Wine

8.4K 309 27
                                    

Unicode

"ပါပါး"

ရှောင်းကိုယ်ပေါ်ကနေ မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ရိပေါ် ကိုကြည့်လာတဲ့ omegaသားပေါက်လေးကို မေးငေါ့ပြလိုက်တယ်

"ဟိုးမှာကြည့်ပါပါး...တူတို့တွေက နို့နို့တောက်နေကြတာ တားတားဆို တခါတလေမှပဲတောက်တော့တာကို"

ပေါက်စရဲ့လက်ညှိုးညွှန်ပြရာကို လိုက်ကြည့်လိုက်တော့ Omegaကောင်လေးကသူ့ကလေးလေးကိုနို့တိုက်နေတဲ့မြင်ကွင်းကို မြင်လိုက်ရတယ်

လူမြင်ကွင်းမှာ ကလေးနို့တိုက်နေတဲ့လုပ်ရပ်ကိုတော့ ရိပေါ် ကမလုပ်ရဲပါ...ဘယ်လိုပဲကလေးမွေးထားတယ်ပြောပြော ရှက်စရာကြီးလေ

ဒါကထူးဆန်းတဲ့ပုံစံ မဟုတ်ပေမဲ့ ရှောင်းရှေ့မှာတောင် ပေါက်စကိုနို့တိုက်ရမှာ မဝံ့ရဲတာ အခုလိုလူအများရှေ့ဆို ပိုတောင်ဆိုးသေးတယ်

"ပါပါးကိုစိတ်ကောက်နေပီး ခုမှလာခေါ်တာလား"

"ဟီး"

အဲ့တော့မှ သတိရသွားသလို သွားဖြဲရယ်ပြလာပီး သူ့ဒယ်ဒီရင်ခွင်ထဲတိုးဝင်သွားလေတယ်

"လှလည်းမလှပဲနဲ့ရယ်ပြမနေနဲ့ သွားကျိုးလေးရဲ့"

"အီးဟီး ဟုတ်ဘူး ဟုတ်ဘူး"

ရှောင်းလက်ပေါ်ကနေ ကော့ထိုးလန်အောင် အော်ငိုနေတဲ့ပေါက်စကို ရိပေါ်ကတင်ပါးလုံးလုံးကို တချက်ရိုက်ချလိုက်တော့ ပိုတောင် အော်ငိုလာသည်

"Babeရယ် ပေါက်စကငယ်ငယ်လေးရှီသေးတာကို အသားလေးတွေ နီရဲကုန်တော့မှာပဲကွာ"

"ရှောင်း...ရှောင်းဘယ်လိုပြောလိုက်တာလဲ...အဲ့လိုအမြဲတမ်း ပိတ်ပင်နေလို့ပဲ အကြီးနှစ်ယောက်က ငါ့ကိုတောင် မလေးစားတော့ဘူးလေ...အခုလည်းပေါက်စကိုပါ အဲ့လိုဖြစ်စေချင်နေတာလား"

စကားတွေကျယ်လာတော့ သူတို့မိသားစုကို မသိမသာ အကဲခတ်နေကြည့်လာကြတယ်...အမြဲတမ်း နွေးထွေးကြင်နာမှု့တွေပြည့်နက်နေတဲ့မိသားစုက ရုန်းရင်းခက်ဆန်ဖြစ်နေတာ အထူးအဆန်းသဖွယ်ပဲ

"အကြီးနှစ်ယောက်က အရွယ်ရောက်လာလို့ပါ...သူတို့လေးတွေက babeထင်သလောက် ဆိုးသွမ်းမနေပါဘူး"

Xiao,I Need Your D**kWhere stories live. Discover now