PG[1] • X:0 of psychopath •

214 12 4
                                    

-2013 March 2nd-

"အကို ကျ​နော်တို့ အဲ့အ​ရှေ့ကအိမ်ထဲ၀င်ကြည့်
ကြရင်မ​​ကောင်းဘူးလား?"

ဆောင်းတွင်းကိုအဆုံးသတ်​စေတဲ့ နွေရာသီရဲ့
ပူပြင်းပြင်း​လေ​တွေနဲ့အတူ ပုံမှန်အားလပ်ရက်ကို
၅ ယောက်သား အပူပင်ကင်းစွာ ကုန်ဆုံး​နေ​​လေရဲ့။
အဂ်လိပ်စာတန်းအနီလေး​တွေပါတဲ့
တီရှပ်အဖြူ jean အပြာ​ဘောင်းဘီ​လေး​တွေနဲ့
၁၅ နှစ်​တောင်မပြည့်​သေးတဲ့ ဆယ်​ကျော်သက်အရွယ်
ကောင်​လေး​တွေ ၅ ယောက်က
လွတ်လပ်​ပေါ့ပါးမှု​တွေအပြည့်နဲ့​ပေါ့။
အင်း.....စက်ဘီးလိုချင်ခဲ့တဲ့ beomgyu ရဲ့
အကြံကအ​ထောက်အကူဖြစ်​စေခဲ့တယ်ပဲ
ဆိုရမလား။ ဒီနှစ်​တော့ အရင်နှစ်​တွေလိုမဟုတ်ပဲ
စက်ဘီးတ​ယောက်တစီးနဲ့ ပူပြင်းတဲ့​နွေရဲ့ဒဏ်ကို
အံတုပြီး စက်ဘီးအနီ​လေးရဲ့ ဘဲလ်ကို ဆော့ကစားရင်း
ထွက်လာတဲ့ အသံသဲ့သဲ့​လေးကို​တောင်
နှစ်သက်​နေသေးတာ။
မြေကြီး​က ကမု​တွေပေါ်ကို ဘီးနဲ့လိမ့်ပြီး
မြောက်တက်သွားတဲ့ ခံစားချက်ကို​တောင်
၅ ယောက်သားသ​​ဘောကျပြီး တ​ယောက်နဲ့တ​ယောက်
ကြည့်ကာ ရယ်သွမ်း​သွေး​နေ​လေရဲ့။
မ​ပြောင်းလဲပဲ မနှစ်ကနဲ့ထပ်တူကျတဲ့
အရာက​တော့ ကောင်​လေး​တွေ သိပ်သ​ဘောကျတဲ့
ICE CREAM ရေခဲ​ချောင်းဆိုင်​ပေါ့။
ကောင်​လေး​တွေ သ​ဘောကျတယ်ဆိုရင်လည်း
သ​​ဘောကျချင်စရာပါပဲ။
နွေရာသီလိုအချိန်မှာဆိုရင်တောင်
သစ်ရွက်စိမ်းစိမ်း​လေး​တွေနဲ့ စိုစိုပြည်ပြည်​လေး
၀န်းရံမှုရှိတဲ့ ICE CREAM ရဲ့
တည်ရှိမှုလေးက​ သူတို့အတွက်​တော့ ကန္တာရထဲက
ရေကြည်​လေးသဖွယ်။
Lollipop လေးတ​ယောက်တ​ချောင်းစီ
ပါးစပ်မှာငုံထားရင်း ICE CREAM ရေခဲ​ချောင်း
ဆိုင်ရှိတဲ့ street 3 ထဲကို ကွေ့သွားကြတယ်။
ICE CREAM ရဲ့ ခပ်လှမ်းလှမ်း သီးသန့်ဆန်တဲ့
တ​နေရာမှာ နှစ်​​ပေါင်းအ​တော်ကြာတည်းက
နေရာယူထားတဲ့ သစ်ပင်အိုကြီး​အောက်မှာ
စက်ဘီး​တွေထားခဲ့ပြီး ICE CREAM
ဆီ​လျှောက်လာကြတယ်။ ပြောမဲ့သာ​ပြောတာ
အဲ့သစ်ပင်အိုကြီး​အောက်က ကောင်​လေး​တွေရဲ့
ကိုယ်ပိုင်​နေရာ​လေးလို​တောင် ဖြစ်​နေပြီလို့​တောင်
ပြောရ​လောက်​အောင် နှစ်တိုင်း အဲ့သစ်ပင်အိုကြီး
အောက်မှာပဲ သူတို့ရဲ့​နွေကိုဟာသ​တွေ​ပြောရင်း
စာအုပ်​တွေဖတ်ရင်းနဲ့ ကုန်ဆုံးခဲ့ကြတာကိုး။

THE UNKNOWN OF 015 PURE SIN [txt ff]Where stories live. Discover now