ညက ငြိမ်းကိုကျွန်မအိပ်မက် မက်တယ်....
ငြိမ်းက ကျွန်မရဲ့ အိပ်မက်ထဲမှာ သိပ်ကို လှနေတယ်
ငြိမ်းရဲ့ နှုတ်ခမ်းတွေက ချိုရဲနေတဲ့ သကြားလုံးလိုပဲ
ကျွန်မ အငမ်းမရ စုပ်ယူနမ်းရိုက်မိတယ်...။ကျွန်မသူရဲ့
ရင်သားတွေကို ချေမွတော့ သူက တိုးတိုးလေး ညည်းတယ်
ကျွန်မသူ့ရဲ့ လည်တိုင်တစ်လျှောက် တိုးဝှေ့ကျီစယ်ပြီး
သူ့ရဲ့ ရင်သားထိပ်တွေကို အမြတ်တနိုး ရိုက်ငုံမိတယ်
အလိုမပြည့်စွာ ကြွတက်လာသော သူရဲ့ ခန္ဓာကိုယ်ကို
ပွေ့ချီ၍ ကျွန်မ အရိုင်းဆန်စွာ တိုးဝင်ရင်း......ကျွန်မ နိုးလာခဲ့သည်....။
ငြိမ်းနဲ့ ကျွန်မ မဆုံဖြစ်ခဲ့တာကြာပြီ ။ လွန်ခဲ့တဲ့ သုံးနှစ်
ခန့် ငြိမ်းအိမ်ထောင်မကျခင်ကပေါ့ ။ အခုတော့ ငြိမ်း
ဟာ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားနှင့်ပြီလေ
ငြိမ်းနဲ့ ကျွန်မဟာ စာအုပ်အဟောင်းဆိုင်လေးတစ်ခုမှာ
စပြီးတွေ့ခဲ့တာ ။အဲ့ဒီနေ့ကကျွန်မတို့နှစ်ယောက်ဟာဂျူး
ရဲ့ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ စာအုပ်ကို အလုအယ
က် ဝယ်ရင်းနဲ့ ရင်းနှီးခဲ့ကြတာဖြစ်သည် ။ ငြိမ်းဟာလွယ်
လွယ်နဲ့အလျော့မပေးတတ်မှန်း ထိုနေ့ကကျွန်မသိခဲ့သည်" ဒီစာအုပ် ကျွန်တော်အရင်တွေ့တာ "
" ငါအရင်တွေ့တာပါ...ငါကိုင်တာတွေ့မှ မင်းဟာမင်း
အသည်းအသန် ဝင်လုတာ "" ဟာ....ကျွန်တော်တွေ့တာကြာပြီ..အချိန်စောသေး
လို့ တခြားစာအုပ်တွေရွေးနေတာ "" မင်းအရင်တွေ့တယ်ဆိုလည်း ဘာလို့အရင်မယူ
ထားတာလဲ...မသိဘူး ဉီးရာလူစနစ်ပဲ..."" ဟာဗျာ "
သူ့ကိုသူ ကျွန်တော် ကျွန်တော်ဟု သုံးနှုန်းကာ စိတ်ပျက်
နေသော ကောင်မလေးကို ကြည့်ကာ ကျွန်မစိတ်တွေ
ထူးထူးခြားခြား ပျော်ရွှင်ခဲ့ရသည် ။ ထိုကောင်မလေး
ဟာ ကျွန်မကို ဘုကြည့်ကြည့်၍ ကျွန်မလက်ထဲမှစာအုပ်
ကို ဖျတ်ခနဲ ဆွဲယူလိုက်ပြီး ကောင်တာသို့ ပြေးသွားလေ
သည် ။ ကျွန်မလည်း အမှီလိုက်၍ နောက်ကျောမှ အကျီ
စကို ခပ်တင်းတင်းဆွဲယူလိုက်ပြီး ထိုကောင်မလေးကို
ကျွန်မ ရင်ခွင်ထဲမှာ မလွတ်တမ်း ဖက်ထားလိုက်ပါသည်
အဲ့တုန်းက ငြိမ်းကမရုန်းထွက်ပဲကျွန်မကိုတောက်ပသော
မျက်လုံးများဖြင့် ကြည့်နေခဲ့သည်...။