မဲမှောင်နေသော တိမ်စိုင်များ အုပ်စိုးထားတဲ့ Quercus rubra သစ်ပင်အထက်က ကောင်းကင်ယံမှာ မိုးစက်တို့ကို ခေါ်ဆောင်လာမည့် တရွေ့ရွေ့လှုပ်ရှားနေသော တိမ်တိုက်များက ကောင်လေးတွေကို စောင့်ကြည့်နေသယောင်ရှိသည်။ ဖုန်မှုန့်တို့ကို သယ်ဆောင်လာသည့် ညစ်ညမ်းညမ်းလေထု ကလည်း ကောင်လေးတွေရဲ့ စကားဝိုင်းကို ခိုးနားစွင့်နေဟန်တူသည်။ အုံ့စိုင်းစိုင်း ညနေခင်းပတ်ဝန်းကျင်နဲ့အတူ လှုပ်ရှားမှုတစ်စုံတစ်ရာမရှိ ဆိတ်ငြိမ်သွားတဲ့ စကားဝိုင်းက အဖြူရောင်စီးကရက်လိပ်များကိုတောင် အထီးကျန်စေသည်။
soobinက စကားတုံ့ပြန်မှုမဲ့စွာ ငြိမ်သက်နေတဲ့ ၄ ယောက်ရဲ့ အခြေနေကိုကြည့်ကာ သူအရူးလုပ်လိုက်ရလို့ ကျေနပ်သွားဟန်နှင့် အောင်နိုင်သူတယောက်သဖွယ် မျက်လုံးများမှေးစေလျက် လှောင်ရီသည်။"ရား..! မင်းတို့က ဘာလို့ဒီလောက်ငြိမ်သွားရတာလဲ?!
ငါသွားစရာလား ဒီတိုင်းပဲပြောတာကို!""ဟင်း...အကိုက ပျော်စရာလည်းမကောင်းဘူး
သွားကြည့်ချင်တာကို.."beomgyuက အားလျော့သွားဟန်ဖြင့် နှုတ်ခမ်းသေးသေးလေးများကိုရှေ့သို့ အနည်းငယ်ထွက်စေကာ နှာခေါင်းရှုံလျက် လေသံလျော့လျော့လေးနှင့်ပြောသည်။
မျက်တောင်ရှည် စင်းစင်းလေးတွေ ပိုင်ဆိုင်ထားတဲ့ ကောင်လေးက မျက်လွှာလေးချပြီး သက်ပြင်းတချချ လုပ်နေသေးသည်။ အရင်နှစ် hueningkai ဆီကမွေးနေ့လက်ဆောင်အနေနဲ့ သူရထားတဲ့ converse ဖိနပ်အဖြူလေးကို လိုက်ဖက်စွာ စီးထားတဲ့ ခြေလေးက မြက်ခင်းစိမ်းများအပေါ် ခပ်ဖွဖွဆောင့်နေသေးသည်။"အာ..တကယ်ပါပဲ အကိုတို့အားလုံးက ပျော်စရာမ
ကောင်းဘူးပဲ..ဟွန့်!"hueningkaiက သူ့အကိုကို ထောက်ခံဟန်ဖြင့်
ဘုမသိဘမသိ၀င်ယောင်ပြန်သည်။yeonjunက အလိုမကျဖြစ်နေတဲ့ beom ရဲ့ ခပ်သေးသေးမျက်နှာလေးကို ခေါင်းအသာစောင်းကာ
တစ်ချက်ကြည့်လိုက်သည်နှင့် သူတကယ် သွားချင်နေမှန်းရိပ်မိသည်။ စီးကရက်အဖြူကို နှုတ်ခမ်းသားနှစ်ခုဖြင့်ထိန်းထားလျက် yeonjun တစ်ယောက် မတ်တပ်ထရပ်လိုက်သည်။
YOU ARE READING
THE UNKNOWN OF 015 PURE SIN [txt ff]
Fanfiction18 plus only TW: blood, violets, sexual assault