Mine

1K 87 5
                                    

++Unicode++

"အကို အကို ဒါ အကို့အတွက်"

ဂျေးတို့မိသားစုလိုက် ဆိုလ်းမြို့ထဲမှာလျှောက်လည်နေခဲ့တာ။
ရေတွေဖျာကြနေသော ရေပန်းကြီးနားတွင် ဂျေး မေမေက လက်ကို ကိုင်၍ ဖေဖေကဓါတ်ပုံရိုက်ဖို့ ပြောတော့ ဂျေးက လက်လေးနှစ်ချောင်းထောင်ပြီး ပိုစ့်တခုကိုလုပ်ပြတယ်။ထိုအချိန်မှာပဲ ဂျေးရဲ့လက်လေးတွေကိုဖုန်းအုပ်နေသည်အထိ ရှည်နေသည့် ဂွမ်းသားထူထူ အင်္ကျီလက်ကို လာဆွဲတဲ့ကလေးငယ်။ဆံနွယ် အဝါရောင်နုနုကောင်လေးက ကိုးရီးယားစကားကို မပီမသပြောရင်း polaroid ပုံလေးကို ကိုင်ပြီး ဂျေးကို လာပေးသည်။

ဂျေးက ထိုကောင်လေးထံမှ ပုံလေးကိုယူကြည့်တော့ ပုံလေးထဲမှ ပါးဖောင်းဖောင်းမျက်မှန်လေးနဲ့ကလေးငယ်ပုံက ဂျေးပုံဖြစ်နေသည်။မျက်ခုံးတချက်တွန့်ရင်း ကောင်လေးကိုကြည့်လိုက်တော့ ...

"အကိုက ချစ်စရာကောင်းလို့ ကျတော့် ကင်မရာနဲ့ရိုက်ထားတာ ကျတော် ဒီပုံလေးကိုမပေးချင်ဘူး။ဒါပေမယ့် မေမေကပြောတယ် ပိုင်ရှင်ဆီက ခွင့်တောင်းရမယ်တဲ့"

ဖြူဖြူဖွေးဖွေး ထိုကလေးငယ်မျက်နှာလေးက အနက်ရောင်Beanie နှင့်မီးခိုးရောင် မာဖလာကြားထဲမှာနစ်မြုပ်နေ၍ နှာခေါင်းထိပ်လေးကရဲလို့။

"မင်းက လိမ်မာလိုက်တာ၊ရော့ ,ဒီပုံလေး ပြန်ယူလိုက်လေ "

ဂျေးဖေဖေက သူတို့နှစ်ယောက်နားသို့လာ၍

"ဂျေးဂျေး လေးကသူငယ်ချင်းရနေတာလား"

ဂျေးရော၊နီခီရော ဂျေးဖေဖေကို အများကြီးမော့ကြည့်ရသည်။ဂျေးက ဖေဖေ့အမေးကိုပြန်မဖြေပေမယ့် ကောင်လေးပိစိကတော့ ဖေဖေ့ကိုပြုံးပြနေသည်။

ကောင်လေးက ချစ်စရာ‌ကောင်းအောင်ပြုံးပြလွန်းနေတော့ အမြင်ကပ်မိတယ်။ဖေဖေက ဂျေး ထက်ကောင်လေးပိစိကိုချစ်သွားရင် ဘယ်လိုလုပ်မလဲ?

"သားသူငယ်ချင်းကိုနှုတ်ဆက်အုံးလေ"

"ဟိုင်း ငါက ဂျေး"

"ကျတော်က နီခီပါ အကိုနဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ်"

ဂျေးက ‌ဘေးနားက ဖေဖေနဲ့မေမေကိုပြန်ကြည့်မိတယ်။သူတို့နှစ်ယောက်လုံးပြုံးပြလာတော့ ကောင်လေးဆီကိုပြန်ကြည့်၍ စကားပြန်ပြောမိသည်။

Mine Where stories live. Discover now