1

134 3 0
                                    

တောတောင်၊ မက်မွန်ပင်နှင့် ဝမ်ယင်းယင်း (၁)

နွေဦးကာလ တံစက်မြိတ်အောင်တွင် လျှုံရှစ်ဆန်း နေကြာစေ့စားရင်း အဖွားကိုပြောလိုက်သည်။
"တစ်ယောက်ယောက်က ကျွန်တော့်ကို သတိရနေတယ်လို့ ခံစားရတယ်"

"သတိရတာက ဘာမှလုပ်စားလို့မရဘူး။ အေး ပိုက်ဆံမပေးရင်တော့ ခွေးသားပဲ" ဟု အဖွားက ပြန်ပြောလာသည်။

နယ်မြို့လေးတစ်ခုလုံးတွင် တောရိုင်းပန်းများ ပွင့်လို့နေသည်။ ဒုဓလီအပွင့်များက သလဲသီးပင်အထက်မှ တောင်ခြေရှိလယ်ကွင်းများဆီသို့ လွင့်မျောနေသည်။ လူအတော်များများ၏ စိတ်ထဲတွင် မွေးရပ်မြေဆိုသည်မှာ ထာဝစဉ်မပြောင်းလဲနိုင်သည့် အထီးကျန်နေရာလေးတစ်ခုဖြစ်သည်။

မွေးရပ်မြေဆိုတာ ဘာလဲ။ အဖွားက ရှင်းပြပါသည်။
ဘိုးဘေးစဉ်ဆက် မျိုးရိုးတစ်ခုလုံး ခေါင်းချခဲ့တဲ့နေရာမို့ မွေးရပ်မြေလို့ ခေါ်ပါသတဲ့။

တောင်များကြားက နယ်မြို့လေးက မြေအောက်ထဲမှ ထွက်ပေါ်လာသည့်အတိုင်းပင်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေပြီးနောက် မွေးရပ်မြေမှ ထွက်သွားရာက ယခုချိန်ထိ နှစ်သစ်ကူးနေ့များမှအပ လျှိုရှစ်ဆန်း မွေးရပ်မြေသို့ ပြန်မလာခဲ့ဖူးပါ။ အဖွား၏ အမည်က ဝမ်ယင်းယင်းဖြစ်ပြီး အိမ်ရှေ့တွင် ဖွင့်ထားသည့် စျေးဆိုင်လေးက ဆယ်နှစ်မျှပင် ကြာမြင့်နေပြီဖြစ်သည်။ သူမက ပန်းကွက်များပါဝင်သည့် လက်တိုအင်္ကျီဝတ်ထားပြီး ဆံပင်ဖြူများကိုလည်း ဆံထုံးထုံးထားသေးသည်။ လက်မောင်းသေးသေးလေးများကို အင်္ကျီလက်တိုအောက်တွင် ဖုံးကွယ်ထားပြီး ဟိုဟိုဒီဒီနှင့် အလုပ်ရှုပ်နေရှာသည်။

ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ စျေးဆိုင်လေး၏ ဘီယာရောင်းအား ကောင်းလာသည်။ သူမက ဘီယာဖာများကို စီပြီးနောက် ချွေးသုတ်ရင်း ပြောလာသည်။
"နင်အလုပ်လုပ်ရင်လုပ် မလုပ်ရင် သတ်ပစ်ပလိုက်မယ် "

"ဒီလိုတောဆန်လွန်းလှတဲ့ နေရာမျိုးမှာ ကျွန်တော်ကတော့ မနေနိုင်ပါဘူး" ဟု လျှိုရှစ်ဆန်းက မှိုင်တွေစွာနှင့် ပြန်ဖြေပါသည်။

𝐌𝐨𝐦𝐞𝐧𝐭𝐬 𝐖𝐞 𝐒𝐡𝐚𝐫𝐞𝐝《云边有个小卖部》မြန်မာဘာသာပြန်Where stories live. Discover now