Unicode
.
.
.
ခပ်မြူးမြူးDJသံစဉ်တွေပျံ့လွင့်နေတဲ့ မီးရောင်စုံအောက်မှာ ကခုန်နေသည့်လူတွေကိုကြည့်ရင်း Kim Namjoonတစ်ယောက် နှာနှာခေါင်းတရှုံ့ရှုံ့ဖြစ်နေသည်။
ခပ်မှိန်မှိန်မီးရောင်ကြောင့် အမှောင်ကွယ်နေတဲ့ထောင့်နေရာတွေမှာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ လူငယ်တွေကိုလည်းတကယ်သဘောမကျ။
ဒီလိုနေရာမျိုးတွေကို သူလုံးဝမကြိုက်။
လူငယ်ဘဝအပျော်အပါးမက်တက်တဲ့ အရွယ်တုန်းကတောင် Clubဆိုသည့်နေရာကိုခြေမချဖူးသူမို့ သက်လတ်ပိုင်းအရွယ်ကျောင်းဆရာတစ်ယောက်အနေနဲ့ ဒီလိုနေရာမျိုးကပိုလို့တောင် အဆင်မပြေ။ဒီလိုနည်းနည်းလေးမှမနှစ်သက်သည့်နေရာကို သူရောက်နေရခြင်းက ငယ်သူငယ်ချင်းတွေရဲ့ အတင်းအဓမ္မခေါ်ဆောင်မှုကြောင့်သာ...။
ပုံမှန်ဆိုမရရအောင် ငြင်းမှာဆိုပေမယ့် နှစ်ပေါင်းများစွာကွဲကွာနေသည့် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က ကိုရီးယားကိုပြန်လာသည့် အထိမ်းအမှတ်မလို့ အတိုက်အခံလုပ်ပြီးမငြင်းချင်တော့...။"Hey...bro သွေးပူသွားအောင်သွားကမလို့ လိုက်ဦးမလား "
"တော်ပါပြီ Seokjinရာ...မင်းဘာသာမင်းသွားစမ်းပါ ကိုယ့်အသက်အရွယ်လည်းကိုယ်မေ့ပြီး စွတ်ကဲမနေနဲ့ "
"အေးပါကွာ...မင်းကလည်းအသက်အရွယ်ဆိုတာကြီးကို ခလုတ်မတိုက်စမ်းပါနဲ့ "
နှုတ်ခမ်းကြီးဆူကာပြောလာတဲ့ Seokjinကြောင့် Yoongiနဲ့နှစ်ယောက်သားအော်ရယ်မိသွားသည်။
အသက်လေးဆယ်ကျော်နေတဲ့ လူတစ်ယောက်အနေနဲ့ Seokjinဟာအတော်ကိုနုလွန်းပါသည်။
Namjoonကတော့ အမြဲတမ်းလှန်တင်ထားတဲ့ဆံပင်နဲ့ ခပ်တုံးတုံးအဝတ်အစားဒီဇိုင်းတွေပဲဝတ်ကာ ပါဝါထူငွေရောင်ကိုင်းမျက်မှန်ကြောင့် ရှိရင်းစွဲထက်ပင်ပိုရင့်နေလေသည်။
သိပ်ပြီးအပြုံးအရယ်လည်းမရှိတာကြောင့် လူတိုင်းရှိန်ပြီး ကျောင်းသားများဆိုဆရာKimဆိုသည့်အသံကြားသည်နှင့် ဖိန့်ဖိန့်တုန်အောင်ကြောက်ရပါသည်။သောက်နိုင်သူYoongiကတော့ တစ်ခွက်ပြီးတစ်ခွက်ကြွက်တွင်းရေလောင်းသလိုသောက်နေပေမယ့် သူကတော့ဝီစကီတစ်ခွက်ကိုပဲ အရသာခံသောက်ကာ SeokjinရှိရာDance floorသို့ မျက်စိကစားနေလိုက်သည်။
YOU ARE READING
🅁🄴🄳 🄻🄸🄽🄴