+++Unicode+++သီချင်းသံများနှင့် လူအများရဲ့ ပျော်ပါးမြူးထူးနေသော အသံတွေကြား clubအတွင်းဆူညံလို့နေသည်။လူတွေကြားထဲ တိုးဝှေ့ရင်း အကိုရှိမည့်နေရာတွေကို ကျီးကန်းတောင်းမှောက် ရှာဖွေနေမိသည်။အကို့ဖုန်းကိုခေါ်တော့ ကိုင်ပေမယ့် ဆူညံ့နေသည့် အသံများကြောင့်သေချာမကြားရ။နီခီ စိတ်ရှုပ်ထွေးစွာ နဖူးပေါ်ကျလာသည့် ဆံပင်တွေကို သပ်တင်လိုက်သည်။နီခီကိုင်ထားသော ဖုန်းscreen မှ အချက်ပေးသံနှင့်အတူ လင်းလာသည်။
'ငါတို့အပြင်မှာ စောင့်နေတယ်' ဆိုသည့် screen ပေါ်မှ notiကြောင့် နီခီအပြင်သို့ထွက်ခဲ့သည်။club အပြင်ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းဟာ နီခီ နှလုံးသားကို ကျဉ်စက်နှင့်အတို့ခံရသလိုပင်။
ဆောင်ဟွန်းရင်ခွင်ထဲမှာ အကိုက ခေါင်းပင်မဖေါ်နိုင် ။အကို့ရဲ့ ခါးကနေဖက်တွဲထားသောဆောင်ဟွန်းရဲ့ လက်တွေကို နီခီဆွဲဖြုတ်ချချင်လာသည်မို့ အကိုရှိရာကိုခြေလှမ်းကျယ်များဖြင့်သွားလိုက်သည်။
အနားရောက်တော့ ဆောင်ဟွန်းထံမှ အကို့ကို ခါးမှထိန်းကိုင်ကာ လက်ကို ဆွဲယူ၍ နီခီ ပုခုံးပေါ်ကိုတင်လိုက်သည်။မြန်ဆန်ပြီး နီခီ၏ ခပ်ဆပ်ဆပ်အပြုမူကြောင့် ဆောင်ဟွန်းအနည်းငယ်ကြောင် အ သွားသည်။
"အကို့ကားသော့ စီနီယာဆောင်ဟွန်းဆီမှာလား"
ဆောင်ဟွန်းဘောင်းဘီအိပ်ကပ်ထဲမှ သော့ကိုနီခီ့ထံပေးလိုက်သည်။ဒေါသအရှိန်ကြောင့် ဆောင်ဟွန်းကိုပင် နှုတ်မဆက်ပဲ လှည့်ထွက်ခဲ့သည်။
သူတို့နောက် မလှမ်းမကမ်းမှဆောင်ဟွန်း၏
'အချစ်ရေ အိမ်ရောက်ရင် ညီလေးကိုလည်း ရစ်မနေနဲ့အုံးနော်' ဆိုသည့် အသံကြောင့် နီခီ တောက်တချက်ခေါက်ကာ အကို့ကား ထားသည့်နေရာကိုသာ အကို့ကိုတွဲခေါ်၍ မြန်မြန်သွားမိသည်။အကို့ခန္ဓာကိုယ်ကို ကားပေါ်သို့ အတင်းထိုးတင်ပြီး နီခီ မောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။ဆောင်းခေါင်ခေါင်မှာ နီခီ့နဖူးမှာချွေးများပင် ဆို့နေသည်။lover seatမှာ ထိုင်နေသော အကို့ကို ကြည့်တော့ အကိုက ယောင်ရမ်းပြီး စကားတွေပြောနေသည်။