာခဲ့သည်။ မီးနတ်ဘုရား၏
ဆက်ခံသူဟု ခေါ်တွင်ကြသော ကျားလူမျိုးစုတို့သည် မီးနတ်ဘုရား၏ စွမ်းအင်ကို အသုံးချပြီး ကမ္ဘာကြီးကို အုပ်စိုးရန် ကြံရွယ်လာကြသည်။ များစွာသောလူတို့သည် ကျားလူမျိုးစုတို့၏ဓားချက် များနှင့် မီးလျှံများအောက်တွင် သေကြေပျက်စီးရသည်။ထိုအခြင်းအရာကို ဖြေရှင်းရန်အတွက် ကောင်းကင်မင်းကြီးသည် သားတော်ဟွမ်ဝန်းကို လူ့ပြည်သို့ စေလွှတ်လိုက်သည်။
သားတော်ဟွမ်ဝန်းသည် သူနှင့်အတူ နတ်ဘုရားသုံးပါးကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။မြေနတ်ဘုရား ဝန်းဆာ(운사), လေနတ်ဘုရား ဖွန်းဘက်(풍백), ရေနတ်ဘုရား ဝူဆာ(우사) တို့ဖြစ်ကြသည်။သားတော်ဟွမ်ဝန်းသည် ကျားမျိုးနွယ်စုတို့ကို သုတ်သင်ရှင်းလင်းပြီး ဝက်ဝံမျိုးနွယ်စု၏ သမီးတော်ကို မီးနတ်ဘုရား၏ ဆက်ခံသူလုပ်စေ၍ ဂျူဂျက်(주작) ဟု အမည်တွင်စေသည်။
သားတော်ဟွမ်ဝန်းသည် အထွတ်အမြတ်
သစ်ပင်ကြီးရှိရာ ထယ်ဘက်တောင်၏ အောက်ခြေမှနေရာတစ်နေရာကို ရွေးလိုက်
၍ ထိုနေရာကို ရှင်းရှီ (신시) ဟုခေါ်တွင်စေသည်။"လောကအကျိုးအတွက် ကျွန်ုပ်ဒီနယ်မြေကို ထူထောင်ရခြင်းဖြစ်တယ်..ကျွန်ုပ်ရဲ့စကားကို လိုက်နာပြီး ပြည်သူအားလုံး ချစ်ချစ်ခင်ခင်နေထိုင်ကြပါ...စစ်ဖြစ်ပွားခြင်း မပြုရ"
နယ်မြေသစ်ကို ထူထောင်ပြီးချိန်တွင် ကောက်ပဲသီးနှံများသည် အလျှံအပယ်ဖြစ်ထွန်းပြီး ကမ္ဘာကြီးလည်း မျှော်လင့်ချက်
များရှင်သန်လာရသည်။ ထိုပြည်ထောင်ကို
ဂျူရှင်းပြည်ထောင်(주심) ဟုခေါ်စမှတ်ပြုကြပြီး ထိုပြည်ထောင်တွင်နေထိုင်သူများကို
ဘယ်ဒယ်(배대) ဟုခေါ်တွင်စေသည်။ထို့နောက် သားတော်ဟွမ်ဝန်းသည်
နတ်ဘုရားလေးပါးကို အရှေ့ အနောက် တောင် မြောက် စသည့် အရပ်လေးမျက်နှာသို့ စေလွှတ်၍ လူတွေနှင့်အတူနေထိုင်စေပြီး ပြည်ထောင်များ ထူထောင်စေသည်။
ထို့ကြောင့် အရှေ့ဘက်တွင် ဝန်းဆာပြည်, အနောက်ဘက်တွင် ဖွန်းဘက်ပြည်,
တောင်ဘက်တွင် ဂျူဂျက်ပြည် နှင့်
မြောက်ဘက်တွင် ဝူဆာပြည် ဟူ၍ အသီးသီး ဖြစ်လာခဲ့သည်။ အရပ်မျက်နှာအသီးသီးမှ နိုင်ငံများသည် ဂျူရှင်းမ် ပြည်ထောင်အောက်ကို ခိုဝင်လာကြသည်။
YOU ARE READING
𝚃𝚑𝚎 𝚍𝚎𝚏𝚒𝚗𝚒𝚝𝚒𝚘𝚗 𝚘𝚏 𝙴𝚝𝚑𝚎𝚛𝚎𝚊𝚕(Complete)
Short Story𝑾𝒉𝒂𝒕 𝒊𝒔 𝑬𝒕𝒉𝒆𝒓𝒆𝒂𝒍? 𝑬𝒙𝒕𝒓𝒆𝒎𝒆𝒍𝒚 𝒅𝒆𝒍𝒊𝒄𝒂𝒕𝒆 𝒂𝒏𝒅 𝒍𝒊𝒈𝒉𝒕...𝒐𝒓 𝒉𝒆𝒂𝒗𝒆𝒏𝒍𝒚.. 𝑵𝒂𝒉𝒉𝒉!!! 𝑭𝒐𝒓 𝒎𝒆, 𝑬𝒕𝒉𝒆𝒓𝒆𝒂𝒍 𝒊𝒔 𝑷𝒂𝒓𝒌 𝑺𝒖𝒏𝒈𝒉𝒐𝒐𝒏.