Final

1.1K 114 35
                                    

"ဖြေးဖြေးသွားပါသည်းငယ်ရာ ချော်လဲနေပါဦးမယ်ကွာ"

ဂျူရှင်းပြည်ကို မရောက်ဖူးလို့ သွားချင်ပါတယ်ဆိုပြီး ပူဆာလာပါသော သူ့သည်းငယ်ကြောင့် လိုက်ပို့နေရခြင်း...သူနဲ့တွဲပြီးနောက်ပိုင်း သိပ်ကိုချွဲလာပါသော
ဒီကလေး...တစ်ခုခု လိုချင်ပြီဆို မျက်လုံးကြည်ကြည်တောက်တောက်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ချွဲတော့တာ...
ဒီကလူကလည်း နဂိုကမှ သည်းသည်းမလှုပ်ပါဘိနဲ့။  အကောင်လိုက်မျိုချချင်စိတ်ကို ထိန်းထားရတာ ဘယ်လောက်ခက်ခဲတယ်မှတ်လဲ...

"ဝါးးးအကြီးကြီးပဲ လူတွေလည်း များကြီးပဲ"

ဂျူရှင်းပြည်ရဲ့ အဓိကအချက်အချာဖြစ်တဲ့
ယောရွမ်း(여름)စျေးကြီးကို မြင်ပြီး အံ့အားသင့်နေပါတဲ့ သူရဲ့သည်းငယ်။ သူမသိတဲ့တစ်ခုခုကိုတွေ့ရင် မျက်လုံးလေးတွေလည်း ပြူးလို့ ပါးစပ်လေးကလည်းဟလို့ ...
စိတ်ထိန်း ရှင်းမ်ဂျယ်ယွန်း စိတ်ထိန်း..

"သဘောကျလား သည်းငယ်"

ဦးခေါင်းထက် မှ ဆံသားပျော့အိအိလေးတွေကို ခပ်ဖွဖွလေးဖွပြီး ​မေးတော့ ခေါင်းလေးကို တဆတ်ဆတ် ငြိမ့်ပြလာသည်။ ဘယ်လိုတောင် ချစ်စရာကောင်းနေရပါလိမ့်

"အွမ်း ဝူဆာမှာ ဒါမျိုးတွေ မရှိဘူး...ဒါပေမဲ့
ဝူဆာမှာ သဘာဝအလှတရားတွေ များကြီးရှိတယ်"

ဝန်းဆာ, ဖွန်းဘက်, ဂျူဂျက်, ဝူဆာ...
ဂျူရှင်းပြည်ထောင်ပြီးရင် အင်အားအကြီးဆုံး ပြည်ထောင်လေးခု..

မြေနတ်ဘုရား၏ဝန်းဆာပြည်...လယ်ယာစိုက်ပျိုးရေးမှာ အချက်အချာကျတဲ့ပြည်ထောင်တစ်ခုဖြစ်သည်သာမက တွင်းတွက်ပစ္စည်းသယံဇာတများကြွယ်ဝလွန်းသည်။

ဖွန်းဘက်ပြည်ကိုတော့ လေနတ်ဘုရားမြို့တော်ဟုခေါ်ဝေါ်ကြပြီး ပို့ဆောင်ဆက်သွယ်ရေးမြို့တော်ကြီးပင်။

မီးနတ်ဘုရားမြို့တော်ဂျူဂျက်ကတော့ အဓိကစီးပွားရေးမြို့ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။

​ရေနတ်ဘုရားတည်ထောင်ရာ ဝူဆာပြည်ကိုတော့သဘာဝရဲ့ နိဗ္ဗာဘုံလို့ ခေါ်စမှတ်ပြုကြသည်။ ဝူဆာပြည်ကို ရောက်လျှင် ပြန်မလှည့်ချင်လောက်အောင်ဖြစ်ရသည် ဟူသောအဆိုရှိသည်။သစ်ပင်ပန်းမန်တွေဟာလည်း တစ်နှစ်ပတ်လုံးပွင့်လန်းနေပြီး သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေကန်ကြီးများလည်းရှိသည်။

𝚃𝚑𝚎 𝚍𝚎𝚏𝚒𝚗𝚒𝚝𝚒𝚘𝚗 𝚘𝚏 𝙴𝚝𝚑𝚎𝚛𝚎𝚊𝚕(Complete)Where stories live. Discover now