💛💛 ဝိညာဉ်ဆိုသောသီချင်းသံ💛💛
🎈🎈 Short Fic 🎈🎈
🌟🌟 Yizhan 🌟🌟
📝📝 Part 2 📝📝
ဖန်လုံးပေါ်၌
မြိုင်ဟေဝန်တောကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀လောက်က
🏰🏰 လန်နန်းမြို့တော်ကြီးပင်🏰🏰
အရမ်းကို သာယာလှပခဲ့တာပေါ့
မင်းကြီးလန်ကျန့်နဲ့ ကြင်ယာတော် ဝေ့ရင်းတို့ အုပ်ချုပ်ခဲ့ကြတာ
မင်းကြီးဟာ ကြင်ယာတော်ဝေ့ရင်းကို သိပ်ချစ်တာ
သူ့မှာမောင်းမများလည်းမရှိ ကြင်ယာတော် ဝေ့ရင်းကိုသာ တစ်ဦးတည်းသောသူ့ရဲ့ ဧကရီဘွဲ့ပေးထားတာ
အင်အားကြီးနိုင်ငံဖြစ်တဲ့အတွက်တခြားတိုင်းပြည်များက ချစ်ကြည်ရေးအတွက်သမီးတော်များဆက်သကြသော်လည်း မင်းကြီးက လက်မခံပေ
စစ်ကိုဆင်မည်လော မိဖုရားဆက်သတာကို ရပ်မည်လောစသည့်ရာဇသံသာအမြဲပေးလေ့ရှိတယ်
နောက်ပိုင်းမည်သူမျှမဆက်ဝံ့ကြတော့ပေ
မင်းကြီးရဲ့ ကြင်ယာတော်အပေါ် ထားတဲ့အချစ်က အများအားကြစရာကောင်းလှတယ်
ကြင်ယာတော်ဝေ့ရင်းကလည်း ယုန်ဖြူလေးတကောင်လိုဖြူစင်ပြီး ချစ်ဖို့ကောင်းလှတယ်
ဒါကြောင့်လည်း မင်းကြီးအသည်းစွဲဖြစ်တာပြောစရာလိုမည်မထင်
တိုင်းသူပြည်သားများသည် မင်းနဲ့ ကြင်ယာတော်ကို သိပ်ချစ်ကြတယ်
တိုင်းသူပြည်သားများအပေါ် ကျောသားရင်သား မခွဲခြားပဲအုပ်ချုပ်သော ပြည့်ရှင်မင်းကြီး လန်ကျန့်ကြောင့်ပေါ့
သို့သော်လည်း အဆင်ပြေနေချိန်ဆို အဖျက်ကလည်း အမြဲပါတတ်တဲ့ သဘာဝတရားကြီးကရှိနေပြန်တော့
တနေ့မှာတော့ လီတိုင်းပြည်က မင်းသမီးတပါးဟာ
လန်နိုင်ငံအကြောင်းနဲ့ ကြင်ယာတော်ကို မင်းကြီးသိပ်ချစ်ကြောင်းကြားသိပြီး ကြင်ယာတော်ရဲ့ ရုပ်ကို တွေ့ချင်လွန်းလို့ ရုပ်ဖျက်ကာ လန်တိုင်းပြည်ကို လာတော့တယ်
YOU ARE READING
ဝိညာဉ်ဆိုသောသီချင်းသံ(completed)
Fanfictionအိမ်ရှေ့စံမင်းသားလန်ကျန့်ဟာ တောကစားထွက်ရင်း ယုန်နောက်လိုက်ရင်းလူစုကွဲသွားတော့တယ်ထိုအချိန်သာယာတဲ့သီချင်းသံကိုကြာပြီးအဲ့နောက်လိုက်သွားရာမှ လှပတဲ့နန်းဆောင်တစ်ခုကို တွေ့ရှိတော့တယ်။။ နှစ်ပေါင်း၂၀၀လောက်ထိ မောင်တော့်ကို ဝိညာဉ်အဖြစ်စောင့်နေသောဝေ့ရင်း ကျိန်စ...