(Unicode)
Computer PC ပေါ်တွင် ပေါ်နေသော You winကို မြင်မှဘဲ ကျွန်တော်Heeseungတစ်ယောက် အကြောဆန့်ကာ အညောင်းဖြေမိသည်။ Headphoneထဲမှတော့ ဟိုနှစ်ယောက်ရဲ့နိုင်လို့ အော်နေသည့်အသံများညံလျက်။ ဒါသည် ဒီနေ့၏ နှစ်ပွဲဆော့ပြီး နှစ်ပွဲနိုင်ခြင်းဖြစ်သည်။ အချိန်သည်ကား မှောင်ရီဖြိုးစ အချိန်။ အရင်နေ့တွေက ဟိုနှစ်ယောက်နှင့် ဆော့ဖို့ချိန်းထားတာတွေကို ဖြတ်ဖြတ်ပြီး ကျွန်တော့်ရဲ့ Jayနှင့် နှစ်ယောက်သား လျှောက်သွားနေခဲ့တော့ ထိုနှစ်ယောက်က မကျေဘူးလေ။ ထို့ကြောင့်ဘဲ သူတို့နှစ်ယောက်သည် ဒီနေ့တွင် တစ်ညလုံးဆော့ရမည်၊ မဆော့လျှင် အသေဘဲဟု ကျွန်တော့်အား ကြိမ်းဝါးထားကြလေသည်။ ကျွန်တော်လဲ Jayက သွားစရာရှိတယ်လို့ ပြောထားသဖြင့်သာ သဘောတူလိုက်သည်။ ဒီနေ့တော့ တညလုံးဆော့....ဆော့။ စကားပင် မဆုံးသေးဘဲ အခန်းရှေ့မှ ဘဲတီးသံကို ကြားလိုက်ရသည်။ ဟမ် ဘယ်သူပါလိမ့်။"ဟေ့ကောင်တွေ အခန်းရှေ့လူလာတာထင်တယ်၊ သွားကြည့်လိုက်အုန်းမယ်၊ မင်းတို့လဲ ခဏနားကြအုန်းလေကွာ"
ဆိုပြီး ဟိုနှစ်ယောက်ကို လှမ်းပြောလိုက်ကာ ဘယ်သူလာလဲဆိုတာ သွားကြည့်ရတော့သည်။ တံခါးဖွင့်သည်နှင့်
"Suprise~~"
ဆိုသည့်အသံနှင့်အတူ Jayသည် သူဝယ်လာသည့် မုန့်ထုတ်ကိုဆွဲကာ အိမ်ထဲဝင်လာသည်။ ကျွန်တော်ကတော့ ကြောင်တောင်တောင်ဖြစ်သွားတာပေါ့။
"အဲ အချစ်၊ ဘယ်ကရောက်လာတာလဲ၊ ပြောတော့ သွားစရာရှိလို့ဆို"
"အင်းလေ၊ သွားပြီးပြီ၊ ညနေဘက်အားလို့ ၊အကိုနဲ့လာတွေ့တာလေ၊ ပြီးတော့ ဒီည ဒီမှာအိပ်မှာနော်၊ မေမေ့ကို ပြောခဲ့တယ်"
ထိုသို့ဆိုကာ အိပ်ခန်းထဲဝင်ချသွားပြန်သည်။ ပြီးနောက်မှ စကားသံပါ ကပ်ပါလာသည်။
"ဟမ်၊ အကိုက Gameဆော့နေတာလား"
"ဟုတ်တယ်လေ၊ အချစ်နဲ့ တွေ့စရာမရှိဘူးဆိုတော့ သူတို့က ခေါ်တာနဲ့ ဆော့နေတာ"
လို့ပြောလိုက်တော့ မုန့်ထုတ်တွေကို ပြန်ကောက်ပြီး ပြောပြန်သည်။ ဝမ်းနည်သွားတဲ့မျက်နှာလေးကို ဖုံးကွယ်လျက်ပေါ့။