(၁)မိုးစက်နှင့်မျက်ရည်တဖွဲဖွဲကျဆင်းနေသည့် မိုးရေစက်တွေဟာလှပသလား...။ သို့တည်းမဟုတ်...စိတ်ညစ်ညူးဖွယ်ဖြစ်သလား။ လူအမျိုးအစားကိုလိုက်၍ အဖြေသည်ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါလိမ့်မည်။ မိုးတစ်ပေါက်ကို ကန္တဝင်မြောက်သည့် ပန်းချီကားတစ်ချပ်ဟူ၍ မြင်ယောင်သူရှိသလို၊ မိုးဖွဲများကိုဝန်ပိုတစ်ခုဟူ၍ ပုံဖော်သူများလည်းရှိနိုင်သည်။ သူ့အတွက်သည်တော့....မြိုင်စိုင်နေသည့် မိုးဖွားများအတွင်းမှ မိုးရေတစ်စက်သည် အဖိုးထိုက်တန်လွန်းလှသည့် မျက်ရည်တစ်ပေါက်နှင့် တန်ဖိုးညီမျှ၏။
ကားများဖြင့်ပြည့်ကျပ်နေသော ဆိုးလ်၏ကတ္တရာလမ်းမသည် သည်းထန်သည့်မိုးကြောင့် စွတ်စိုလှပနေသည်။ လမ်းဘေးပလက်ဖောင်းထက်မှ ထီးကလေးများကိုယ်စီနှင့် လျှောက်လှမ်းသွားလာနေကြသော လူအများ၏ပုံစံသည် ငြိမ်းချမ်းသက်ဝင်လွန်းလှသည်။ ထို့အတူ...မှိုင်းညို့မှုန်ဝေနေသည့် ကောင်းကင်ကျယ်အောက်မှ စိမ်းလန်စိုပြေနေသော သစ်ပင်ကြီး၊သစ်ပင်ငယ်များသည်လည်း မိုး၏အကူအညီဖြင့် သိမ်မွေ့စွာကဗျာဆန်နေကြသည်။
ဤကဲ့သို့...နူးညံ့အေးချမ်းလွန်းလှစွာသော ကမ္ဘာမြေနှင့်ဆန့်ကျင်ဘက်အရပ်တွင် သူနေထိုင်သည်။ မိုးသည်းသောပလက်ဖောင်းထက်မှ မြန်ဆန်နေသည့်ခြေလှမ်းကျဲများသည် ရာသီဥတု၏အေးစက်မှုကြောင့် ထုံကျဉ်နေသည်။ ဒရောသောပါးလျှောက်လှမ်းမိနေခြင်းကြောင့် ချွေးစတို့မျက်နှာတွင်သီးကာ ကြည့်ရဆိုးလှသည်။ ထို့အတူ...ဆိတ်ငြိမ်သည့်ဝန်းကျင်နှင့် မလိုက်ဖက်စွာသူ့ရင်ထဲတွင်မူ ပူလောင်ခြင်းကြောင့် ဗလောင်ဆူနေသည်။ သူ့ပျက်ကွက်မှုကြောင့် မောင်စိတ်ကုန်သွားမှာကြောက်သည်။ စိတ်ကွက်သွားမှာကိုထိတ်လန့်သည်။ ဒီလိုပါပဲ။ စိတ်ပျက်ငြိုငြင်သွားမည်ကိုလည်း စိုးရွံ့မိပါသည်။
*တင်!*
""နောက်ငါးမိနစ်နေလို့မှ ရောက်မလာရင်ငါပြန်တော့မယ်။""
ပူပင်စိတ်များဖြင့်အလောကြီးနေမိဆဲမှာပင် ရုတ်တရပ်ဝင်လာသည့်စာတိုပို့သံကြောင့် ဘောင်းဘီအိတ်ကပ်အတွင်းမှ ဖုန်းကိုထုတ်ကာအလျင်အမြန် ဖွင့်ဖတ်လိုက်မိသည်။ ထိုအခါမှ....ပို၍အလျင်လိုသွားရသည်မှာလည်း သူသာလျှင်ဖြစ်၏။ မောင့်အမိန့်အတိုင်းချိန်းဆိုထားသည့် နေရာလေးဆီသို့အချိန်မီရောက်ရန် လျင်မြန်နေသည့်ခြေလှမ်းတို့ကို လောင်စာဖြည့်ရင်းမိုးသည်းနေသည့် ပလက်ဖောင်းထက်သူပြေးလွှားမိသည်။
YOU ARE READING
Something In The Rain(Eden Contest)//Completed//
Fanfictionမိုးရေတွေကြားထဲမှာ ဖြစ်ပေါ်လာတဲ့ တစ်စုံတစ်ခုသောအရာက မောင်နဲ့ငါ့ရဲ့ ထာဝရလမ်းခွဲခြင်းမဟုတ်လား...ချစ်သောမောင်။ မိုးရေတွေကြားထဲမှာ ဖြစ်ပေါ်လာတဲ့ တစ်စုံတစ်ခုသောအရာက မောင်နဲ့ငါ့ရဲ့ ထာဝရလမ်းခွဲခြင်းမဟုတ်လား...ချစ်သောမောင်။ #KIM TAEHYUNG×JEON JUNGKOOK #Yao A...